မိမိအသိုက်ကိုစွန့်ပစ်၍ လည်ရသောငှက်ကဲ့သို့၊ မောဘသမီးတို့သည် အာနုန်မြစ်ကူးရာ ကမ်းနားမှာရှိကြလိမ့်မည်။
မောဘမင်းကြီး မေရှာသည် သိုးထိန်းကြီးဖြစ်၍၊ ဣသရေလရှင်ဘုရင်အား သိုးသငယ်တစ်သိန်းနှင့် အမွေးပါသော သိုးထီးတစ်သိန်းကို ဆက်ရ၏။
စာငှက်သည် အရပ်ရပ်လှည့်လည်၍၊ ဇရက်သည်လည်း ပျံသွားသကဲ့သို့၊ ထိုနည်းတူ အကြောင်းမရှိသော ကျိန်ဆဲခြင်းသည် မသင့်မရောက်တတ်။
မိမိနေရာကိုစွန့်၍ လည်သောသူသည် မိမိအသိုက်ကို စွန့်၍လည်သော ငှက်နှင့်တူ၏။
ပြည်သားတို့သည် ကြောက်၍ ပြေးသောဒရယ်မ၊ ထိန်းသိမ်းသူမရှိသော သိုးများကဲ့သို့ဖြစ်၍၊ အသီးအသီး မိမိအမျိုးသားချင်းတို့ကို မျက်နှာပြု၍၊ အသီးအသီး မိမိပြည်သို့ ပြေးကြလိမ့်မည်။
မောဘသည် စိတ်ပျက်လေ၏။ ပြိုလဲလျက် ရှိ၏။ ငိုကြွေးမြည်တမ်းကြလော့။ မောဘသည် ပျက်စီးကြောင်းကို အာနုန်မြို့၌ ကြားပြောကြလော့။
အို မောဘပြည်၊ သင်သည် အမင်္ဂလာရှိ၏။ အို ခေမုရှတပည့်တို့၊ သင်တို့သည် အကျိုးနည်းကြပြီ။ သင်တို့၏သားသမီးများကို သိမ်းသွင်းကြပြီ။
မောဘပြည်သည် လွတ်ရာသို့ ပြေးရအောင် ငှက်တောင်တို့ကို ပေးလော့။ မြို့တို့သည် နေသောသူမရှိ၊ လူဆိတ်ညံရာ ဖြစ်ကြလိမ့်မည်။
အိုမောဘပြည်၊ သင်သည် အမင်္ဂလာရှိ၏။ အိုခေမုရှတပည့်တို့၊ သင်တို့သည် အကျိုးနည်းကြပြီ။ ပြေးရသောမိမိသားသမီးတို့ကို အာမောရိရှင်ဘုရင်ရှိဟုန်လက်သို့ ရောက်စေခြင်းငှာ၊ ထိုဘုရားသည် အခွင့်ပေးပြီတကား။
အာနုန်မြစ်နား၌ရှိသော အာရော်မြို့မှစ၍ ဂိလဒ်မြို့တိုင်အောင်၊ မြစ်နား၌ ရှိသမျှသောမြို့တို့တွင် ငါတို့မအောင်နိုင်သောမြို့ တစ်မြို့မျှမရှိ။ ငါတို့ဘုရားသခင် ထာဝရဘုရားသည် အလုံးစုံတို့ကို ငါတို့၌အပ်တော်မူ၏။
ထိုအခါ ငါတို့သိမ်းယူသောမြေကို၊ အာနုန်မြစ်နားတွင်ရှိသော အာရော်မြို့မှစ၍ ဂိလဒ်တောင်တစ်ဝက်တိုင်အောင်၊ မြို့များနှင့်တကွ ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားတို့အား ငါပေး၏။
ထိုအခါ အာနုန်မြစ်မှစ၍ ဟေရမုန်တောင်တိုင်အောင်၊ ယော်ဒန်မြစ် အရှေ့ဘက်၌ရှိသောမြေကို ငါတို့သည်သိမ်းယူကြ၏။
အာနုန်မြစ်နား၌ရှိသော အာရော်မြို့၊ မြစ်အကွေ့၌ ရှိသမျှသောမြို့တို့နှင့်တကွ၊ မေဒဘလွင်ပြင်တစ်လျှောက်လုံး၊
နောက်တစ်ဖန် တောကိုလျှောက်လျက်၊ ဧဒုံပြည်နှင့် မောဘပြည်ကို ဝိုင်း၍ မောဘပြည်အရှေ့ဘက်သို့ ရောက်ပြီးမှ အာနုန်မြစ်တစ်ဖက်၌ တပ်ချကြ၏။ ထိုအခါ မောဘပြည်နယ်အတွင်းသို့ မဝင်ကြ။ အာနုန်မြစ်သည် မောဘပြည်အပိုင်းအခြား ဖြစ်သတည်း။