Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 15:7

Judson Bible

ထို​ကြောင့်၊ သူ​တို့​သည် မိ​မိ​တို့​ဆည်း​ပူး​သော​ဥ​စ္စာ၊ သို​ထား​သော​ဘ​ဏ္ဍာ​များ​ကို မိုး​မ​ခ​ပင်​ချိုင့်​သို့ ယူ​သွား​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ငါ့​လက်​သည် ငှက်​သိုက်​ကို တွေ့​သ​ကဲ့​သို့၊ လူ​တို့၏​ဥ​စ္စာ​ပ​စ္စည်း​ကို​တွေ့​ပြီ။ စွန့်​ပစ်​သော​ငှက်​ဥ​တို့​ကို သိမ်း​ယူ​သ​ကဲ့​သို့၊ မြေ​ကြီး​တန်​ဆာ ရှိ​သ​မျှ​တို့​ကို ငါ​သိမ်း​ယူ​ပြီ။ အ​ဘယ်​သူ​မျှ အ​တောင်​ကို​မ​လှုပ်၊ နှုတ်​သီး​ကို​မ​ဖွင့်၊ မ​မြည်​မ​တွန်​ဟု​ဆို​သည်​ဖြစ်၍၊

အ​ဓ​မ္မ​လူ​မျိုး​ရှိ​ရာ​သို့ သူ့​ကို​ငါ​စေ​လွှတ်​မည်။ ငါ့​အ​မျက်​ခံ​ရာ​လူ​စု​ကို လု​ယူ​ဖျက်​ဆီး၍၊ လမ်း၌ ရွှံ့​ကို​ကဲ့​သို့ ကျော်​နင်း​စေ​ခြင်း​ငှာ၊ သူ့​ကို​ငါ​မှာ​ထား​မည်။

ငို​ကြွေး​သော​အ​သံ​သည် မော​ဘ​ပြည်​ကို နှံ့​ပြား​လေ၏။ ညည်း​တွား​မြည်​တမ်း​သော အ​သံ​သည် ဧ​ဂ​လိမ်​မြို့​တိုင်​အောင်​လည်း​ကောင်း၊ ဗေ​ရ​ဧ​လိမ်​မြို့​တိုင်​အောင်​လည်း​ကောင်း ရောက်​လေ၏။

ခြင်္သေ့​မ၊ ခြင်္သေ့​ပျို၊ မြွေ​ဆိုး၊ ပျံ​တတ်​သော​မီး​မြွေ များ​သ​ဖြင့်၊ အ​လွန်​ခဲ​ယဉ်း၍ ဆင်း​ရဲ​သော​ပြည်​ကို လျှောက်​လျက်၊ တောင်​မျက်​နှာ​သို့​သွား​သော တိ​ရ​စ္ဆာန်​တို့​အ​ပေါ်​မှာ တင်​သော​ဝန်​များ​ကို ကြည့်​ရှု​ကြ​လော့။ မြည်း​ပ​ခုံး​ပေါ်​မှာ ဥ​စ္စာ​ပ​စ္စည်း​များ​ကို​လည်း​ကောင်း၊ ကု​လား​အုတ်၏​ဘို့​ပေါ်​မှာ ဘ​ဏ္ဍာ​များ​ကို​လည်း​ကောင်း တင်၍၊ ကျေး​ဇူး​မ​ပြု​နိုင်​သော လူ​မျိုး​ထံ​သို့ ဆောင်​သွား​ကြ​သည်​တ​ကား။

သူ​တို့​အ​သံ​ဗ​လံ​သည် ခြင်္သေ့​ဟောက်​သံ​နှင့်​တူ၍၊ ခြင်္သေ့​ပျို​ကဲ့​သို့ ဟောက်​ကြ​လိမ့်​မည်။ ဟောက်​လျက် အ​ကောင်​ကို​ဖမ်း၍ ဆောင်​သွား​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ မ​ကယ်​မ​နုတ်​ရ။

ထို​ကြောင့်၊ ငါ​နှ​လုံး​သည် မော​ဘ​ပြည်​အ​တွက် ပု​လွေ​ကဲ့​သို့ မြည်​ရ​လိမ့်​မည်။ ငါ့​နှ​လုံး​သည် ကိ​ရ​ဟ​ရက်​မြို့​သား​တို့​အ​တွက် ပု​လွေ​ကဲ့​သို့ မြည်​ရ​လိမ့်​မည်။ သူ​တို့​ဆည်း​ပူး​သော ဘ​ဏ္ဍာ​ဥ​စ္စာ ပျက်​စီး​ပြီ။

ပ​ထ​မ​နေ့၌ ကောင်း​မွန်​သော​သစ်​သီး၊ စွန်​ပ​လွံ​ခက်၊ မိုး​မ​ခ​ပင် အ​စ​ရှိ​သော အ​ရွက်​များ​သော​အ​ပင်၏ အ​ကိုင်း​အ​ခက်​တို့​ကို​ယူ၍၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ရက်​ပတ်​လုံး ရွှင်​လန်း​ခြင်း​ကို​ပြု​ရ​ကြ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ