အကြောင်းမူကား၊ နိမရိမ်ရေကန်တို့သည် ဆိတ်ညံ၍၊ မြက်ပင်များ သွေ့ခြောက်ခဲ့ပြီ။ ပျိုးပင်များလည်း သေခဲ့ပြီ။ စိမ်းသောအပင် တစ်ပင်မျှမရှိ။
သမင်မသည် လယ်ပြင်၌မွေးသောအခါ မြက်မရှိသောကြောင့်၊ သားငယ်ကို စွန့်ပစ်၏။
ဟေရှဘုန်မြို့ ငိုကြွေးသံမှစ၍ ဧလာလေမြို့၊ ယာဟတ်မြို့ တိုင်အောင်လည်းကောင်း၊ ဇောရမြို့မှစ၍ ဟောရနိမ်မြို့ တိုင်အောင်လည်းကောင်း သုံးနှစ်အသက်ရှိသော နွားမမြည်သံကဲ့သို့ အသံကို လွှင့်ကြ၏။ အကြောင်းမူကား၊ နိမရိမ် ရေကန်တို့သည်လည်း ဆိတ်ညံလျက်ရှိကြ၏။
သူတို့ရှေ့မှာ မီးလောင်၏။ နောက်၌လည်း မီးလျှံတောက်၏။ ရှေ့တွင်ရှိသော ပြည်သည် ဧဒင်ဥယျာဉ်ကဲ့သို့ ဖြစ်၏။ နောက်၌ကား၊ သုတ်သင်ပယ်ရှင်းသော လွင်ပြင်ဖြစ်၏။ အကယ်စင်စစ် သူတို့လက်မှ အဘယ်အရာမျှ မလွတ်ရ။
အတရုတ်၊ ဒိဘုန်၊ ယာဇာ၊ နိမရ၊ ဟေရှဘုန်၊ ဧလာလေ၊ ရှေဘံ၊ နေဗော၊ ဗောနတည်းဟူသော၊
ဗက်နိမရာ၊ ဗေသာရန်မြို့များကိုလည်းကောင်း၊ သိုးခြံများကိုလည်းကောင်း တည်လုပ်ကြ၏။
ချိုင့်၌လည်း၊ ဗေသာရံမြို့၊ ဗက်နိမရမြို့၊ သုကုတ်မြို့၊ ဇာဖုန်မြို့အစရှိသော ယော်ဒန်မြစ်အရှေ့ဘက် ယော်ဒန်မြစ်အပိုင်းအခြား၊ ဂင်္နေသရက်အိုင်နားတိုင်အောင်၊ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်ပိုင်သော နိုင်ငံကျန်ကြွင်းသမျှကို ပေးသတည်း။
ပထမသူသည် တံပိုးမှုတ်သောအခါ မိုးသီးဖြစ်၏။ အသွေးနှင့် ရောနှောသောမီးလည်း ဖြစ်၏။ မြေကြီးအပေါ်သို့ ချလိုက်၍၊ မြေသုံးစုတစ်စု၊ သစ်ပင်သုံးစုတစ်စု၊ စိမ်းသော မြက်ပင်ရှိသမျှတို့ကို ကျွမ်းလောင်လေ၏။-