Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 15:5

Judson Bible

ငါ့​နှ​လုံး​သည်​လည်း၊ မော​ဘ​အ​ဖို့ ငို​ကြွေး၏။ ပြေး​သော​သူ​တို့​သည်၊ သုံး​နှစ်​အ​သက်​ရှိ​သော နွား​မ​ကဲ့​သို့ ဇော​ရ​မြို့​တိုင်​အောင် လည်​ကြ၏။ လု​ဟိတ်​တောင်​ပေါ်​သို့ မျက်​ရည်​ကျ​လျက် တက်​ကြ၏။ ဟော​ရ​နိမ်​မြို့​သို့ သွား​သော​လမ်း၌​လည်း ဆုံး​ရှုံး​ခြင်း​အ​သံ​ကို​လွှင့်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ထို​ကာ​လ​အ​ခါ၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကို ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မ​မူ​မီ၊ ဇော​ရ​မြို့​သို့​သွား​သော​လမ်း၊ ယော်​ဒန်​မြစ်​ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်၌ ရေ​များ၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဥ​ယျာဉ်​တော်​ကဲ့​သို့​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​သည်​ကို၊ လော​တ​မျှော်​ကြည့်၍​မြင်​လျှင်၊

သော​ဒုံ​မင်း​ကြီး​ဗေ​ရ၊ ဂေါ​မော​ရ​မင်း​ကြီး​ဗိ​ရ​ရှ၊ အာ​ဓ​မာ​မင်း​ကြီး​ရှိ​နပ်၊ ဇေ​ဘိုင်​မင်း​ကြီး​ရှေ​မ​ဘာ၊ ဗေ​လာ​မင်း​ကြီး​တို့​နှင့် စစ်​တိုက်​ကြ၏။ ဗေ​လ​ပြည်​ကား၊ ဇော​ရ​အ​မည်​လည်း​ရှိ​သ​တည်း။

ဘေး​လွတ်​ခြင်း​ငှာ ထို​မြို့​သို့​အ​လျင်​အ​မြန်​ပြေး​လော့။ ထို​မြို့​သို့​မ​ရောက်​မီ ငါ​သည်​အ​ဘယ်​အ​မှု​ကို​မျှ မ​ပြု​နိုင်​ဟု​ဆို​လေ၏။ ထို​ကြောင့် ထို​မြို့​ကို ဇော​ရ​မြို့​ဟု​သ​မုတ်​ကြ​၏။

ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ပြင်း​စွာ​ငို​ကြွေး​ကြ၏။ နောက်​တော်၌ လိုက်​သော​သူ​အ​ပေါင်း​တို့​သည် ချီ​သွား၍၊ ရှင်​ဘု​ရင်​သည် ကိုယ်​တော်​တိုင် ကေ​ဒြုန်​ချောင်း​ကို​ကူး​လျှင်၊ လူ​အ​ပေါင်း​တို့​သည်​ကူး၍ တော​လမ်း​သို့ လိုက်​သွား​ကြ၏။

ဒါ​ဝိဒ်​သည်​လည်း ငို​လျက်၊ ဦး​ခေါင်း​ကို ခြုံ​လျက်၊ ခြေ​နင်း​ကို​ချွတ်​လျက် သံ​လွင်​တောင်​ပေါ်​သို့ တက်​လေ၏။ နောက်​တော်၌ လိုက်​သော​သူ​အ​ပေါင်း​တို့​သည်​လည်း ဦး​ခေါင်း​ကို​ခြုံ​လျက် ငို​ကြွေး​လျက် တက်​ကြ၏။

ယ​ခု​တစ်​ဖန်​မိန့်​တော်​မူ​သည်​ကား၊ အ​ခ​စား​သော​သူ​ရေ​တွက်​သည်​အ​တိုင်း၊ သုံး​နှစ်​လွန်​မှ၊ မော​ဘ​ပြည်၏ ဘုန်း​အ​သ​ရေ​သည် မိ​မိ​အ​လုံး​အ​ရင်း​နှင့်​တ​ကွ ရှုတ်​ချ​ခြင်း​သို့​ရောက်​ရ​မည်။ ကျန်​ကြွင်း​သော​သူ​တို့​သည် အ​လွန်​နည်း၍၊ ခွန်​အား​ကုန်​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ကောင်း​ကင် ဗိုလ်​ခြေ​သ​ခင်​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ချိုင့်​တွင် စီ​ရင်​တော်​မူ​သ​ဖြင့်၊ ဒု​က္ခ​ခံ​ရာ​ကာ​လ၊ နှိပ်​စက်​နှောင့်​ယှက်​ရာ​ကာ​လ၊ မြို့​ရိုး​ကို​ဖြို၍ တောင်​တို့​ကို အော်​ဟစ်​ရာ​ကာ​လ​သည် ရောက်​လေ​ပြီ။

သူ​တို့​ခြေ​သည် အ​ဓ​မ္မ​အ​မှု​ကို​ပြု​ခြင်း​ငှာ ပြေး​တတ်၏။ အ​ပြစ်​မ​ရှိ​သော​သူ၏​အ​သက်​ကို သတ်​ခြင်း​ငှာ​လျင်​မြန်၏။ သူ​တို့​အ​ကြံ​သည် အ​ဓ​မ္မ​အ​ကြံ​ဖြစ်၍၊ သူ​တို့​သွား​ရာ​လမ်း၌ ပျက်​စီး​ခြင်း​နှင့် ဒု​က္ခ​ဆင်း​ရဲ​ခြင်း​ရှိ၏။

သင်​တို့​သည် နား​မ​ထောင်​ဘဲ​နေ​လျှင်​မူ​ကား၊ သင်​တို့​မာ​န​ကြောင့်၊ ငါ့​စိတ်​ဝိ​ညာဉ်​သည် မ​ထင်​ရှား​သော​အ​ရပ်၌ ငို​ကြွေး​မည်။ ထာ​ဝ​ရ​ဘု​ရား၏​သိုး​စု​ကို သိမ်း​သွား​သော​ကြောင့်၊ ငါ့​မျက်​စိ​လည်း အ​လွန်​ငို၍ မျက်​ရည်​ကျ​မည်။

အ​ကျွန်ုပ်​သည် နောက်​တော်​သို့​လိုက်​သော ဆ​ရာ၏​အ​ရာ​ကို မ​ရှောင်​ပါ။ အ​မင်္ဂ​လာ​နေ့​ကို မ​တောင့်​တ​ပါ။ အ​ကျွန်ုပ်​ဟော​ပြော​ချက်​ကို ကိုယ်​တော်​သိ​တော်​မူ၏။ ကိုယ်​တော်​မျက်​မှောက်၌ ရှိ​ပါ၏။

ငါ့​အ​သည်း​သည်​နာ၏။ ငါ့​အ​သည်း​သည် နာ၏။ ငါ့​နှ​လုံး​အ​ရေ​ဖျား​လည်း နာ၏။ ငါ့​အ​ထဲ၌ ငါ့​နှ​လုံး​ပူ​ဆွေး၏။ ငါ​သည် တိတ်​ဆိတ်​စွာ မ​နေ​နိုင်။ အ​ကြောင်း​မူ​ကား၊ အို ငါ့​ဝိ​ညာဉ်၊ သင်​သည် တံ​ပိုး​မှုတ်​သံ​နှင့် စစ်​တိုက်​သံ​ကို ကြား​ရ၏။

ပျက်​စီး​ပြီ၊ ပျက်​စီး​ပြီ​ဟု အ​ထပ်​ထပ်​ဟစ်​ကြော်​ရ၏။ တစ်​ပြည်​လုံး ပျက်​စီး​ပြီ။ ငါ၏​တဲ​တို့​သည် ခ​ဏ​ချင်း​တွင် ပျက်​စီး​ကြ​ပြီ။ ငါ၏ ကု​လား​ကာ​တို့​သည် ချက်​ချင်း​ပျက်​စီး​ကြ​ပြီ။

ဟော​ရ​နိမ်​မြို့၌​လည်း ညှဉ်း​ဆဲ​ခြင်း​နှင့် ပြင်း​စွာ​သော ပျက်​စီး​ခြင်း​ရှိ၍၊ အော်​ဟစ်​သော​အ​သံ​ကို ကြား​ရ၏။

ငို​ကြွေး​သော​အ​သံ​သည် လု​ဟိတ်​တောင်​ပေါ်​သို့ တက်​ရ၏။ ဟော​ရ​နိမ်​မြို့​သို့ ဆင်း​ရာ​အ​ရပ်၌​လည်း၊ ဆုံး​ရှုံး​ခြင်း​အ​သံ​ကို ရန်​သူ​တို့​သည် ကြား​ရ​ကြ၏။

ဗာ​ဗု​လုန်​မြို့​ကို တိုက်​ယူ​သော​အ​သံ​ကြောင့် မြေ​ကြီး​လှုပ်​ရှား၏။ အော်​ဟစ်​သော​အ​သံ​ကို လူ​အ​မျိုး​မျိုး​တို့​သည် ကြား​ရ​ကြ၏။

တောင်​များ၊ လွင်​ပြင်​များ​တို့​အ​တွက် ငါ​သည် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ရ​မည်။ ထို​အ​ရပ်​တို့၌ မီး​လောင်​သော​ကြောင့်၊ လူ​သည် မ​လျှောက်​မ​သွား​ရ။ သိုး​နွား မြည်​သံ​ကို မ​ကြား​ရ။ မိုး​ကောင်း​ကင်​ငှက်​နှင့် သား​ရဲ​တို့​သည် ထွက်​ပြေး​ရ​ကြ​ပြီ။

အို​မော​ဘ​ပြည်၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အို​ခေ​မု​ရှ​တ​ပည့်​တို့၊ သင်​တို့​သည် အ​ကျိုး​နည်း​ကြ​ပြီ။ ပြေး​ရ​သော​မိ​မိ​သား​သ​မီး​တို့​ကို အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်​လက်​သို့ ရောက်​စေ​ခြင်း​ငှာ၊ ထို​ဘု​ရား​သည် အ​ခွင့်​ပေး​ပြီ​တ​ကား။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ