Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 15:1

Judson Bible

မော​ဘ​ပြည်​နှင့် ဆိုင်​သော ဗျာ​ဒိတ်​တော်​ကား၊ လုပ်​ကြံ​သော​ည​အ​ခါ၊ မော​ဘ​ပြည်​အာ​ရ​မြို့​သည် ပျက်​စီး၏။ လုပ်​ကြံ​သော​ည​အ​ခါ၊ မော​ဘ​ပြည် ကိ​ရ​မြို့​သည် ပျက်​စီး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

မြို့​တို့​ကို​ဖြို​ဖျက်​ကြ၏။ ကောင်း​သော​မြေ​ကွက်​ရှိ​သ​မျှ​တို့​အ​ပေါ်​မှာ လူ​အ​ပေါင်း​တို့​သည် ကျောက်​ခဲ​ပစ်​ချ၍ ဖုံး​လွှမ်း​ကြ၏။ ရေ​တွင်း​ရှိ​သ​မျှ​တို့​ကို​လည်း မြေ​ဖို့၍၊ အ​သုံး​ဝင်​သော​သစ်​ပင်​ရှိ​သ​မျှ​တို့​ကို ခုတ်​လှဲ​ကြ၏။ ကိ​ရ​ဟ​ရက်​မြို့၌​သာ မြို့​ရိုး​ကို​ချန်​ထား​ရာ​တွင်၊ လောက်​လွှဲ​သ​မား​တို့​သည် ဝိုင်း၍​ပစ်​ကြ၏။

သူ​တို့​သည် အ​နောက်​ဘက်၌ ဖိ​လိ​တ္တိ​လူ​များ​ကို လိုက်၍ တိုက်​ကြ​လိမ့်​မည်။ အ​ရှေ့​ပြည်​သား​တို့၏​ဥ​စ္စာ​ကို အ​တူ​လု​ယူ​ကြ​လိမ့်​မည်။ ဧ​ဒုံ​အ​မျိုး​နှင့် မော​ဘ​အ​မျိုး​ကို​လည်း လုပ်​ကြံ​ကြ​လိမ့်​မည်။ အ​မ္မုန်​အ​မျိုး​သား​တို့​သည် သူ​တို့၏​အုပ်​စိုး​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

ဗာ​ဗု​လုန်​မြို့​ကို​ရည်​ဆောင်၍ အာ​မုတ်၏​သား​ဟေ​ရှာ​ယ​ခံ​ရ​သော ဗျာ​ဒိတ်​တော်​အ​ချက်​ဟူ​မူ​ကား၊

အာ​ခတ်​မင်း​ကြီး အ​နိ​စ္စ​ရောက်​သော​နှစ်​တွင် ခံ​ရ​သော​ဗျာ​ဒိတ်​တော်​ဟူ​မူ​ကား၊

ထို​ကြောင့်၊ ငါ့​ဝမ်း​သည် မော​ဘ​ပြည်​အ​တွက်၊ ငါ့​အ​အူ​သည် ကိ​ရ​ဟ​ရက်​မြို့​အ​တွက်၊ စောင်း​ကဲ့​သို့ မြည်​ရ​လိမ့်​မည်။

မော​ဘ၏​မာ​န​ကို ငါ​တို့​သည် ကြား​သိ​ကြ၏။ အ​လွန်​ကြီး​သော​မာ​န​ဖြစ်၏။ ထောင်​လွှား​စော်​ကား​ခြင်း၊ ဒေါ​သ​အ​မျက်​ထွက်​ခြင်း​ရှိ၍၊ အ​ချည်း​နှီး​သက်​သက် ဝါ​ကြွား​သော​စ​ကား​ကို ပြော​တတ်၏။

ထို​ကြောင့်၊ မော​ဘ​သည် မိ​မိ​အ​တွက် ညည်း​တွား​မြည်​တမ်း​ရ​လိမ့်​မည်။ ပြည်​သား​ရှိ​သ​မျှ​တို့​သည် ညည်း​တွား​မြည်​တမ်း​ကြ​လိမ့်​မည်။ ကိ​ရ​ဟ​ရက်​မြို့ ပျက်​သည်​အ​တွက် သင်​တို့​သည် ညည်း​တွား​ကြ​လိမ့်​မည်။ ထို​မြို့​သည် ဒဏ်​ခတ်​ခြင်း​ကို​အ​လွန်​ခံ​ရ၏။

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ဤ​တောင်​ပေါ်​မှာ​ငြိမ်း​လိမ့်​မည်။ ကောက်​ရိုး​သည် နောက်​ချေး​ရွှံ့​ဗွက်၌ နှိပ်​နင်း​ခြင်း​ကို ခံ​ရ​သ​ကဲ့​သို့၊ မော​ဘ​ပြည်​သည် မိ​မိ၌​နှိပ်​နင်း​တော်​မူ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

သင်​တို့၏ မြို့​ရိုး​ပြ​အိုး အ​ထွတ်​ကို​ဖြို၍၊ မြေ​တိုင်​အောင် နှိမ့်​သ​ဖြင့်၊ မြေ​မှုန့်​ထဲ​မှာ ချ​တော်​မူ​လိမ့်​မည်။

အဲ​ဂု​တ္တု​လူ၊ ယု​ဒ​လူ၊ ဧ​ဒုံ​လူ၊ အ​မ္မုန်​အ​မျိုး​သား၊ မော​ဘ​အ​မျိုး​သား၊ ပါး​မုန်း​ကို​ရိတ်​တတ်​သော​လူ​မျိုး၊ တော၌​နေ​သော​သူ​အ​ပေါင်း​တို့​ကို ငါ​ဆုံး​မ​ရ​သော အ​ချိန်​ကာ​လ​ရောက်​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​ဖြစ်​ကြ၏။ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည်​လည်း၊ စိတ်​နှ​လုံး​အား​ဖြင့် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​ဖြစ်​ကြ၏။

ရှိ​ဟုန်​ဘု​ရင်​နေ​ရာ ဟေ​ရှ​ဘုန်​မြို့​မှ မီး​လျှံ​ထွက်၍ မော​ဘ​ပြည်​အာ​ရ​မြို့​နှင့်​တ​ကွ၊ အာ​နုန်​ချောင်း​နား၊ မြင့်​သော​အ​ရပ်၌ အ​စိုး​ရ​သော​မင်း​တို့​ကို လောင်​လေ​ပြီ။

အ​မ္မုန်​အ​မျိုး​သား​တို့​အ​နီး​သို့ ရောက်​သော​အ​ခါ သူ​တို့​ကို​မ​နှောင့်​ယှက်​နှင့်၊ အ​လျှင်း​မ​ပြု​နှင့်။ အ​မ္မုန်​အ​မျိုး​သား​နေ​သော​ပြည်​ကို သင့်​အား​ငါ​အ​ပိုင်​မ​ပေး၊ ထို​ပြည်​ကို လော​တ​အ​မျိုး​သား​တို့​အား ငါ​အ​ပိုင်​ပေး​ပြီ​ဟု ငါ့​အား​မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ မော​ဘ​ပြည်​သား​တို့​ကို မ​နှောင့်​ယှက်​နှင့်။ စစ်​မ​တိုက်​နှင့်။ သူ​တို့​ပြည်​ကို သင့်​အား​ငါ​အ​ပိုင်​မ​ပေး။ အာ​ရ​ပြည်​ကို လော​တ​အ​မျိုး​သား​တို့​အား ငါ​အ​ပိုင်​ပေး​ပြီ​ဟု ငါ့​အား​မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ