မြေတစ်ပြင်လုံးသည် ငြိမ်ဝပ်ချမ်းသာခြင်းရှိ၏။ ရွှင်လန်းစွာ သီချင်းဆိုသံနှင့် ကြွေးကြော်ကြ၏။
လူများအပေါင်းတို့၊ လက်ခုပ်တီးကြလော့။ ဘုရားသခင်ထံသို့ အောင်သံကိုလွှင့်၍ ကြွေးကြော်ကြလော့။
ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့။ အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူပြီ။ လက်ယာလက်တော်နှင့် သန့်ရှင်းသော လက်ရုံးတော်သည် ကိုယ်တော်အဖို့ ကယ်တင်ခြင်းအမှုကိုပြုလေပြီ။
တရားသောသူသည် ကောင်းစားသောအခါ တစ်မြို့လုံးဝမ်းမြောက်ခြင်းရှိ၏။ မတရားသောသူသည် ဆုံးရှုံးသောအခါမူကား၊ ကြွေးကြော်ခြင်းရှိ၏။
ကြောက်မက်ဖွယ်သော ရူပါရုံကိုငါမြင်ရ၏။ လုယူတတ်သောသူသည် လုယူ၏။ ဖျက်ဆီးတတ်သောသူသည် ဖျက်ဆီး၏။ ဧလံပြည်သားတို့၊ တက်သွားကြလော့။ မေဒိပြည်သားတို့၊ မြို့ကို ဝိုင်းထားကြလော့။ ထိုမြို့ကြောင့်၊ သူတစ်ပါး ညည်းတွားခြင်းရှိသမျှကို ငါငြိမ်းစေ၏။
အို မိုးကောင်းကင်တို့၊ သီချင်းဆိုကြလော့။ အို မြေကြီး၊ ဝမ်းမြောက်ခြင်းရှိလော့။ အို တောင်များတို့၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိမိလူတို့ကို နှစ်သိမ့်စေတော်မူ၏။ ဆင်းရဲခံရသော မိမိလူတို့ကို ကယ်မသနားတော်မူ၏။
ထိုသို့ မြောက်မျက်နှာအရပ်က လုယူသောသူတို့သည် ဗာဗုလုန်မြို့သို့ ရောက်လာသောအခါ၊ မိုးမြေမှစ၍ အရပ်ရပ်၌ရှိသမျှတို့သည် ရွှင်လန်းသောအသံကို ပြုကြလိမ့်မည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ တစ်ပြည်လုံး ရွှင်လန်းသောအခါ သင့်ကိုငါဖျက်ဆီးမည်။
ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် မြေကြီး အရပ်ရပ်တို့ကို လှည့်လည်၍ သွားပါပြီ။ မြေကြီးတစ်လျှောက်လုံးသည် အမှုမရှိ။ ငြိမ်ဝပ်လျက်ရှိပါ၏ဟု မုရတုတော၌ရပ်သော ထာဝရဘုရား၏ကောင်းကင်တမန်အား ပြန်လျှောက်ကြ၏။
ကောင်းကင်မှစ၍ သန့်ရှင်းသူတမန်တော်၊ ပရောဖက်တို့၊ သူ့ကို ကြည့်ရှု၍ ဝမ်းမြောက်ကြလော့။ ဘုရားသခင်သည် သင်တို့ဘက်၌နေ၍၊ သူ့ကို တရားစီရင်တော်မူပြီဟု ပြောဆိုသည်ကို ငါကြား၏။-