Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 14:15

Judson Bible

သို့​သော်​လည်း၊ သင်​သည်​မ​ရ​ဏ​နိုင်​ငံ၊ သင်္ချိုင်း​တွင်း​ထဲ​သို့ နှိမ့်​ချ​ခြင်း​ကို ခံ​ရ​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သင့်​ကို မြင်​သော​သူ​တို့​သည် စေ့​စေ့​ကြည့်​ရှု၍ ဆင်​ခြင်​ပြီး​လျှင်၊ မြေ​ကြီး​ကို​တုန်​လှုပ်​စေ၍၊ တိုင်း​နိုင်​ငံ​များ​ကို လှုပ်​ခြောက်​သော​သူ​ကား ဤ​သူ​လော။

ထို​ကာ​လ၌ လူ​တို့၏​မော်​သော​မျက်​နှာ​ကို နှိမ့်​ရ​မည်။ လူ​တို့၏​မာ​န​ကို​လည်း ရှုတ်​ချ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ ချီး​မြှောက်​ခြင်း​သို့ ရောက်​တော်​မူ​လိမ့်​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နေ့​ရက်​ကာ​လ​သည် ကြီး​မြင့်​သော​အ​ရာ​နှင့် မို​မောက်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ဆီး​တား၍၊ သူ​တို့​သည် နှိမ့်​ချ​ခြင်း​ရှိ​ကြ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ ရေ​နား​မှာ​ရှိ​သ​မျှ​သော သစ်​ပင်​တို့​တွင် တစ်​ပင်​မျှ အ​ရပ်​မြင့်​သော​ကြောင့် မ​ဝါ​ကြွား။ ထူ​ထပ်​သော အ​ခက်​အ​လက်​တို့​တွင် မိ​မိ​ထိပ်​ဖျား​ကို မ​ချီး​မြှောက်​မည်​အ​ကြောင်း၊ ရေ​ကို​သောက်​သ​မျှ​သော အ​ပင်​တစ်​ပင်​မျှ အ​ရပ်​မြင့်​လျက် မ​ပြိုင်​ဝံ့​မည်​အ​ကြောင်း​တည်း။ ထို​အ​ပင်​အ​ပေါင်း​တို့​သည် မြေ​တွင်း​ထဲ​သို့​ဆင်း​တတ်​သော လူ​သား​တို့​နှင့်​အ​တူ သေ​ခြင်း​သို့​လည်း​ကောင်း၊ မြေ​အောက်​အ​ရပ်​သို့​လည်း​ကောင်း ရောက်​စေ​ခြင်း​ငှာ ငါ​အပ်​လေ​ပြီ။

မြေ​တွင်း​ထဲ​သို့ ဆင်း​သွား​သော​သူ​တို့​နှင့်​အ​တူ သူ့​ကို မ​ရ​ဏ​နိုင်​ငံ​ထဲ​သို့ ငါ​နှိမ့်​ချ​သော​အ​ခါ၊ နှိမ့်​ချ​သံ​အား​ဖြင့် လူ​အ​မျိုး​မျိုး​တို့​ကို ငါ​တုန်​လှုပ်​စေ၏။ ဧ​ဒင်​သစ်​ပင်​ရှိ​သ​မျှ​တို့​နှင့် အ​ကောင်း​ဆုံး၊ အ​မြတ်​ဆုံး​သော လေ​ဗ​နုန်​သစ်​ပင်​မှ​စ၍၊ ရေ​ကို​သောက်​သ​မျှ​သော သစ်​ပင်​တို့​သည် မြေ​အောက်​အ​ရပ်​တို့၌ သက်​သာ​ခြင်း​သို့​ရောက်​ကြ၏။

ထို​သင်္ချိုင်း​တို့​သည် ဥ​မင်​အ​တွင်း​အ​နား​မှာ စီး​လျက်၊ မင်း​သင်္ချိုင်း၌ ပတ်​လည်​ခြံ​ရံ​လျက်​ရှိ​ကြ၏။ အ​သက်​ရှင်​သော သူ​တို့၏​နေ​ရာ၌ သူ​တစ်​ပါး​ကို ကြောက်​စေ​တတ်​သော​သူ ဖြစ်​သော်​လည်း၊ ထို​သူ​ရှိ​သ​မျှ​တို့​သည် ဓား​ဖြင့်​သေ၍ လဲ​နေ​ကြ၏။

ကျောက်​ကြား​တို့၌​နေ၍ မြင့်​သော​အ​ရပ်​ကို ခို​လှုံ​လျက်၊ ငါ့​ကို​မြေ​သို့ အ​ဘယ်​သူ​နှိမ့်​ချ​နိုင်​သ​နည်း​ဟု အောက်​မေ့​သော​သူ ဖြစ်​သော​ကြောင့်၊ သင်၏​မာ​န​သည် သင့်​ကို လှည့်​စား​ပြီ။

အို က​ပေ​ရ​နောင်​မြို့၊ သင်​သည် မိုး​ကောင်း​ကင်​တိုင်​အောင် မြှောက်​စား​ခြင်း​ကို ခံ​ရ​သော်​လည်း၊ မ​ရ​ဏ​နိုင်​ငံ​တိုင်​အောင် နှိမ့်​ချ​ခြင်း​ကို ခံ​ရ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား၊ သင်၌​ပြ​သော​တန်​ခိုး​ကို သော​ဒုံ​မြို့၌ ပြု​ဖူး​လျှင်၊ ထို​မြို့​သည် ယ​ခု​တိုင်​အောင်​တည်​ရာ၏။-

အို​က​ပေ​ရ​နောင်​မြို့၊ သင်​သည် မိုး​ကောင်း​ကင်​တိုင်​အောင် မြှောက်​စား​ခြင်း​ကို ခံ​ရ​သော်​လည်း၊ မ​ရ​ဏ​နိုင်​ငံ​တိုင်​အောင် နှိမ့်​ချ​ခြင်း​ကို ခံ​ရ​လ​တ္တံ့။-

သား​ရဲ​ကို ဖမ်း​မိ​ကြ၏။ သား​ရဲ၏ တံ​ဆိပ်​လက်​မှတ်​ကို ခံ၍၊ သူ၏​ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ​တို့​ကို လှည့်​ဖြား၍ သား​ရဲ​ရှေ့၌ နိ​မိတ်​များ​ကို ပြ​တတ်​သော မိ​စ္ဆာ​ပ​ရော​ဖက်​ကို​လည်း ဖမ်း​မိ​ကြ၏။ အ​သက်​ရှင်​လျက်​ရှိ​သော ထို​သူ​နှစ်​ဦး​ကို ကန့်​နှင့် လောင်​သော​မီး​အိုင်​ထဲ​သို့ ချ​ပစ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ