ဟေရှာယ 14:14Judson Bibleမိုးတိမ်ထိပ်ပေါ်သို့ ငါတက်မည်။ အမြင့်ဆုံးသောဘုရားကဲ့သို့ ငါနေမည်ဟု စိတ်အကြံရှိလေပြီ။ အခန်းကိုကြည့်ပါ။ |
အချင်းလူသား၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို တုရုရှင်ဘုရင်အား ဆင့်ဆိုရမည်မှာ၊ သင်သည် ကိုယ်ကိုဘုရားသခင်ကဲ့သို့ ထင်မှတ်သော်လည်း ဘုရားသခင်မဟုတ်၊ လူသက်သက်ဖြစ်လျက်နှင့် ငါသည် ဘုရားဖြစ်၏။ ပင်လယ်အလယ်၌ ဘုရားပလ္လင်ပေါ်မှာ ငါထိုင်သည်ဟု ဝါကြွားသောစိတ်နှင့် ဆိုသည်ဖြစ်၍၊
ရှင်ဘုရင်တစ်ပါးသည် မိမိအလိုအလျောက်ပြု၍၊ ဘုရားအပေါင်းတို့ထက် ကိုယ်ကိုကိုယ် ချီးပင့်မြှောက်စားလျက်၊ ဘုရားတို့၏ဘုရားကို ဆန့်ကျင်ဘက်ပြု၍ အံ့ဖွယ်သောစကားကို ပြောလိမ့်မည်။ ဒေါသအမျက် စေ့စုံသည် ကာလတိုင်အောင် ကောင်းစားလိမ့်မည်။ စီရင်ဆုံးဖြတ်သမျှအတိုင်း ဖြစ်ရလိမ့်မည်။