Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 13:19

Judson Bible

တိုင်း​နိုင်​ငံ​တို့၏ အထွတ်၊ ခါ​လ​ဒဲ​အ​မျိုး​သား​တို့၏ ဘုန်း​အ​သ​ရေ​ဖြစ်​သော ဗာ​ဗု​လုန်​မြို့​သည် ဘု​ရား​သ​ခင်​ဖျက်​ဆီး​တော်​မူ​သော သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကဲ့​သို့ ဖြစ်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ထက်၊ အ​ထံ​တော်​မှ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​အ​ပေါ်​သို့ ကန့်​နှင့် မီး​မိုး​ကို ရွာ​စေ​တော်​မူ​၏။

ထို​မြို့​တို့​ကို​လည်း​ကောင်း၊ ချိုင့်​အ​ရပ်​တစ်​လျှောက်​လုံး​ကို​လည်း​ကောင်း၊ မြို့​သား​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ မြေ၌​ပေါက်​သ​မျှ​ကို​လည်း​ကောင်း၊ မှောက်​လှဲ​တော်​မူ၏။

ဗာ​ဗု​လုန်​မြို့​ကို​ရည်​ဆောင်၍ အာ​မုတ်၏​သား​ဟေ​ရှာ​ယ​ခံ​ရ​သော ဗျာ​ဒိတ်​တော်​အ​ချက်​ဟူ​မူ​ကား၊

ယ​ခု​မှာ နှစ်​စီး​စီ နှစ်​စီး​စီ ချီ​လာ​သော မြင်း​စီး​သူ​ရဲ​တပ်​ကို​မြင်​ပါ​သည်​ဟု ခြင်္သေ့​ကဲ့​သို့ ကြွေး​ကြော်၏။ သူ​က​လည်း၊ ဗာ​ဗု​လုန်​မြို့ ပြို​လဲ​ပြီ၊ ပြို​လဲ​ပြီ၊ သူ၏​ဘု​ရား​ရုပ်​တု​ဆင်း​တု​ရှိ​သ​မျှ​တို့​သည် မြေ​ပေါ်​မှာ ကျိုး​ပဲ့​လျက် ရှိ​ကြ​ပါ​သည်​ဟု ထပ်၍​ဆို​လေ၏။

အို ခါ​လ​ဒဲ​သ​တို့​သ​မီး၊ တိတ်​ဆိတ်​စွာ ထိုင်​လော့။ မိုက်​ရာ​သို့ သွား​လော့။ သင့်​ကို နိုင်​ငံ​တို့၏​အ​ရှင်​မ​ဟူ၍ နောက်​တစ်​ဖန် မ​ခေါ်​ရ။

ရှိ​သ​မျှ​သော​သင်​တို့၊ စည်း​ဝေး၍ နား​ထောင်​ကြ​လော့။ ဤ​အ​မှု​အ​ရာ​တို့​ကို သင်​တို့​တွင် အ​ဘယ်​သူ​သည် ရှေး​မ​ဆွ​က ဟော​နှင့်​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​ချစ်​တော်​မူ​သော​သူ​သည် ဗာ​ဗု​လုန်​မြို့၌ အ​လို​တော်​ကို ပြည့်​စုံ​စေ​မည်။ သူ၏​လက်​သည်​လည်း၊ ခါ​လ​ဒဲ​လူ​တို့​အ​ပေါ်​သို့ ရောက်​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​နှစ်​ခု​နစ်​ဆယ်​စေ့​သော​အ​ခါ၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​နှင့် သူ၏​နိုင်​ငံ​တည်း​ဟူ​သော ခါ​လ​ဒဲ​တိုင်း​နိုင်​ငံ၏ အ​ပြစ်​ကြောင့်၊ ငါ​သည် သူ​တို့​ကို​ဒဏ်​ပေး၍၊ ထို​နိုင်​ငံ​ကို အ​စဉ်​အ​မြဲ လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​စေ​မည်။

သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​မှ​စ၍ နီး​စပ်​သော​မြို့​တို့၏ ပျက်​စီး​ခြင်း​ကဲ့​သို့ ဖြစ်၍၊ ဧ​ဒုံ​ပြည်၌ အ​ဘယ်​သူ​မျှ မ​နေ​ရ။ လူ​သား တစ်​စုံ​တစ်​ယောက်​မျှ နေ​ရာ​မ​ကျ​ရ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​မှ​စ၍ နီး​စပ်​သော မြို့​များ​ကို ဘု​ရား​သ​ခင် ဖျက်​ဆီး​တော်​မူ​သ​ဖြင့် လူ​ဆိတ်​ညံ​သ​ကဲ့​သို့၊ ဗာ​ဗု​လုန်​မြို့၌ အ​ဘယ်​သူ​မျှ မ​နေ​ရ၊ လူ​သား​တစ်​စုံ​တစ်​ယောက်​မျှ နေ​ရာ​မ​ကျ​ရ​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

တိုက်​ထောင့်​အ​ထွတ်​ကျောက်၊ တိုက်​မြစ်​ကျောက် တစ်​စုံ​တစ်​ခု​ကို​မျှ သင်၏​အ​ထဲ​က မ​နုတ်​မ​ယူ​ရ၊ အ​စဉ်​မ​ပြတ် ပျက်​စီး​လျက်​နေ​ရ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ဗာ​ဗု​လုန်​ပြည်​သည် တုန်​လှုပ်၍ လိမ့်​လိမ့်​မည်။ ထို​ပြည်​သည် နေ​သူ​မ​ရှိ၊ သုတ်​သင်​ပယ်​ရှင်း​ရာ ဖြစ်​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား ကြံ​စည်​တော်​မူ​သော အ​ကြံ​အ​စည်​ရှိ​သ​မျှ​သည် ပြည့်​စုံ​ရ​လိမ့်​မည်။

ရှေ​ရှက်​မြို့​ကို​တိုက်၍​ရ​လေ​ပြီ​တ​ကား။ မြေ​တစ်​ပြင်​လုံး၌ ကျော်​စော​သော မြို့​ကို လု​ယူ​လေ​ပြီ​တ​ကား။ ဗာ​ဗု​လုန်​မြို့​သည် အ​ပြည်​ပြည်​တို့​တွင် အံ့​ဩ​ရာ​ဖြစ်​လေ​ပြီ​တ​ကား။

ထို​အ​ခါ​သင်​က၊ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဤ​အ​ရပ်၌ လူ​မ​ရှိ၊ တိ​ရ​စ္ဆာန်​မ​ရှိ၊ အ​စဉ်​မ​ပြတ် ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​စေ၍၊ သုတ်​သင်​ပယ်​ရှင်း​မည်​အ​ကြောင်း​ကို ခြိမ်း​တော်​မူ​ပြီ​ဟု လျှောက်​ဆို​ရ​မည်။

ဤ​မြို့​ကား၊ ငါ့​နိုင်​ငံ​တည်​ရာ၊ ငါ့​ရွှေ​ဘုန်း​တော်​ကို ချီး​မြှောက်​ရာ​ဖို့၊ ငါ့​တန်​ခိုး အာ​နု​ဘော်​အား​ဖြင့် ငါ​တည်​လုပ်​သော ဗာ​ဗု​လုန်​မြို့​ကြီး မ​ဟုတ်​လော​ဟု မြွက်​ဆို၏။

ဘု​ရား​သ​ခင်​သည် သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကို​မှောက်​လှန်​သ​ကဲ့​သို့၊ သင်​တို့​အ​ချို့​ကို ငါ​မှောက်​လှန်၍ သင်​တို့​သည် မီး​ထဲ​က​နုတ်​သော ထင်း​စ​ကဲ့​သို့ ဖြစ်​ကြ​ပြီ။ သို့​သော်​လည်း၊ ငါ့​ထံ​သို့ ပြန်၍​မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သို့​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ မော​ဘ​ပြည်​နှင့် အ​မ္မုန်​ပြည်​သည်၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကဲ့​သို့ ဆူး​ပင်​ပေါက်​သော​အ​ရပ်၊ ဆား​ချက်​ဖို့ မြေ​တူး​ရာ​အ​ရပ်၊ အ​စဉ်​အ​မြဲ ပျက်​စီး​ရာ​အ​ရပ် ဖြစ်၍၊ ကျန်​ကြွင်း​သော ငါ၏​လူ၊ ငါ၏​အ​မျိုး​သား​တို့​သည် လု​ယူ​သိမ်း​စား​ကြ​လိမ့်​မည်။

ထို​သို့​နှင့်​အ​ညီ၊ ဟေ​ရှာ​ယ​သည် အ​ထက်​က ဆို​ပြန်​သည်​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၌ မျိုး​စေ့​ကို ကြွင်း​စေ​တော်​မ​မူ​လျှင်၊ ငါ​တို့​သည် သော​ဒုံ​မြို့​ကဲ့​သို့​ဖြစ်၍ ဂေါ​မော​ရ​မြို့​နှင့် တူ​ကြ​ပြီ။

အ​နာ​ရော​ဂါ ဘေး​ဥ​ပဒ်​တို့​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဒေါ​သ​အ​မျက်​တော်​ထွက်၍ မှောက်​လှန်​တော်​မူ​သော သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့၊ အာ​ဒ​မာ​မြို့၊ ဇေ​ဘိုင်​မြို့​တို့ ပြို​ပျက်​ရာ​ကဲ့​သို့၊ တစ်​ပြည်​လုံး​ကို ကန့်​နှင့်​မီး ကျွမ်း​လောင်​သော ဆား​သက်​သက်​ဖြစ်၍၊ မျိုး​စေ့​မ​ကြဲ၊ အ​သီး​အ​နှံ​မ​သီး၊ မြက်​ပင်​မ​ပေါက်​ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​နောက်​မှာ ဖြစ်​လ​တ္တံ့​သော သင်​တို့​အ​မျိုး​သား၊ ဝေး​သော​အ​ရပ်​မှ​လာ​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် မြင်​ကြ​သော​အ​ခါ၊

လော​ကီ​ကုန်​သည်​တို့​သည် ထို​အ​တူ ငို​ကြွေး၍ စိတ်​မ​သာ ညည်း​တွား​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့ ကုန်​သွယ်​ဥ​စ္စာ​တည်း ဟူ​သော၊-

ဖြစ်​ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း၊ ပင်​လယ်​ကူး​သော သင်္ဘော​ကို​ပိုင်​သော သူ​အ​ပေါင်း​တို့​အား ကိုယ်​စည်း​စိမ်​ကို​ပေး၍ ငွေ​ရ​တတ်​စေ​သော မြို့​ကြီး၊ တစ်​နာ​ရီ​ချင်း​တွင် ပျက်​စီး​ပါ​ပြီ တ​ကား​ဟူ၍​လည်း​ကောင်း အော်​ဟစ်​လျက်၊ မြေ​မှုန့်​ကို မိ​မိ​တို့​ခေါင်း​ပေါ်​မှာ ပစ်​တင်​လျက် ငို​ကြွေး၍ စိတ်​မ​သာ ညည်း​တွား​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ