Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 13:18

Judson Bible

သူ​တို့​သည် လူ​ပျို​တို့​ကို လေး​နှင့် ရိုက်​ခတ်​ကြ​လိမ့်​မည်။ အ​က​လေး​တို့​ကို မ​သ​နား​ကြ။ သူ​တို့​မျက်​စိ​သည် သူ​ငယ်​တို့​ကို မ​နှ​မြော​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ဟာ​ဇေ​လ​က​လည်း၊ သ​ခင်​သည် အ​ဘယ်​ကြောင့် မျက်​ရည်​ကျ​တော်​မူ​သ​နည်း​ဟု မေး​လျှင် ဧ​လိ​ရှဲ​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ပြု​လ​တ္တံ့​သော​ဘေး​ဥ​ပဒ်​တည်း​ဟူ​သော သူ​တို့၏​ရဲ​တိုက်​များ​ကို မီး​ရှို့​ခြင်း၊ လု​လင်​များ​ကို ဓား​နှင့်​သတ်​ခြင်း၊ သူ​ငယ်​များ​ကို မြေ​ပေါ်​မှာ ဆောင့်​ဖွပ်​ခြင်း၊ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ​များ၌ ဝမ်း​ခွဲ​ခြင်း​ကို ပြု​လိမ့်​မည်​ဟု ငါ​သိ​မြင်​သော​ကြောင့် မျက်​ရည်​ကျ​သည်​ဟု ပြန်​ပြော​သော်၊

ခါ​လ​ဒဲ​ရှင်​ဘု​ရင်​ကို စစ်​ချီ​စေ​တော်​မူ၏။ ထို​ရှင်​ဘု​ရင်​သည် သန့်​ရှင်း​ရာ​ဌာ​န​အိမ်​တော်၌ လူ​ပျို​တို့​ကို ဓား​နှင့်​သတ်၏။ ယောက်ျား​ပျို၊ မိန်း​မ​ပျို၊ လူ​အို၊ အ​သက်​ကြီး၍ ကျော​ကုန်း​သော သူ​တို့​ကို​ပင် မ​သ​နား၊ ရှိ​သ​မျှ​တို့​ကို ထို​ရှင်​ဘု​ရင်​လက်​သို့ အပ်​တော်​မူ၏။

ဖွား​မြင်​သော သား​သ​မီး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဆု​ချ၍ ပေး​သ​နား​တော်​မူ​သော အ​မွေ​ဥ​စ္စာ​ဖြစ်​ကြ၏။

သူ​တို့​သား​သ​မီး​များ​ကို သူ​တို့​မျက်​မှောက်၌ မြေ​ပေါ်​မှာ ဆောင့်​ဖွပ်​လိမ့်​မည်။ သူ​တို့​အိမ်​များ​ကို လု​ယက်၍၊ သူ​တို့​မ​ယား​များ​ကို အ​ဓ​မ္မ​ပြု​ကြ​လိမ့်​မည်။

သင်​သည် ပြု​စား​သော​အ​တတ်​နှင့် နတ်​ဝိ​ဇ္ဇာ​အ​တတ်​များ​တို့​ကို အ​လွန်​ပြု​စု​သော်​လည်း၊ တစ်​နေ့​တစ်​ခ​ဏ​ခြင်း​တွင် သား​ဆုံး​ခြင်း​နှင့် လင်​ဆုံး​ခြင်း​တည်း​ဟူ​သော ဘေး​နှစ်​ပါး​တို့​သည် သင်၌​ရောက်​လိမ့်​မည်။ သင်၏​အ​ပေါ်၌ အ​ကုန်​အ​စင် သင့်​ရောက်​လိမ့်​မည်။

သူ​တို့​မြား​တို့​သည် ထက်​ကြ၏။ လေး​တို့​သည်​လည်း တင်း​လျက်​ရှိ​ကြ၏။ မြင်း​ခွာ​တို့​သည် မီး​ကျောက်​ကဲ့​သို့​လည်း​ကောင်း၊ ရ​ထား​ဘီး​တို့​သည်​လည်း၊ လေ​ပွေ​ကဲ့​သို့​လည်း​ကောင်း ထင်​ကြ၏။

ထို​ကြောင့်၊ သူ​တို့​ကို ဓား​ဘေး​သို့​လည်း​ကောင်း၊ သူ​တို့​သား​သ​မီး​များ​ကို မွတ်​သိပ်​ခြင်း​သို့​လည်း​ကောင်း အပ်​တော်​မူ​ပါ။ သူ​တို့​မိန်း​မ​တို့​သည် သား​များ​ဆုံး၍ မု​ဆိုး​မ​ဖြစ်​ကြ​ပါ​စေ​သော။ လူ​ကြီး​တို့​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ၍၊ လူ​ပျို​တို့​လည်း စစ်​တိုက်​ပွဲ၌ ဓား​ဖြင့် ဆုံး​ကြ​ပါ​စေ​သော။

သူ​တို့ မြား​တောင့်​သည် ဖွင့်​ထား​သော သင်္ချိုင်း​တွင်း​ဖြစ်၏။ ထို​သူ​အ​ပေါင်း​တို့​သည် ခွန်​အား​ကြီး​သော​သူ ဖြစ်​ကြ၏။

ထို​ကြောင့်၊ မြို့​သား​လု​လင်​တို့​သည် လမ်း​မ​တို့၌​လဲ​နေ၍၊ ထို​နေ့​တွင် စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ဆုံး​ရှုံး​ကြ​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

လေး​နှင့်​လှံ​တို့​ကို လက်​စွဲ​ကြ၏။ ကြမ်း​ကြုတ်​သော​အ​မျိုး​ဖြစ်၍ သ​နား​ခြင်း​က​ရု​ဏာ မ​ရှိ။ သူ​တို့​စ​ကား​သံ​သည် သ​မု​ဒ္ဒ​ရာ​မြည်​သံ​ကဲ့​သို့ ဟုန်း​တတ်၏။ အို ဗာ​ဗု​လုန်​သ​တို့​သ​မီး၊ စစ်​သူ​ရဲ​ကဲ့​သို့ တပ်​ခင်း​ကျင်း​လျက် မြင်း​စီး၍၊ သင်​ရှိ​ရာ​သို့ ချီ​လာ​ကြ​လိမ့်​မည်။

သင့်​ကို​ကိုင်၍ ယောက်ျား​နှင့် မိန်း​မ​တို့​ကို​လည်း​ကောင်း၊ အ​သက်​ကြီး​သူ​နှင့် အ​သက်​ငယ်​သူ​တို့​ကို​လည်း​ကောင်း၊ လူ​ပျို​နှင့် အ​ပျို​မ​တို့​ကို​လည်း​ကောင်း ငါ​ချိုး​ဖဲ့​ပြီ။

လေး​နှင့်​လှံ​တို့​ကို လက်​စွဲ​ကြ၏။ ကြမ်း​ကြုတ်​သော​အ​မျိုး​ဖြစ်၍၊ သ​နား​ခြင်း​က​ရု​ဏာ မ​ရှိ။ သူ​တို့​စ​ကား​သံ​သည် သ​မု​ဒ္ဒ​ရာ​မြည်​သံ​ကဲ့​သို့ ဟုန်း​တတ်၏။ အို ဇိ​အုန်​သ​တို့​သ​မီး၊ စစ်​သူ​ရဲ​ကဲ့​သို့ တပ်​ခင်း​ကျင်း​လျက် မြင်း​စီး၍၊ သင်​ရှိ​ရာ​သို့ ချီ​လာ​ကြ​လိမ့်​မည်။

ထို​ကြောင့်၊ ငါ​သည်​နှ​မြော​စုံ​မက်​ခြင်း​မ​ရှိ​ဘဲ၊ သူ​တို့​အ​ကျင့်​တို့၏ အ​ကျိုး​အ​ပြစ်​ကို သူ​တို့​ခေါင်း​ပေါ်​သို့ သက်​ရောက်​စေ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ၏။

တစ်​ဖက်၌ ကိုယ်​ကို​ကိုယ်​ချီ​ကြွ၏။ ပါး​စပ်၌ နံ​ရိုး​သုံး​ချောင်း​ကို ကိုက်​လျက်​ရှိ၏။ သင်​ထ​လော့။ အ​သား​များ​ကို ကိုက်​စား​လော့​ဟု သူ့​အား​ပြော​ကြ၏။

ရှ​မာ​ရိ​မြို့​သည် မိ​မိ​ဘု​ရား​သ​ခင်​ကို ပုန်​ကန်​သော​ကြောင့် ပျက်​စီး​လိမ့်​မည်။ မြို့​သား​တို့​သည် ဓား​ဖြင့်​လဲ၍ သေ​ကြ​လိမ့်​မည်။ သူ​ငယ်​တို့​သည် မြေ​ပေါ်​မှာ ဆောင့်​ဖွပ်​ခြင်း​ကို​လည်း​ကောင်း၊ ကိုယ်​ဝန်​ဆောင်​သော မိန်း​မ​တို့​သည် ဝမ်း​ခွဲ​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​ကြ​လိမ့်​မည်။

ဖျက်​ဆီး​သော​သူ​သည် သင့်​ရှေ့​သို့ ရောက်​လာ​ပြီ။ သင်၏​ရဲ​တိုက်​ကို သ​တိ​ပြု​လော့။ လမ်း​ကို စောင့်​လော့။ ကိုယ်​ခါး​ကို ခိုင်​ခံ့​စေ​လော့။ ကျပ်​ကျပ် အား​ယူ​လော့။

သို့​သော်​လည်း၊ ထို​မြို့​ကို ရန်​သူ​တို့​သည် တိုက်၍ သိမ်း​သွား​ကြ​ပြီ။ မြို့​သား​ငယ်​တို့​ကို လမ်း​ဦး​ရှိ​သ​မျှ​တို့၌ ချိုး​ဖဲ့​လျက်၊ ဂုဏ်​အ​သ​ရေ​ရှိ​သော မြို့​သား​တို့​ကို စာ​ရေး​တံ​ချ​လျက်၊ အား​ကြီး​သော မြို့​သား​အ​ပေါင်း​တို့​ကို သံ​ကြိုး​ဖြင့် ချည်​နှောင်​လျက် ပြု​ကြ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ