နောဘမြို့၌ တစ်ရက်နေပြီးမှ၊ ဇိအုန်သတို့သမီး၏တောင်တည်းဟူသော ယေရှုရှလင်တောင်ကိုရွယ်၍၊ မိမိလက်ကို လှုပ်လိမ့်မည်။
ထိုအမှုများတို့ကို လက်စသတ်သည်နောက်၊ အာရှုရိရှင်ဘုရင် သနာခရိပ်သည်၊ ယုဒပြည်သို့စစ်ချီ၍ ခိုင်ခံ့သောမြို့တို့ကို ဝိုင်းထားလျက် တိုက်ယူခြင်းငှာ အားထုတ်လေ၏။
ထိုသို့ သနာခရိပ်သည်လာ၍၊ ယေရုရှလင်မြို့ကို တိုက်မည့်အကြံရှိကြောင်းကို၊ ဟေဇကိသည်သိမြင်လျှင်၊
အာနသုတ်၊ နောဗ၊ အာနနိ၊
ဇိအုန်သတို့သမီးသည်လည်း၊ စပျစ်ဥယျာဉ်၌ တဲကဲ့သို့လည်းကောင်း၊ သခွားတောင်ယာ၌ လင့်စင်ကဲ့သို့လည်းကောင်း၊ ရန်သူဝိုင်းသောမြို့ကဲ့သို့လည်းကောင်း ကျန်ရစ်လေ၏။
ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်မြို့၌နေသောငါ၏လူမျိုး၊ အာရှုရိမင်းကြောင့် မကြောက်နှင့်။ သူ၏ကြိမ်လုံးနှင့် သင့်ကိုရိုက်မည်။ အဲဂုတ္တုမင်းပြုသည်နည်းတူ သူ၏လှံတံကို သင်၏အပေါ်မှာမိုးလိမ့်မည်။
မာဒမေနမြို့သည် ပြောင်းသွားပြီ။ ဂေဗိမ်မြို့သားတို့သည် လွတ်အောင်ပြေးကြ၏။
ထာဝရဘုရားသည်လည်း၊ အဲဂုတ္တုပင်လယ်၏လျှာကို ဖျောက်ဖျက်တော်မူမည်။ ပြင်းစွာသောလေတော်နှင့်တကွ လက်တော်ကို မြစ်ပေါ်မှာလှုပ်၍၊ ချောင်းခုနစ်သွယ်ဖြစ်စေခြင်းငှာ ရိုက်ခတ်တော်မူသဖြင့်၊ လူတို့သည် ခြေနင်းစီးလျက် ကျော်သွားကြလိမ့်မည်။
ရှင်းလင်းသောတောင်ပေါ်မှာ အလံကိုထူကြ။ ကျယ်သောအသံနှင့် အော်ဟစ်ကြ။ လက်ကိုလှုပ်ကြ။ သူတို့သည် မင်းတို့နေရာ တံခါးများကို ဝင်ကြစေ။
မြေရှင်ထံသို့ သိုးသငယ်ကို ပေးလိုက်ကြလော့။ သေလမြို့မှတောတစ်လျှောက်လုံး၊ ဇိအုန်သတို့သမီး၏တောင်သို့ ပေးလိုက်ကြလော့။
ထိုကာလ၌ အဲဂုတ္တုလူတို့သည်မိန်းမကဲ့သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သူတို့အပေါ်မှာ လက်တော်ကို လှုပ်ရှားတော်မူသောကြောင့်၊ ကြောက်လန့်တုန်လှုပ်ကြလိမ့်မည်။
နောက်ဆုံးသောကာလ၌ ထာဝရဘုရား၏အိမ်တော်တည် သောတောင်သည် တောင်ကြီးတောင်ငယ်တို့၏ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်းသောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။
သို့ရာတွင်၊ အရေလမြို့ကို ငါဆင်းရဲစေ၍၊ ထိုမြို့သည် ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်းရှိသော်လည်း၊ အရေလမြို့ကဲ့သို့ ငါ့ရှေ့မှာ ဖြစ်ရလိမ့်မည်။
ထိုမင်း၏အမှုမှာ ထာဝရဘုရားမိန့်တော်မူသော စကားဟူမူကား၊ ဇိအုန်သတို့သမီးကညာသည် သင့်ကိုမထီမဲ့မြင်ပြု၍ ပြက်ရယ်၏။ ယေရုရှလင်သတို့သမီးသည် သင့်နောက်၌ ခေါင်းညိတ်၏။
ယုဒပြည်ကို ချင်းနင်းလွှမ်းမိုးဖြန့်သွား၍၊ လည်ပင်းတိုင်အောင်မီလိမ့်မည်။ သူ၏အတောင်တို့ကိုလည်း ဖြန့်သဖြင့်၊ ကိုယ်တော်၏မြေတစ်ပြင်လုံးကို အုပ်မိုးလိမ့်မည်၊ အို ဧမာနွေလဟု မိန့်တော်မူ၏။
လေးနှင့်လှံတို့ကို လက်စွဲကြ၏။ ကြမ်းကြုတ်သောအမျိုးဖြစ်၍၊ သနားခြင်းကရုဏာ မရှိ။ သူတို့စကားသံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ်၏။ အို ဇိအုန်သတို့သမီး၊ စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက် မြင်းစီး၍၊ သင်ရှိရာသို့ ချီလာကြလိမ့်မည်။
သူခံရသော ဒဏ်နာမပျောက်နိုင်။ ယုဒပြည်တိုင်အောင်ကူးသဖြင့်၊ ငါ၏အမျိုးသားနေရာ ယေရုရှလင်မြို့ တံခါးသို့ရောက်လေပြီ။
သူတို့ကို ငါတိုက်၍ သူတို့၏ကျွန်များသည် လုယူဖျက်ဆီးကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါ့ကို စေလွှတ်တော်မူသည်ကို သင်တို့ သိရကြလိမ့်မည်။
ဒါဝိဒ်သည် ယဇ်ပုရောဟိတ် အဟိမလက်ရှိရာ နောဗမြို့သို့ရောက်၍၊ အဟိမလက်သည် ဒါဝိဒ်နှင့်တွေ့သောအခါ ကြောက်၍၊ သင်သည် လူတစ်ယောက်မျှမပါဘဲ အဘယ်ကြောင့် တစ်ကိုယ်တည်းလာသနည်းဟု မေးသော်၊
ဒါဝိဒ်က၊ ရှင်ဘုရင် အမှုတော်တစ်ခုကိုအပ်၍၊ ငါစေခိုင်းမှာထားသော အမှုကို အဘယ်သူမျှ မသိစေနှင့်ဟု မိန့်တော်မူသောကြောင့်၊ ငါ့ကျွန်တို့ကို ဤမည်သောအရပ် ဤမည်သောအရပ်၌ ဆိုင်းလင့်စေခြင်းငှာ အရင်စေလွှတ်လေပြီ။
ယဇ်ပုရောဟိတ်ပိုင်သော နောဗမြို့ကိုလည်း တိုက်၍ ယောက်ျား၊ မိန်းမ၊ သူငယ်၊ နို့စို့မှစ၍ နွား၊ မြည်း၊ သိုးတို့ကို ဓားနှင့်လုပ်ကြံလေ၏။
ရှောလု၏ကျွန်အုပ် ဧဒုံအမျိုးသား ဒေါဂက၊ ယေရှဲ၏သားသည် အဟိတုပ်၏သား အဟိမလက်ရှိရာ နောဗမြို့သို့ရောက်ကြောင်းကို ကျွန်တော်မြင်ပါ၏။