Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 10:30

Judson Bible

အို ဂ​လ္လိမ်​မြို့​သ​မီး၊ ကြွေး​ကြော်​လော့။ အို လဲ​ရှ​မြို့၊ နား​ထောင်​လော့။ အာ​န​သုတ်​မြို့​သည် အ​မင်္ဂ​လာ​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ယဇ်​ပု​ရော​ဟိတ်​အ​ဗျာ​သာ​ကို​လည်း ရှင်​ဘု​ရင်​ခေါ်၍၊ သင်​သည် အာ​န​သုတ်​မြို့၊ သင်​ပိုင်​သော​မြေ​သို့ သွား​လော့။ သင်​သည် အ​သေ​ခံ​ထိုက်​သော်​လည်း ယ​ခု​ငါ​မ​စီ​ရင်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်​ရှေ့​မှာ ထမ်း​လေ​ပြီ။ ငါ့​ခ​မည်း​တော်​ဆင်း​ရဲ​ခံ​လေ​ရာ​ရာ၌ သင်​သည် ဆင်း​ရဲ​ခံ​လေ​ပြီ​ဟု မိန့်​တော်​မူ၏။

အာ​န​သုတ်၊ နော​ဗ၊ အာ​န​နိ၊

မာ​ဒ​မေ​န​မြို့​သည် ပြောင်း​သွား​ပြီ။ ဂေ​ဗိမ်​မြို့​သား​တို့​သည် လွတ်​အောင်​ပြေး​ကြ၏။

ယု​ဒ​ရှင်​ဘု​ရင် အာ​မုန်​သား​ယော​ရှိ​မင်း နန်း​စံ​ဆယ်​သုံး​နှစ်​တွင်​လည်း​ကောင်း၊ ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှိ​သား ယော​ယ​ကိမ် လက်​ထက်၌​လည်း​ကောင်း၊ ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှိ​သား ဇေ​ဒ​ကိ​မင်း နန်း​စံ​ဆယ်​တစ်​နှစ်​စေ့၍ ပ​ဥ္စ​မ​လ​တွင်၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို သိမ်း​သွား​ချုပ်​ထား​သည် တိုင်​အောင်၊ ထာ​ဝ​ရ​ဘု​ရား၏​ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​သော ဗင်္ယာ​မိန်​ပြည်၊ အာ​န​သုတ်​မြို့​နေ ဟိ​လ​ခိ​သား ယဇ်​ပု​ရော​ဟိတ်​ယေ​ရ​မိ​စ​ကား​မှာ၊

ငါ့​ဘ​ထွေး​သား ဟာ​န​မေ​လ​သည် ငါ​ရှိ​ရာ ထောင်​ဝင်း​ထဲ​သို့​လာ၍၊ ဗင်္ယာ​မိန်​ခ​ရိုင်၊ အာ​န​သုတ်​မြို့၌​ရှိ​သော ကျွန်ုပ်​လယ်​ကို ဝယ်​ပါ​လော့။ သင်​သည် အ​မွေ​ခံ​ပိုင်​သော​အ​ခွင့်​နှင့် ရွေး​ပိုင်​သော​အ​ခွင့်​ရှိ​သည်​ဖြစ်၍၊ ကိုယ်​အ​ဖို့​ဝယ်​ပါ​ဟု ငါ့​အား​ပြော​ဆို၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သော အ​မှု​ဖြစ်​ကြောင်း​ကို ငါ​သိ​သော​ကြောင့်၊

အာ​န​သုတ်​မြို့​နှင့် မြို့​နယ်၊ အာ​လ​မုန်​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော လေး​မြို့​တို့​ကို​လည်း​ကောင်း ပေး​ကြ၏။

ထို​မြို့​ကို သူ​တို့​အ​မျိုး၏​အ​ဘ ဣ​သ​ရေ​လ၏​သား ဒန်​အ​မည်​ကို​မှီ​သ​ဖြင့် ဒန်​မြို့​ဟူ၍ တွင်​ကြ၏။ ထို​မြို့​အ​မည်​ဟောင်း​ကား လဲ​ရှ​တည်း။

ထို​လူ​ငါး​ယောက်​တို့​သည် ထွက်​သွား၍ လဲ​ရှ​မြို့​သို့ ရောက်​သ​ဖြင့်၊ မြို့​သား​တို့​သည် ဇိ​ဒုန်​အ​မျိုး​သား​တို့ သ​တိ​မ​ရှိ​သ​ကဲ့​သို့ သ​တိ​မ​ရှိ၊ မ​စိုး​ရိမ်​ဘဲ ငြိမ်​ဝပ်​စွာ နေ​ကြောင်း​ကို​လည်း​ကောင်း၊ ဆုံး​မ​ပိုင်​သော​မင်း​မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ဇိ​ဒုန်​အ​မျိုး​သား​တို့​နှင့်​ဝေး၍ အ​ဘယ်​သူ​နှင့်​မျှ အ​မှု​မ​ဆိုင်​ကြောင်း​ကို​လည်း​ကောင်း​ကြည့်​ရှု​ပြီး​မှ၊

ရှော​လု​သည် မိ​မိ​သ​မီး​ဖြစ်​သော ဒါ​ဝိဒ်၏​မ​ယား​မိ​ခါ​လ​ကို၊ ဂ​လ္လိမ်​မြို့​သား​ဖြစ်​သော လဲ​ရှ၏​သား​ဖာ​လ​တိ​အား ပေး​စား​နှင့်​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ