Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 1:9

Judson Bible

ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​၌​အ​နည်း​ငယ်​မျှ ကြွင်း​စေ​တော်​မ​မူ​လျှင်၊ ငါ​တို့​သည် သော​ဒုံ​မြို့​ကဲ့​သို့​ဖြစ်​၍ ဂေါ​မော​ရ​မြို့​နှင့် တူ​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

37 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သော​ဒုံ​မြို့၌ ဖြောင့်​မတ်​သော​သူ​ငါး​ဆယ်​ကို​ငါ​တွေ့​လျှင်၊ သူ​တို့​အ​တွက် ထို​အ​ရပ်​လုံး​ကို​ငါ​နှ​မြော​မည်​ဟု မိန့်​တော်​မူ၏။

အို​ဘု​ရား​ရှင်၊ စိတ်​ရှိ​တော်​မ​မူ​ပါ​နှင့်။ သည်​တစ်​ကြိမ် အ​ကျွန်ုပ်​လျှောက်​ပါ​ရ​စေ​ဦး။ ထို​မြို့၌​တစ်​ဆယ်​ကို တွေ့​ကောင်း​တွေ့​တော်​မူ​လိမ့်​မည်​ဟု လျှောက်​ဆို​ပြန်​လျှင်၊ တစ်​ဆယ်​အ​တွက် ငါ​မ​ဖျက်​ဆီး​ဘဲ​နေ​မည်​ဟု မိန့်​တော်​မူ၏။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ထက်၊ အ​ထံ​တော်​မှ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​အ​ပေါ်​သို့ ကန့်​နှင့် မီး​မိုး​ကို ရွာ​စေ​တော်​မူ​၏။

သို့​ရာ​တွင် ဗာ​လ​ရှေ့၌ ဒူး​ထောက်​ခြင်း၊ နမ်း​ခြင်း​ကို မ​ပြု​သော​သူ​အ​ပေါင်း​တည်း​ဟူ​သော ဣ​သ​ရေ​လ အ​မျိုး​သား​ခု​နစ်​ထောင်​တို့​ကို ငါ့​အ​ဖို့ ငါ​ကျန်​ကြွင်း​စေ​ပြီ​ဟု မိန့်​တော်​မူ၏။

အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကဲ့​ရဲ့​စေ​ခြင်း​ငှာ အာ​ရှု​ရိ​ရှင်​ဘု​ရင် စေ​လွှတ်​သော မိ​မိ​ကျွန်​ရာ​ဗ​ရှာ​ခ​စ​ကား​ကို သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကြား​တော်​မူ​ပါ​စေ​သော။ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင်​ကြား​သော စ​ကား​ကို ချေ​တော်​မူ​ပါ​စေ​သော။ သင်​သည်​လည်း ကျန်​ကြွင်း​သော​လူ​တို့​အ​ဖို့ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပါ​ဟု ပြော​စေ​ခြင်း​ငှာ၊

ဇိ​အုန်​သ​တို့​သ​မီး​သည်​လည်း၊ စ​ပျစ်​ဥ​ယျာဉ်​၌ တဲ​ကဲ့​သို့​လည်း​ကောင်း၊ သ​ခွား​တောင်​ယာ​၌ လင့်​စင်​ကဲ့​သို့​လည်း​ကောင်း၊ ရန်​သူ​ဝိုင်း​သော​မြို့​ကဲ့​သို့​လည်း​ကောင်း ကျန်​ရစ်​လေ​၏။

ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား​သည် လက်​တော်​ကို​ဆန့်၍၊ ကျန်​ကြွင်း​သော ကိုယ်​တော်၏​လူ​တို့​ကို အာ​ရှု​ရိ​ပြည်၊ အဲ​ဂု​တ္တု​ပြည်၊ ပါ​သ​ရု​ပြည်၊ ကု​ရှ​ပြည်၊ ဧ​လံ​ပြည်၊ ရှိ​နာ​ပြည်၊ ဟာ​မတ်​ပြည်၊ ပင်​လယ်​တစ်​ဖက်၌ ရှိ​သော​ပြည်​များ​တို့​မှ​ကယ်​ယူ​ခြင်း​ငှာ တစ်​ဖန် ပြု​တော်​မူ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​သော​အ​ခါ၌ ဖြစ်​သ​ကဲ့​သို့၊ အာ​ရှု​ရိ​ပြည်​မှ ကျန်​ကြွင်း​သော ကိုယ်​တော်၏​လူ​တို့​သွား​ရာ​လမ်း​ကြီး ဖြစ်​ရ​လိမ့်​မည်။

သို့​ရာ​တွင်၊ သံ​လွင်​ပင်​ကို လှုပ်​ပြီး​မှ အ​ပင်​ဖျား၌ အ​သီး​နှစ်​လုံး​သုံး​လုံး၊ အ​သီး​ကောင်း​သော​အ​ခက်​တို့၌ လေး​ငါး​လုံး​ရှိ​တတ်​သ​ကဲ့​သို့၊ ကောက်​သိမ်း​စ​ရာ အ​ကြွင်း​ရှိ​ရ​လိမ့်​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​သို့ ပြည်​တော်​အ​လယ်၊ ပြည်​သား​တို့​တွင် ဖြစ်​ရ​သော်​လည်း သံ​လွင်​ပင်​ကို​လှုပ်၍ အ​သီး​ကို ရ​သ​ကဲ့​သို့​လည်း​ကောင်း၊ စ​ပျစ်​သီး​ကို သိမ်း​ယူ​သော​နောက်၊ အ​ကြွင်း​အ​ကျန်​ကို ကောက်​ရ​သ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။

ထို​ကြောင့်၊ ကျိန်​တော်​မူ​သော အ​ကျိန်​သည် ပြည်​တော်​ကို​လွှမ်း​မိုး​ပြီ။ ပြည်​သား​တို့​အ​ပေါ်​မှာ အ​ပြစ်​ရောက်​လေ​ပြီ။ ထို​ကြောင့် ပြည်​သား​တို့​သည် ပူ​လောင်​ကြ​သ​ဖြင့်၊ ကျန်​ကြွင်း​သော​သူ​တို့​သည် နည်း​ကြ၏။

အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကဲ့​ရဲ့​စေ​ခြင်း​ငှာ၊ အာ​ရှု​ရိ​ရှင်​ဘု​ရင် စေ​လွှတ်​သော မိ​မိ​ကျွန် ရာ​ဗ​ရှာ​ခ​စ​ကား​ကို သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ​ပါ​စေ​သော။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင် ကြား​သော​စ​ကား​ကို ချေ​တော်​မူ​ပါ​စေ​သော။ သင်​သည်​လည်း ကျန်​ကြွင်း​သော လူ​တို့​အ​ဖို့ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပါ​ဟု ပြော​စေ​ခြင်း​ငှာ၊

အို ယာ​ကုပ်​အ​မျိုး​သား​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ ကျန်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့၊ ဖွား​စ​က​ပင် သင်​တို့​ကို ငါ​ထမ်း​လေ​ပြီ။ အ​မိ​ဝမ်း​ထဲ​မှ​စ၍ ငါ​ဆောင်​ရွက်​လေ​ပြီ။

ထို​ပြည်၌ ဆယ်​ဖို့​တွင်​တစ်​ဖို့ ကြွင်း​သေး​သော်​လည်း၊ ထို​အ​ကြွင်း​သည် အ​ထပ်​ထပ်​ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်၊ ထင်း​ရှူး​ပင်​နှင့် သ​ပိတ်​ပင်​တို့​ကို ခုတ်​လှဲ၍၊ သစ်​ငုတ်​သည် ကြွင်း​သ​ကဲ့​သို့၊ သန့်​ရှင်း​သော​အ​နွယ်​သည် ထို​ပြည်၌ အ​ငုတ်​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ စ​ပျစ်​သီး​ပြွတ်၌ စ​ပျစ်​ရည်​ကို​တွေ့​သော​အ​ခါ မ​ဖျက်​နှင့်၊ မင်္ဂ​လာ​ရှိ​သည်​ဟု ဆို​တတ်​သ​ကဲ့​သို့၊ ထို​အ​တူ၊ ငါ့​ကျွန်​တို့၏​အ​ကျိုး​အ​လို​ငှာ ငါ​ပြု​မည်။ အ​ကုန်​အ​စင် မ​ဖျက်။

ယေ​ရု​ရှ​လင်​မြို့​သား ပ​ရော​ဖက်​တို့၌​လည်း၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော သ​ဘော​ကို ငါ​မြင်​ပြီ။ သူ​တို့​သည် မ​တ​ရား​သော မေ​ထုန်၌​မှီ​ဝဲ​လျက်၊ မု​သား​ကို​လည်း​သုံး​လျက်၊ အ​ဓ​မ္မ​ပြု​သော​သူ​တို့​ကို အား​ပေး​တတ်​သ​ဖြင့်၊ အ​ဘယ်​သူ​မျှ​မိ​မိ​ပြု​သော အ​ဓ​မ္မ​အ​မှု​ကို မ​စွန့်။ ထို​သူ ရှိ​သ​မျှ​တို့​သည် ငါ၌ သော​ဒုံ​မြို့​သား​ကဲ့​သို့​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် ဂေါ​မော​ရ​မြို့​သား​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။

အ​ကျွန်ုပ်​တို့​သည် အ​ထက်​က​များ​သော်​လည်း၊ ယ​ခု​ကိုယ်​တော် မြင်​သည်​အ​တိုင်း အ​နည်း​ငယ်​သာ ကျန်​ကြွင်း​ပါ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​တို့ အ​သ​နား​တော်​ခံ​သော​စ​ကား​ကို မ​ပယ်​ပါ​နှ​င့်။ အ​ကျွန်ုပ်​တို့ သွား​ရ​သော​လမ်း​နှ​င့် ပြု​ရ​သော​အ​မှု​ကို ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ၀​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​အား ပြ​တော်​မူ​မည်​အ​ကြောင်း၊ ကျန်​ကြွင်း​သ​မျှ​သော​သူ၊ အ​ကျွန်ုပ်​တို့​အ​ဖို့ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ရ​ဘု​ရား​ထံ​တော်၌ ဆု​တောင်း​ပါ​လော့​ဟု တောင်း​ပန်​ကြ၏။

ထို​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​အ​ပြစ်​ကို စစ်​ကြော​သော်​လည်း အ​ပြစ်​မ​ပေါ်​ရာ။ ယု​ဒ​ဒု​စ​ရိုက်​တို့​ကို ရှာ၍ မ​တွေ့​ရာ။ ငါ​ချန်​ထား​သော သူ​တို့၏​အ​ပြစ်​ကို ငါ​ဖြေ​ရှင်း​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​တော်​မူ၍ က​ရု​ဏာ​တော်​သည် မ​ကုန်​သော​ကြောင့် ငါ​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့ မ​ရောက်​ဘဲ​နေ​ကြ၏။

အ​ဘယ်​သူ​မျှ အား​မ​ထုတ်​ဘဲ ချက်​ချင်း​ပျက်​စီး​ခြင်း​သို့​ရောက်​သော၊ သော​ဒုံ​မြို့​ခံ​ရ​သော အ​ပြစ်​ဒဏ်​ထက်၊ ငါ၏​လူ​မျိုး သ​တို့​သ​မီး​ခံ​ရ​သော အ​ပြစ်​ဒဏ်​သည် သာ၍​ကြီး​ပေ၏။

သို့​ရာ​တွင်၊ လွတ်၍ ထွက်​မြောက်​ရ​သော အ​ကျန်​အ​ကြွင်း သား​သ​မီး​အ​ချို့ ရှိ​ကြ​လိမ့်​မည်။ သူ​တို့​သည် သင်​တို့​ရှိ​ရာ​သို့ ထွက်​လာ၍၊ ကျင့်​ကြံ​ပြု​မူ​သော အ​မှု​အ​ရာ​တို့​ကို သင်​တို့​သိ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့၌ ငါ​ရောက်​စေ​သ​မျှ​သော အ​မှု​များ​ကြောင့် စိတ်​ပူ​ပန်​ခြင်း​မ​ရှိ၊ သက်​သာ​ခြင်း​ရှိ​ကြ​လိမ့်​မည်။

သို့​သော်​လည်း၊ သင်​တို့​သည် အ​ပြည်​ပြည်​သို့ ကွဲ​ပြား​ကြ​သော​အ​ခါ၊ လူ​အ​မျိုး​မျိုး​တို့၏​ဓား​နှင့် လွတ်​သော​သူ​အ​ချို့​ရှိ​စေ​ခြင်း​ငှာ အ​ကျန်​အ​ကြွင်း​ကို ငါ​ထား​မည်။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​သော​သူ ရှိ​သ​မျှ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း ဇိ​အုန်​တောင်၊ ယေ​ရု​ရှ​လင်​မြို့၌၊ ထာ​ဝ​ရ​ဘု​ရား ခေါ်​တော်​မူ​သော​သူ အ​ကျန်​အ​ကြွင်း​တို့​အ​ဖို့ ကယ်​တင်​ခြင်း​အ​ခွင့် ရှိ​ရ​လ​တ္တံ့။

ဘု​ရား​သ​ခင်​သည် သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကို​မှောက်​လှန်​သ​ကဲ့​သို့၊ သင်​တို့​အ​ချို့​ကို ငါ​မှောက်​လှန်၍ သင်​တို့​သည် မီး​ထဲ​က​နုတ်​သော ထင်း​စ​ကဲ့​သို့ ဖြစ်​ကြ​ပြီ။ သို့​သော်​လည်း၊ ငါ့​ထံ​သို့ ပြန်၍​မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​ဗျာ​ဒိတ်​တော်​သံ​ကို ကြား၍ ကြောက်​ရွံ့​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​နှစ်​များ​အ​တွင်း​တွင် အ​မှု​တော်​ကို ပြု​ပြင်​တော်​မူ​ပါ။ ယ​ခု​နှစ်​များ​အ​တွင်း​တွင် ထင်​ရှား​စေ​တော်​မူ​ပါ။ အ​မျက်​ထွက်​တော်​မူ​သော်​လည်း က​ရု​ဏာ​တ​ရား​ကို အောက်​မေ့​တော်​မူ​ပါ။

သို့​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ မော​ဘ​ပြည်​နှင့် အ​မ္မုန်​ပြည်​သည်၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကဲ့​သို့ ဆူး​ပင်​ပေါက်​သော​အ​ရပ်၊ ဆား​ချက်​ဖို့ မြေ​တူး​ရာ​အ​ရပ်၊ အ​စဉ်​အ​မြဲ ပျက်​စီး​ရာ​အ​ရပ် ဖြစ်၍၊ ကျန်​ကြွင်း​သော ငါ၏​လူ၊ ငါ၏​အ​မျိုး​သား​တို့​သည် လု​ယူ​သိမ်း​စား​ကြ​လိမ့်​မည်။

အ​သက်​ရှင်​ခြင်း​သို့ ရောက်​သော​လမ်း​နှင့် တံ​ခါး​သည် အ​လွန်​ကျဉ်း​မြောင်း​သည် ဖြစ်၍၊ တွေ့​ဝင်​သော​သူ​တို့​သည် နည်း​ကြ၏။-

ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ရည်​မှတ်၍ ကြွေး​ကြော်​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှ​င့်​အ​မျှ များ​သော်​လည်း၊ ကြွင်း​သော​သူ​တို့​သာ​လျှင် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။-

ထို​သို့​နှင့်​အ​ညီ၊ ဟေ​ရှာ​ယ​သည် အ​ထက်​က ဆို​ပြန်​သည်​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၌ မျိုး​စေ့​ကို ကြွင်း​စေ​တော်​မ​မူ​လျှင်၊ ငါ​တို့​သည် သော​ဒုံ​မြို့​ကဲ့​သို့​ဖြစ်၍ ဂေါ​မော​ရ​မြို့​နှင့် တူ​ကြ​ပြီ။

အ​နာ​ရော​ဂါ ဘေး​ဥ​ပဒ်​တို့​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဒေါ​သ​အ​မျက်​တော်​ထွက်၍ မှောက်​လှန်​တော်​မူ​သော သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့၊ အာ​ဒ​မာ​မြို့၊ ဇေ​ဘိုင်​မြို့​တို့ ပြို​ပျက်​ရာ​ကဲ့​သို့၊ တစ်​ပြည်​လုံး​ကို ကန့်​နှင့်​မီး ကျွမ်း​လောင်​သော ဆား​သက်​သက်​ဖြစ်၍၊ မျိုး​စေ့​မ​ကြဲ၊ အ​သီး​အ​နှံ​မ​သီး၊ မြက်​ပင်​မ​ပေါက်​ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​နောက်​မှာ ဖြစ်​လ​တ္တံ့​သော သင်​တို့​အ​မျိုး​သား၊ ဝေး​သော​အ​ရပ်​မှ​လာ​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် မြင်​ကြ​သော​အ​ခါ၊

သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​တို့​ကို မီး​ရှို့၍ ဖျက်​ဆီး​ရာ၊ ဒဏ်​စီ​ရင်​တော်​မူ​သ​ဖြင့် နောင်၌ မ​တ​ရား​သော အ​ကျင့်​ကို ကျင့်​အံ့​သော​သူ​တို့​အား ပုံ​သက်​သေ​ကို ထား​တော်​မူ၏။-

သူ​တို့​သ​ခင်​သည် လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​တော်​မူ​သော အ​ရပ်​တည်း​ဟူ​သော သော​ဒုံ​ဟူ၍​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ဟူ၍​လည်း​ကောင်း အ​တွင်း​အ​နက်​အား​ဖြင့် ခေါ်​ဝေါ်​သော မြို့​ကြီး၏​လမ်း၌ အ​လောင်း​ကောင်​တို့​သည် နေ​ရစ်​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ