ဟေရှာယ 1:30Judson Bibleအကြောင်းမူကား၊ အရွက်နွမ်းသောသပိတ်ပင်ကဲ့သို့လည်းကောင်း၊ ရေမရှိသောဥယျာဉ်ကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုကြောင့် အမျိုးသားတို့သည်လာ၍၊ ဇိအုန်တောင်ထိပ်၌ သီချင်းဆိုကြလိမ့်မည်။ ထာဝရဘုရားပြုတော်မူခြင်း ကျေးဇူးတည်းဟူသော ဆန်စပါး၊ စပျစ်ရည်၊ ဆီ၊ သိုးသငယ်၊ နွားသငယ်တို့ကိုရအံ့သောငှာ စည်းဝေးကြလိမ့်မည်။ သူတို့စိတ်ဝိညာဉ်သည် ရေလောင်းသော ဥယျာဉ်ကဲ့သို့ဖြစ်၍၊ နောက်တစ်ဖန် ညှိုးငယ်ခြင်း မရှိရ။
ငါထာဝရဘုရားသည် မြင့်သောအပင်ကိုနှိမ့်၍၊ နိမ့်သောအပင်ကို ချီးမြှောက်ကြောင်း၊ စိမ်းလန်းသောအပင်ကို သွေ့ခြောက်စေ၍၊ သွေ့ခြောက်သောအပင်ကို စိမ်းလန်းစေကြောင်းများကို၊ တောသစ်ပင်ရှိသမျှတို့သည် သိရကြလိမ့်မည်။ ငါထာဝရဘုရားသည် စကားတော်ရှိသည်အတိုင်း ပြုမည်ဟုမိန့်တော်မူ၏။