Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 1:28

Judson Bible

လွန်​ကျူး​သော​သူ​နှင့် ပြစ်​မှား​သော​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့​အ​တူ​ရောက်​၍၊ ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​သော​သူ​တို့​သည် ဆုံး​ရှုံး​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

38 ပူးပေါင်းရင်းမြစ်များ  

ငါ့​သား​ရှော​လ​မုန်၊ သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​ကို သိ​လော့။ စုံ​လင်​သော​နှ​လုံး၊ ကြည်​ညို​သော​စိတ်​သ​ဘော​နှင့် ဝတ်​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော စိတ်​နှ​လုံး​တို့​ကို​စစ်၍ အ​ကြံ​အ​စည်​ရှိ​လေ​သ​မျှ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို​ရှာ​လျှင် အ​တွေ့​ခံ​တော်​မူ​မည်။ ကိုယ်​တော်​ကို​စွန့်​လျှင် သင့်​ကို အ​စဉ်​အ​မြဲ စွန့်​တော်​မူ​မည်။

သို့​သော်​လည်း၊ ဧ​ဒုံ​ပြည်​သား​တို့​သည် ယ​နေ့​တိုင်​အောင် ယု​ဒ​ရှင်​ဘု​ရင်​ကို ပုန်​ကန်​ကြ၏။ ထို​ကာ​လ၌၊ လိ​ဗ​န​ပြည်​သည်​လည်း ပုန်​ကန်၏။ အ​ကြောင်း​မူ​ကား၊ ယ​ဟော​ရံ​သည် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍၊

ငါ့​ကို​ဒဏ်​ပေး​သော ဒ​မာ​သက်​မြို့၏​ဘု​ရား​တို့​ကို ငါ​ဆည်း​ကပ်​မည်​ဟူ၍​လည်း​ကောင်း၊ ရှု​ရိ​ရှင်​ဘု​ရင် ကိုး​ကွယ်​သော ဘု​ရား​တို့​သည် ကျေး​ဇူး​ပြု​တတ်​သော​ကြောင့်၊ ငါ၌​လည်း ကျေး​ဇူး​ပြု​စေ​ခြင်း​ငှာ၊ ထို​ဘု​ရား​တို့​အား ယဇ်​ပူ​ဇော်​မည်​ဟူ၍​လည်း​ကောင်း ဆို​သော်​လည်း၊ ထို​ဘု​ရား​တို့​သည် အာ​ခတ်​မင်း​နှင့် ဣ​သ​ရေ​လ​အ​မျိုး အ​ကျိုး​နည်း​စ​ရာ​အ​ကြောင်း ဖြစ်​သ​တည်း။

တစ်​ဖန် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​လက်​သို့ အပ်​တော်​မူ​သ​ဖြင့်၊ ထို​ရှင်​ဘု​ရင်​ရေ​မ​လိ​သား ပေ​ကာ​သည် ကြမ်း​တမ်း​စွာ​လုပ်​ကြံ၍၊ ရဲ​ရင့်​သော​ယု​ဒ​အ​မျိုး​သား တစ်​သိန်း​နှစ်​သောင်း​ကို တစ်​နေ့​ချင်း​တွင် သတ်​လေ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ကြ​သ​တည်း။

ဆိုး​သော​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့​လည်း​ကောင်း၊ မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့​လည်း​ကောင်း ရောက်​ရ​ကြ​မည် မ​ဟုတ်​လော။

သူ​တို့​အ​ပြစ်​ကြောင့် ပ​ရိ​သတ်​ရှေ့​မှာ ဒဏ်​ခတ်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဘု​ရား​သ​ခင်​ကို ငြင်း​ပယ်​ကြ၏။ ပြု​တော်​မူ​သော​အ​မှု​တို့​ကို အ​လျှင်း​မ​ဆင်​ခြင်​ကြ။

အ​ကြောင်း​မူ​ကား၊ ဖြောင့်​မတ်​သော​သူ​တို့၏​လမ်း​ကို ထာ​ဝ​ရ​ဘု​ရား​သိ​ကျွမ်း​တော်​မူ​၏။ မ​တ​ရား​သော​သူ​တို့​၏​လမ်း​သည် ဆုံး​ရှုံး​ခြင်း​သို့ ရောက်​ရ​လိမ့်​သ​တည်း။

ပြစ်​မှား​သော​သူ​တို့​ကို မြေ​ကြီး​မှ​သုတ်​သင်​ပယ်​ရှင်း၍၊ မ​တ​ရား​သော​သူ​တို့​သည် နောက်​တစ်​ဖန်​မ​ဖြစ်​ရ​ကြ။ အို​ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ ဟာ​လေ​လု​ယ။

ကောက်​သော​လမ်း​များ​သို့ လွှဲ​သွား​သော​သူ​တို့​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​တို့​နှင့်​အ​တူ ထုတ်​သွား​တော်​မူ​မည်။ ဣ​သ​ရေ​လ​အ​မျိုး၌ ငြိမ်​ဝပ်​ခြင်း​ရှိ​ပါ​စေ​သော။

ပြစ်​မှား​သော​သူ​အ​ပေါင်း​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်၍၊ မ​တ​ရား​သော​သူ​တို့​သည် အ​ဆုံး၌ ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

မု​သား​စ​ကား​ပြော​သော​သူ​တို့​ကို ဖျက်​ဆီး​တော်​မူ၏။ လူ​အ​သက်​ကို​သတ်​တတ်​သော​သူ​နှင့် လှည့်​စား​တတ်​သော​သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။

အ​ကယ်​စင်​စစ် ကိုယ်​တော်​နှင့် ဝေး​ဝေး​နေ​သော​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ကြ​ပါ၏။ ကိုယ်​တော်​နှင့်​ကွာ၍ မှား​ယွင်း​သော​သူ​အ​ပေါင်း​တို့​ကို ပယ်​ရှင်း​တော်​မူ၏။

တစ်​ပါး​အ​မျိုး​သား​တို့​ကို ဆုံး​မ​တော်​မူ​ပြီ။ ဆိုး​သော​သူ​တို့​ကို​ဖျက်​ဆီး၍ သူ​တို့​နာ​မ​ကို ကာ​လ​အ​စဉ်​အ​ဆက် ချေ​ဖျောက်​တော်​မူ​ပြီ။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​ရန်​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်၍၊ အ​ဓ​မ္မ​အ​မှု​ကို​ပြု​သော​သူ အ​ပေါင်း​တို့​သည် အ​ရပ်​ရပ်​ကွဲ​ပြား​ကြ​လိမ့်​မည်။

အ​ထပ်​ထပ်​ဆုံး​မ​ခြင်း​ကို​ခံ​သော်​လည်း၊ မိ​မိ​လည်​ပင်း​ကို ခိုင်​မာ​စေ​သော​သူ​သည် ကိုး​ကွယ်​ရာ​မ​ရ၊ ရုတ်​တ​ရက် ပျက်​စီး​လိမ့်​မည်။

ဆိုး​ယုတ်​သော​အ​မျိုး၊ ဒု​စ​ရိုက်​ဝန်​ကို ထမ်း​ရွက်​သော​လူ​စု၊ မ​တ​ရား​သ​ဖြင့်​ပြု​သော​အ​နွယ်၊ ဖောက်​ပြန်​သော သား​သ​မီး​ပါ​တ​ကား။ ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ကြ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​၏​သန့်​ရှင်း​သော​ဘု​ရား​ကို မ​ရို​မ​သေ​ပြု​၍ ပယ်​ကြ​ပြီ။ ကျော​ခိုင်း​၍ ခွာ​သွား​ကြ​ပြီ။

ပြည်​တော်​သည် ယစ်​မူး​သော​သူ​ကဲ့​သို့ တ​လူး​လည်​လည်​ရှိ၏။ ပု​ခက်​ကဲ့​သို့ လှုပ်​ရှား၏။ မိ​မိ​အ​ပြစ်​သည် မိ​မိ​အ​ပေါ်​မှာ​လေး​သ​ဖြင့်၊ ပြည်​တော်​သည် လဲ​လိမ့်​မည်။ နောက်​တစ်​ဖန်​မ​ထ​ရ။

သင်​တို့​အ​ပြစ်​သည် ပြို​ကျ​လု​သော အုတ်​ရိုး​ပျက်​ကဲ့​သို့​လည်း​ကောင်း၊ မြင့်​သော​အုတ်​ထ​ရံ၌ မ​ညီ​မ​ညွတ် ထွက်​ဝင်​သ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။ ထို​ထ​ရံ​သည် အ​လျင်​တ​ဆော ချက်​ချင်း ပြို​ပျက်​တတ်၏။

အ​ပြစ်​ရှိ​သော ဇိ​အုန်​မြို့​သား​တို့​သည် ကြောက်​ကြ၏။ အ​ဓ​မ္မ​ပြု​သော​သူ​တို့​သည် ထိတ်​လန့်​ကြ၏။ ငါ​တို့​တွင် အ​ဘယ်​သူ​သည် လောင်​သော​မီး​ထဲ​မှာ နေ​ရ​မည်​နည်း။ ငါ​တို့​တွင် အ​ဘယ်​သူ​သည် ထာ​ဝ​ရ​မီး​လောင်​ခြင်း​ကို ခံ​လျက်​နေ​ရ​မည်​နည်း။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​လွှတ်​လိုက်​သော သင်​တို့​အ​မိ၏ ဖြတ်​စာ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ ငါ၌​ကြွေး​ရှိ၍ အ​ဘယ်​မည်​သော ကြွေး​ရှင်​ထံ၌ သင်​တို့​ကို ငါ​ရောင်း​သ​နည်း။ သင်​တို့​သည် ကိုယ်​ပြု​သော ဒု​စ​ရိုက်​အ​တွက် ကျွန်​ခံ​ရ​ကြ၏။ သင်​တို့​အ​ပြစ်​ကြောင့်၊ သင်​တို့​အ​မိ​ကို ငါ​လွှတ်​လိုက်၏။

မီး​ကို​ညှိ၍ မိ​မိ​တို့​ကို မီး​ပွား​တို့​နှင့် ဝန်း​ရံ​စေ​သော သူ​အ​ပေါင်း​တို့၊ သင်​တို့​မီး၏​အ​လင်း၌​လည်း​ကောင်း၊ သင်​တို့​ပြု​စု​သော မီး​စ​များ၌​လည်း​ကောင်း သွား​လာ​ကြ​လော့။ ငါ့​လက်၌​ခံ​ရ​သော အ​ကျိုး​ဟူ​မူ​ကား၊ သင်​တို့​သည် ဝမ်း​နည်း​လျက် အိပ်​ရ​ကြ​လိမ့်​မည်။

သူ​တို့​သည် တ​ရား​ကျင့်​သော​အ​မျိုး၊ မိ​မိ​ဘု​ရား​သ​ခင်၏​ပ​ညတ်​တို့​ကို မ​စွန့်​သော​အ​မျိုး​ကဲ့​သို့၊ နေ့​တိုင်း​ငါ့​ကို​ရှာ၍ ငါ၏​တ​ရား​လမ်း၌ မွေ့​လျော်​ကြ​သည်​တ​ကား။ ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​ချက်​တို့​ကို ငါ့​ထံ​မှာ​အ​စဉ်​မေး​မြန်း၍၊ ဘု​ရား​သ​ခင့်​ထံ​သို့ ချဉ်း​ကပ်​ရာ၌ မွေ့​လျော်​ကြ​သည်​တ​ကား။

အ​ကျွန်ုပ်​တို့​ရှိ​သ​မျှ​သည် စင်​ကြယ်​ခြင်း​မ​ရှိ​ပါ။ ပြု​ဖူး​သ​မျှ​သော ကု​သိုလ်​ကောင်း​မှု​တို့​သည် ညစ်​သော​အ​ဝတ်​နှင့် တူ​ကြ​ပါ၏။ အ​ကျွန်ုပ်​တို့ ရှိ​သ​မျှ​သည် သစ်​ရွက်​ကဲ့​သို့ ညှိုး​နွမ်း​လျက်​ရှိ၍၊ ကိုယ်​အ​ပြစ်​တို့​သည် လေ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို တိုက်​သွား​ပါ​ပြီ။

သင်​တို့​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ပစ်​သော​သူ၊ ငါ၏​သန့်​ရှင်း​သော​တောင်​ကို မေ့​လျော့​သော​သူ၊ ဂါ​ဒ​ဘု​ရား​ရှေ့​မှာ စား​ပွဲ​ကို​ခင်း၍၊ မေ​နိ​ဘု​ရား​အား သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို ပြင်​သော​သူ​ဖြစ်​ကြ၏။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ဝက်​သား၊ ကြွက်​သား၊ ရွံ​ရှာ​ဖွယ်​သော​အ​ရာ​ကို​စား​လျက်၊ ဥ​ယျာဉ်​တို့​တွင် အ​လယ်၌​ရှိ​သော သူ​တစ်​ယောက်​နောက်​သို့ လိုက်၍၊ မိ​မိ​တို့​ကို သန့်​ရှင်း​စင်​ကြယ်​စေ​သော သူ​တို့​သည် တစ်​ပြိုင်​နက်​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ သူ​တို့၏​အ​ကျင့်​တို့​ကို​လည်း​ကောင်း အ​ကြံ​အ​စည်​တို့​ကို​လည်း​ကောင်း ငါ​သိ၏။

ထို​သူ​တို့​သည်၊ ငါ့​ကို​ပြစ်​မှား​သော​သူ​တို့၏ အ​သေ​ကောင်​များ​ကို ထွက်၍ ကြည့်​ရှု​ကြ​လိမ့်​မည်။ သူ​တို့၏ ပိုး​သည် မ​သေ​နိုင်​ရာ။ သူ​တို့၏​မီး​သည်​လည်း မ​ငြိမ်း​နိုင်​ရာ။ လူ​သ​တ္တ​ဝါ​အ​ပေါင်း​တို့၌ ရွံ​ရှာ​ဖွယ် ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ပ​ရော​ဖက်​ဟေ​ရှာ​ယ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

အို ဣ​သ​ရေ​လ​အ​မျိုး၏ မျှော်​လင့်​စ​ရာ အ​ကြောင်း​ဖြစ်​သော ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို စွန့်​ပစ်​သော​သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ​ရ​ကြ​ပါ​လိမ့်​မည်။ ငါ့​ထံ​မှ ထွက်​သွား​သော​သူ​တို့​သည် မြေ​စာ​ရင်း​သို့ ဝင်​ရ​ကြ​ပါ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​သက်​စမ်း​ရေ​တွင်း တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ပစ်​ကြ​သ​တည်း။

အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ တည်း​ခို​ခြင်း​ငှာ မျက်​နှာ​ပြု​သော ယု​ဒ​အ​မျိုး​သား​အ​ကျန်​အ​ကြွင်း​တို့​ကို ငါ​သည်​ယူ၍၊ သူ​တို့​သည် ထို​ပြည်၌ သေ​ကြေ​ပျက်​စီး​ကြ​လိမ့်​မည်။ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် ပျက်​စီး​ခြင်း​သို့​လည်း​ကောင်း၊ အ​ငယ်​ဆုံး​သော​သူ​မှ​စ၍ အ​ကြီး​ဆုံး​သော သူ​တိုင်​အောင် ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် သေ​ကြေ​ပျက်​စီး​ခြင်း​သို့​လည်း​ကောင်း ရောက်၍၊ ဆဲ​ရေး​ခြင်း၊ အံ့​ဩ​ခြင်း၊ ကျိန်​ခြင်း၊ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ဖို့​ရာ ဖြစ်​ကြ​လိမ့်​မည်။

အ​ဘယ်​သူ​သည် ပ​ညာ​ရှိ​သ​နည်း။ ထို​သူ​သည် ဤ​အ​ရာ​တို့​ကို နား​လည်​လိမ့်​မည်။ အ​ဘယ်​သူ​သည် ဉာဏ်​ကောင်း​သ​နည်း။ ထို​သူ​သည် ဤ​အ​ရာ​တို့​ကို သိ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​လမ်း​တော်​တို့​သည် ဖြောင့်​ကြ၏။ ဖြောင့်​မတ်​သော သူ​တို့​သည် လိုက်​ကြ​လိမ့်​မည်။ အ​ဓ​မ္မ​လူ​တို့​မူ​ကား၊ ထို​လမ်း​တို့၌ ထိ​မိ၍ လဲ​ကြ​လိမ့်​မည်။ ပ​ရော​ဖက်​ဟော​ရှေ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

ငြိမ်​ဝပ်​ခြင်း​ရှိ၏၊ ဘေး​အ​န္တ​ရာယ်​နှင့် ကင်း​လွတ်၏​ဟု ဆို​စဉ်​တွင်၊ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ၌ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ရောက်​သ​ကဲ့​သို့၊ သူ​တို့​အ​ပေါ်၌ လျင်​မြန်​စွာ​သော ပျက်​စီး​ခြင်း​ရောက်၍ လွတ်​ခြင်း​အ​ခွင့် မ​ရှိ​ရ​ကြ။-

ယ​ခု​ရှိ​သော မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​မူ​ကား၊ တ​ရား​ဆုံး​ဖြတ်၍ အ​ဓ​မ္မ​လူ​တို့​ကို ဖျက်​ဆီး​သော နေ့​ရက်​တိုင်​အောင်၊ ထို​နှုတ်​က​ပတ် တော်​အား​ဖြင့် သို​ထား​လျက်​ရှိ၍၊ မီး​ရှို့​ခြင်း​အ​ဖို့​အ​လို​ငှာ နေ​ရစ်​သ​တည်း။

ကြောက်​တတ်​သော​သူ၊ မ​ယုံ​ကြည်​သော​သူ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ မ​တ​ရား​သော မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ပြု​စား​တတ်​သော​သူ၊ ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ၊ သ​စ္စာ​ပျက်​သော​သူ အ​ပေါင်း​တို့​မူ​ကား၊ ဒု​တိ​ယ​သေ​ခြင်း​တည်း​ဟူ​သော ကန့်​နှင့်​လောင်​သော မီး​အိုင်​ထဲ၌ မိ​မိ​တို့​အ​ဖို့​ကို ရ​ကြ​လိမ့်​မည် ဟူ၍​လည်း​ကောင်း ငါ့​အား မိန့်​တော်​မူ၏။

သို့​မ​ဟုတ် သင်​တို့​သည် ဒု​စ​ရိုက်​ပြု​မြဲ​ပြု​လျှင်၊ ရှင်​ဘု​ရင်​နှင့်​တ​ကွ ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ကြ​လိမ့်​မည်​ဟု လူ​များ​တို့​အား ပြော​ဆို​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ