Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ဗြဲ 9:5

Judson Bible

ထို​သေ​တ္တာ​ပေါ်​မှာ ဘုန်း​ကြီး​သော ခေ​ရု​ဗိမ်​တို့​သည် အ​ပြစ်​ဖြေ​ရာ​ပ​လ္လင်​ကို လွှမ်း​မိုး​လျက်​ရှိ​ကြ၏။ ထို​အ​ရာ​များ​ကို ယ​ခု သေ​ချာ​စွာ ပြော​စ​ရာ​အ​ကြောင်း​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ဟေ​ဇ​ကိ​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ လျှောက်​ဆို​သည်​ကား၊ ခေ​ရု​ဗိမ်​ပေါ်​မှာ​ထိုင်​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင် မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ ကိုယ်​တော်​သည် ကောင်း​ကင်​နှင့်​မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ၏။

ထို​အ​ခါ အိမ်​တော်​ဦး၊ အ​ဆောင်​ကြီး၊ ဘ​ဏ္ဍာ​တိုက်၊ အ​ထက်​ခန်း၊ အ​တွင်း​ခန်း၊ က​ရု​ဏာ​ပ​လ္လင်​ထား​ရာ​အ​ခန်း၏​ပုံ​ကို​လည်း​ကောင်း၊

သိုး​စု​ကို ပို့​ဆောင်​သ​ကဲ့​သို့ ယော​သပ်​အ​မျိုး​ကို ပို့​ဆောင်​တော်​မူ​သော ဣ​သ​ရေ​လ​သိုး​ထိန်း​ကြီး၊ နား​ထောင်​တော်​မူ​ပါ။ ခေ​ရု​ဗိမ်​တွင် ကျိန်း​ဝပ်​တော်​မူ​သော​ဘု​ရား၊ ရောင်​ခြည်​တော်​ကို လွှတ်​တော်​မူ​ပါ။

ထာ​ဝ​ရ​ဘု​ရား​သည် စိုး​စံ​တော်​မူ၏။ လူ​များ​တို့​သည် တုန်​လှုပ်​ခြင်း​ရှိ​ကြ​စေ။ ခေ​ရု​ဗိမ်​တွင် ကျိန်း​ဝပ်​တော်​မူ၏။ မြေ​ကြီး​သည် လှုပ်​ရှား​ခြင်း​ရှိ​စေ။

ထို​အ​ခါ​သူ​သည် သေ​ဘေး​နှင့်​ကင်း​လွတ်​မည်​အ​ကြောင်း၊ နံ့​သာ​ပေါင်း​အ​ခိုး​အ​ငွေ့​သည် သက်​သေ​ခံ​ချက်​အ​ပေါ်​မှာ​ရှိ​သော သေ​တ္တာ​အ​ဖုံး​ကို မွှန်း​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ နံ့​သာ​ပေါင်း​ကို မီး​ပေါ်​မှာ​တင်​ရ​မည်။

သင်၏​အစ်​ကို​အာ​ရုန်​သည် သေ​ဘေး​နှင့်​ကင်း​လွတ်​မည်​အ​ကြောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ထဲ၊ သေ​တ္တာ​အ​ပေါ်​မှာ​တင်​သော​အ​ဖုံး​ကို ကွယ်​ကာ​သော ကု​လား​ကာ​အ​တွင်း​သို့ အ​ခါ​ခပ်​သိမ်း​မ​ဝင်​စေ​ခြင်း​ငှာ ဆင့်​ဆို​လော့။ ငါ​သည် သေ​တ္တာ​ဖုံး​အ​ပေါ်၊ မိုး​တိမ်၌​ထင်​ရှား​မည်။

မော​ရှေ​သည် ဘု​ရား​သ​ခင်​ကို​လျှောက်​ခြင်း​ငှာ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ထဲ​သို့​ဝင်​သော​အ​ခါ၊ ခေ​ရု​ဗိမ်​နှစ်​ပါး​ကြား​မှာ၊ သက်​သေ​ခံ​ချက်​သေ​တ္တာ​အ​ပေါ်၌ တင်​သော အ​ဖုံး​အ​ထက်​က၊ ဘု​ရား​သ​ခင်​ခေါ်​တော်​မူ​သံ​ကို မော​ရှေ​သည်​ကြား၍ ထူး​လေ၏။

ထို​သူ​တို့​သည် ဣ​သ​ရေ​လ​လူ​ဖြစ်၍၊ သား​အ​ရာ၌ ချီး​မြှောက်​ခြင်း​နှင့်​လည်း​ကောင်း၊ ဘုန်း​အာ​နု​ဘော်​တော်​နှင့်​လည်း​ကောင်း၊ ပ​ဋိ​ညာဉ်​တ​ရား​တို့​နှင့်​လည်း​ကောင်း၊ ပ​ညတ်​တ​ရား​ထား​ခြင်း​နှင့်​လည်း​ကောင်း၊ ဝတ်​ပြု​ခြင်း​နှင့်​လည်း​ကောင်း၊ က​တိ​တော်​တို့​နှင့်​လည်း​ကောင်း၊ ဆိုင်​ကြ၏။-

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို အ​ကြောင်း​ပြု၍ ထာ​ဝ​ရ​အ​ကြံ​တော် ရှိ​သည်​နှင့်​အ​ညီ၊ ကောင်း​ကင်​အ​ရပ်​တို့၌ အ​ထွဋ်​အ​မြတ် အာ​ဏာ​စက်​တို့​သည်၊ ဘု​ရား​သ​ခင်၏ ထူး​ဆန်း​သော ပ​ညတ်​တော်​ကို အ​သင်း​တော်​အား​ဖြင့် ယ​ခု​သိ​ရ​ကြ​မည် အ​ကြောင်း​တည်း။-

ထို​ကြောင့်၊ ငါ​တို့​သည် သ​နား​ခြင်း က​ရု​ဏာ​ကို​လည်း​ကောင်း၊ တော်​လျော်​သော​မ​စ​ခြင်း ကျေး​ဇူး​တော်​ကို​လည်း​ကောင်း ခံ​ရ​မည်​အ​ကြောင်း၊ ရဲ​ရင့်​သော​စိတ်​နှင့် ကျေး​ဇူး​ပ​လ္လင်​တော်​သို့ တိုး​ဝင် ချည်း​ကပ်​ကြ​ကုန်​အံ့။

ကိုယ်​ဟော​ပြော​ပြု​စု​သော အ​ရာ​များ​တို့​သည်၊ ကိုယ်​အ​ဖို့ မ​ဟုတ်၊ သင်​တို့​အ​ဖို့ ဖြစ်​သည်​ဟု ထို​သူ​တို့​အား ဖွင့်​ပြ​တော်​မူ၏။ ကောင်း​ကင်​ဘုံ​မှ စေ​လွှတ်​တော်​မူ​သော သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ပါ​လျက်၊ သင်​တို့​အား ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​သော​သူ​တို့​သည်၊ ထို​အ​ရာ​များ​ကို သင်​တို့​အား ယ​ခု​ကြား​ပြော​ကြ​ပြီ။ ထို​အ​ရာ​တို့​ကို ကောင်း​ကင်​တ​မန်​တို့​သည် စေ့​စေ့​ကြည့်​ရှု စဉ်း​စား​ချင်​သော စေ​တ​နာ​စိတ် ရှိ​ကြ၏။

လူ​များ​တို့​သည် ရှိ​လော​မြို့​သို့ လူ​ကို​စေ​လွှတ်၍၊ ခေ​ရု​ဗိမ်​စပ်​ကြား​မှာ​နေ​သော ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို ဆောင်​ခဲ့​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​နှင့်​အ​တူ ဧ​လိ၏​သား ဟော​ဖ​နိ​နှင့်​ဖိ​န​ဟတ် နှစ်​ယောက်​တို့​သည် ပါ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ