ထိုမှတစ်ပါး၊ ဆယ်ဖို့တစ်ဖို့ကိုခံတတ်သော လေဝိသည် အာဗြဟံအားဖြင့် ဆယ်ဖို့တစ်ဖို့ကိုပေးပြီဟု ဆိုစရာ အခွင့်ရှိ၏။-
သင်၏ရန်သူတို့ကို သင်၏လက်၌အပ်နှံတော်မူသော အမြင့်ဆုံးသော ဘုရားသခင်လည်း၊ မင်္ဂလာရှိတော်မူစေသတည်းဟု မြွက်ဆို၏။ အာဗြံသည်လည်း ဥစ္စာရှိသမျှတို့ကို၊ ထိုမင်းအား ဆယ်ဖို့တစ်ဖို့လှူလေ၏။
တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကိုဖွင့်၏။-
ဤအကြောင်းအရာဟူမူကား၊ အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရား ဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။-
သုံးနှစ်တွင် ဆယ်ဖို့တစ်ဖို့ပေးရသော တတိယနှစ် ရောက်သောအခါ၊ အစီးအပွားရှိသမျှတို့ကို ဆယ်ဖို့တစ်ဖို့ကောက်ယူ၍၊ လေဝိသား၊ တစ်ပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမတို့ကို သင့်နေရာမြို့များ၌ ဝစွာကျွေးမွေးပြီးမှ၊
အကြောင်းမူကား၊ မေလခိဇေဒက်သည် အာဗြဟံကိုတွေ့သောအခါ၊ လေဝိသည် မိမိအဘ၏ကိုယ်၌ ရှိသတည်း။
အမျိုး၏ အဘအာဗြဟံသည်၊ လက်ရဥစ္စာများကို ဆယ်ဖို့တစ်ဖို့လှူ၍ အလှူခံသောထိုမင်းသည် အဘယ်မျှလောက် ကြီးမြတ်သည်ကို ဆင်ခြင်ကြလော့။-
ထိုမှတစ်ပါး၊ သေတတ်သောသူတို့သည် ယခုအခါ ဆယ်ဖို့တစ်ဖို့ကို ခံလေ့ရှိ၏။ ထိုအခါမူကား အသက်ရှင်သည်ဟု သက်သေခံခြင်းကို ရသောသူသည် ဆယ်ဖို့တစ်ဖို့ကိုခံရ၏။-