Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ဗြဲ 7:7

Judson Bible

ကြီး​သော​သူ​သည် ငယ်​သော​သူ​ကို ကောင်း​ချီး​ပေး​တတ်​သည်​ကို ငြင်း​ခုံ​ဖွယ်​မ​ရှိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ဤ​သူ​တို့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​ဆယ်​နှစ်​မျိုး​ဖြစ်၏။ ဤ​စ​ကား​သည်​လည်း သူ​တို့​အ​ဘ​မြွက်​ဆို၍၊ သူ​တို့​အ​သီး​အ​သီး​ခံ​ရ​သော​မင်္ဂ​လာ​ရှိ​သည်​အ​တိုင်း၊ ကောင်း​ချီး​ပေး​သော​စ​ကား​ပေ​တည်း။

ထို​နောက် ဒါ​ဝိဒ်​သည် နန်း​တော်​သား​တို့​ကို ကောင်း​ချီး​ပေး​ခြင်း​ငှာ သွား၍​ရောက်​သော​အ​ခါ၊ ရှော​လု၏​သ​မီး မိ​ခါ​လ​သည် ဆီး၍​ကြို​လျက်၊ လျှပ်​ပေါ်​သော​သူ​သည် အ​ရှက်​မ​ရှိ​ဘဲ ကိုယ်​အ​ဝတ်​ကို​ချွတ်​သ​ကဲ့​သို့၊ ယ​နေ့ ကျွန်​ယောက်ျား ကျွန်​မိန်း​မ​များ​ရှေ့​တွင် အ​ဝတ်​တော်​ကို​ချွတ်​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည်၊ ယ​နေ့​အ​ဘယ်​မျှ​လောက် ဘုန်း​ကြီး​တော်​မူ​ပါ​သည်​တ​ကား​ဟု ဆို၏။

မတ်​တတ်​နေ​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို ကျယ်​သော​အ​သံ​နှင့် ကောင်း​ချီး​ပေး​သော​စ​ကား​ဟူ​မူ​ကား၊

ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​သည်​ထ၍ လူ​များ​တို့​ကို ကောင်း​ချီး​ပေး​ကြ၏။ သူ​တို့​စ​ကား​သံ​ကို ဘု​ရား​သ​ခင်​ကြား​တော်​မူ၏။ သန့်​ရှင်း​သော​ကျိန်း​ဝပ်​တော်​မူ​ရာ၊ ကောင်း​ကင်​ဘုံ​သို့ ပ​တ္ထ​နာ​စ​ကား​တက်​လေ၏။

သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ မေ​တ္တာ​တော်​လည်း​ကောင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ မိတ်​သ​ဟာ​ယ​တော်​လည်း​ကောင်း၊ သင်​တို့​အ​ပေါင်း၌ ရှိ​စေ​သ​တည်း။ အာ​မင်။ ကော​ရိ​န္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး၏။

အို ကောင်း​ကင်၊ နား​ထောင်​လော့၊ ငါ​ပြော​မည်။ အို​မြေ​ကြီး၊ ငါ​မြွက်​ဆို​သော​စ​ကား​ကို ကြား​လော့။

မှန်​သော​ကိုး​ကွယ်​ခြင်း၏ နက်​နဲ​သော​အ​ရာ​သည် ကြီး​စွာ​သော​အ​ရာ​ဖြစ်​သည်​ဟု ငြင်း​ခုံ​ရန်​မ​ရှိ။ ဘု​ရား​သ​ခင်​သည် ကိုယ်​ခ​န္ဓာ၌ ပေါ်​ထွန်း​တော်​မူ​ပြီ။ ဟုတ်​မှန်​တော်​မူ​ခြင်း​အ​ကြောင်း​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ထင်​ရှား​ပြီ။ ကောင်း​ကင်​တ​မန်​တို့​သည် ကိုယ်​တော်​ကို ရှု​မြင်​ရ​ကြ​ပြီ။ တစ်​ပါး​အ​မျိုး​သား​တို့​သည် သ​တင်း​တော်​ကို ကြား​ရ​ကြ​ပြီ။ လော​ကီ​သား​တို့​သည် ယုံ​ကြည်​ရ​ကြ​ပြီ။ ဘုန်း​အ​သ​ရေ​နှင့်​တ​ကွ အ​ထက်​သို့ ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ​ပြီ။

သူ​တို့​အ​မျိုး​မ​ဟုတ်​သော ထို​မင်း​မူ​ကား၊ အာ​ဗြ​ဟံ၏​လက်​မှ ဆယ်​ဖို့​တစ်​ဖို့​ကို ခံ​လေ၏။ က​တိ​တော်​တို့​ကို​ခံ​ရ​သော သူ​ကို​လည်း ကောင်း​ချီး​ပေး​လေ၏။-

ထို​မှ​တစ်​ပါး၊ သေ​တတ်​သော​သူ​တို့​သည် ယ​ခု​အ​ခါ ဆယ်​ဖို့​တစ်​ဖို့​ကို ခံ​လေ့​ရှိ၏။ ထို​အ​ခါ​မူ​ကား အ​သက်​ရှင်​သည်​ဟု သက်​သေ​ခံ​ခြင်း​ကို ရ​သော​သူ​သည် ဆယ်​ဖို့​တစ်​ဖို့​ကို​ခံ​ရ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ