အဘမရှိ၊ အမိမရှိ၊ ရှေးမျိုးစဉ်မရှိ၊ အသက် အပိုင်းအခြားမရှိဘဲ၊ ဘုရားသခင်၏ သားတော်နှင့်တူ၍၊ ယဇ်ပုရောဟိတ်အရာ၌ အစဉ်အမြဲတည်၏။-
ကောဟတ်သားကား၊ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။ ကောဟတ်အသက်သည် အနှစ်တစ်ရာသုံးဆယ်သုံးနှစ်ရှိသတည်း။
ဒုတိယလ၊ ပထမနေ့၌ ပရိသတ်အပေါင်းကိုစည်းဝေးစေပြီးမှ၊ အဆွေအမျိုးစာရင်းကိုဖော်ပြ၍ အနှစ်နှစ်ဆယ်လွန်သောသူတို့၏ နာမည်ပေါင်းကိုမှတ်သဖြင့်၊
ထိုအခါ စုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့် ဖြစ်စေခြင်းငှာ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။-
ယခုမူကား၊ ကောင်းကင်ဘုံထဲသို့ ကြွဝင်တော်မူသော ယဇ်ပုရောဟိတ်မင်းအကြီးတည်းဟူသော ဘုရားသခင်၏ သားတော်ယေရှုသည် ငါတို့၌ ယဇ်ပုရောဟိတ်မင်း ဖြစ်တော်မူသောကြောင့်၊ ငါတို့သည် ဝန်ခံခဲ့ပြီးသောအရာ၌ တည်ကြည်ကြကုန်အံ့၊-
မင်းကြီးများကို လုပ်ကြံရာမှ ပြန်လာသော အာဗြဟံကို ခရီးဦးကြိုပြု၍ ကောင်းချီးပေးပြီးလျှင်၊-
အကြောင်းမူကား၊ သင်သည် မေလခိဇေဒက်နည်းတူ၊ ထာဝရ ယဇ်ပုရောဟိတ်ဖြစ်သည်ဟု သက်သေခံတော်မူသတည်း။
အာဗြဟံလှူသော လက်ရဥစ္စာရှိသမျှကို ဆယ်ဖို့တစ်ဖို့ခံယူသော ထိုရှာလင်မင်းကြီးတည်းဟူသော အမြင့်ဆုံးသော ဘုရားသခင်၏ ယဇ်ပုရောဟိတ် မေလခိဇေဒက်သည်၊ နာမရင်းအနက်အားဖြင့် တရားမင်း၊ ထိုမှတစ်ပါး၊ ငြိမ်သက်ခြင်းမင်းဟုဆိုလိုသော ရှာလင်မင်း ဖြစ်လျက်၊-
သူတို့အမျိုးမဟုတ်သော ထိုမင်းမူကား၊ အာဗြဟံ၏လက်မှ ဆယ်ဖို့တစ်ဖို့ကို ခံလေ၏။ ကတိတော်တို့ကိုခံရသော သူကိုလည်း ကောင်းချီးပေးလေ၏။-