Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ဗြဲ 6:7

Judson Bible

ဥ​ပ​မာ​ကား၊ အ​ကြင်​မြေ​သည် မိ​မိ​အ​ပေါ်​သို့ အ​ဖန်​ဖန်​ကျ​သော မိုး​ရေ​ကို​သောက်၍၊ လုပ်​သော​သူ​သုံး​ဖို့ ဟင်း​သီး​ဟင်း​ရွက်​ကို ဖြစ်​စေ​တတ်၏။ ထို​မြေ​သည် ဘု​ရား​သ​ခင်၏ ကောင်း​ကြီး​မင်္ဂ​လာ​ကို ခံ​တတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

တ​စ်​ဖန်​ဘု​ရား​သ​ခင်​က၊ မြေ​သည် မြက်​ပင်​ကို​လည်း​ကောင်း၊ စ​ပါး​သီး​ကို​ဖြစ်​စေ​သော စ​ပါး​ပင်​ကို​လည်း​ကောင်း၊ မြေ​ပေါ်​မှာ မျိုး​စေ့​ပါ​လျက် သစ်​သီး​မျိုး​ကို​ဖြစ်​စေ​သော သစ်​ပင်​ကို​လည်း​ကောင်း၊ ပေါက်​စေ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ဖြစ်​လေ​၏။

အ​ဘ​ဣ​ဇာက်​က​လည်း၊ သူ့​အ​ဝတ်၏​အ​နံ့​ကို ခံ၍​ကြည့်​ပါ။ ငါ့​သား၏​အ​နံ့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သော လယ်​၏​အ​မွှေး​အ​ကြိုင်​နှင့်​တူ၏။

မျက်​ရည်​ကျ​လျက် ကြဲ​ရန်​မျိုး​စေ့​ကို​ဆောင်၍ ထွက်​သွား​သော​သူ​သည်၊ ကောက်​လှိုင်း​များ​ကို​ဆောင်​လျက် ရွှင်​လန်း​သော​စိတ်​နှင့် အ​မှန်​ပြန်​လာ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​မှ ကောင်း​ချီး​မင်္ဂ​လာ​ကို​လည်း​ကောင်း၊ ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​လက်​တော်​မှ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို​လည်း​ကောင်း ခံ​ရ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ ရေ​ငတ်​သော​သူ​အ​ပေါ်​မှာ ရေ​ကို ငါ​သွန်း​လောင်း၍၊ သွေ့​ခြောက်​သော​မြေ​ကို ရေ​လွှမ်း​မိုး​စေ​မည်။ သင်၏ အ​မျိုး​အ​ပေါ်​မှာ ငါ့​ဝိ​ညာဉ်​ကို​လည်း​ကောင်း၊ သင်၏​အ​နွယ်​အ​ပေါ်​မှာ ငါ့​ကောင်း​ချီး​မင်္ဂ​လာ​ကို​လည်း​ကောင်း ငါ​သွန်း​လောင်း​မည်။

သူ​တို့​ကို​လည်း​ကောင်း၊ ငါ၏​တောင်​တော်​ပတ်​လည်၌ ရှိ​သော အ​ရပ်​တို့​ကို​လည်း​ကောင်း ငါ​ကောင်း​ချီး​ပေး၍၊ အ​ချိန်​တန်​လျှင် မိုး​ကို​ရွာ​စေ​သ​ဖြင့်၊ ကောင်း​ချီး​မိုး​ရေ​ကျ​ရ​လိမ့်​မည်။

ကိုယ်​အ​ဖို့ ဖြောင့်​မတ်​ခြင်း​မျိုး​စေ့​ကို​ကြဲ၍၊ က​ရု​ဏာ​တော် အ​သီး​အ​နှံ​ကို ရိတ်​ကြ​လော့။ မ​လုပ်​သေး​သော လယ်​ကို ထွန်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ကြွ​လာ၍၊ သင်​တို့​အ​ပေါ်​သို့ ဖြောင့်​မတ်​ခြင်း​မိုး​ကို ရွာ​စေ​တော်​မ​မူ​မီ တိုင်​အောင်၊ ကိုယ်​တော်​ကို ရှာ​ရ​သော​အ​ချိန် ရောက်​လေ​ပြီ။

အ​ဋ္ဌ​မတွင် သင်​တို့​ကို​ငါ​ကောင်း​ကြီး​ပေး၍၊ ထို​နှစ်​တွင် သုံး​နှစ်​အ​ဖို့ အ​သီး​အ​နှံ​ကို​ဖြစ်​စေ​မည်။

ဆယ်​ဖို့​တစ်​ဖို့​ရှိ​သ​မျှ​ကို ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း၍၊ ငါ့​အိမ်​တော်၌ စား​စ​ရာ​ရှိ​စေ​ခြင်း​ငှာ ပြု​ကြ​လော့။ ငါ​သည် မိုး​ကောင်း​ကင်​ပြတင်း​ပေါက်​တို့​ကို​ဖွင့်၍ ကောင်း​ကြီး​မင်္ဂ​လာ​ကို အ​ကုန်​အ​စင်​သွန်း​လောင်း​မည် မ​သွန်း​လောင်း​မည်​ကို ထို​သို့ စုံ​စမ်း​ကြ​လော့​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

တောင်း​သော​သူ​မည်​သည်​ကား ရ၏။ ရှာ​သော​သူ​လည်း တွေ့၏။ ခေါက်​သော​သူ​အား​လည်း တံ​ခါး​ကို​ဖွင့်၏။-

လယ်​လုပ်​သော​သူ​သည်​လည်း အ​ရင်​လုပ်​ပြီး​မှ အ​သီး​အ​နှံ​ကို​ခံ​ရ​မည်။-

ထို​ကြောင့်၊ ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​သည်​တိုင်​အောင် သည်း​ခံ​လျက် စောင့်​နေ​ကြ​လော့။ အ​ကယ်၍ လယ်​လုပ်​သော​သူ​သည် အ​ရင်​မိုး၊ နောက်​မိုး​ကို​ရ​သည်​တိုင်​အောင်၊ အ​ဖိုး​ထိုက်​သော မြေ​အ​သီး​ကို သည်း​ခံ​လျက် စောင့်​နေ၍ မျှော်​လ​င့်​တတ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ