ဟေဗြဲ 6:14Judson Bibleငါသည်သင့်အား အစဉ်အမြဲကောင်းချီးပေးမည်။ သင့်ကို အစဉ်အမြဲပွားများစေမည်ဟု ကျိန်ဆိုတော်မူ၏။- အခန်းကိုကြည့်ပါ။ |
ကိုယ်တော်က သင်တို့အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့ ငါများပြားစေမည်။ ငါပြောခဲ့သော ဤမြေရှိသမျှကို သင်တို့အမျိုးအနွယ်အား ငါပေးသဖြင့်၊ သူတို့သည် အစဉ်အမြဲအမွေခံရကြလိမ့်မည်ဟု ကိုယ်ကိုကိုယ်တိုင်တည်၍ ကျိန်ဆိုတော်မူသောစကားကို ခံခဲ့ပြီးသော ကိုယ်တော်၏ကျွန် အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့ကို အောက်မေ့တော်မူပါဟု မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်လေ၏။