Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ဗြဲ 5:2

Judson Bible

သူ​သည် ကိုယ်​တိုင်​နွမ်း​ရိ​အား​နည်း​ခြင်း​ရှိ​သည်​ဖြစ်၍၊ မိုက်​သော​သူ၊ မှား​ယွင်း​သော​သူ​တို့​ကို သည်း​ခံ​ခြင်း​ငှာ တတ်​နိုင်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ငါ​မှာ​ထား​သော​လမ်း​မှ အ​လျင်​အ​မြန်​လွှဲ​သွား၍၊ နွား​သ​ငယ်​ရုပ်​ကို​သွန်း​ပြီး​လျှင်၊ အို​ဣ​သ​ရေ​လ​အ​မျိုး၊ ဤ​ဘု​ရား​သည် သင့်​ကို​အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​ခဲ့​သော ဘု​ရား​ဖြစ်​တော်​မူ၏​ဟု​ဆို​လျက်၊ ရုပ်​တု​ရှေ့​မှာ ယဇ်​ပူ​ဇော်​ကိုး​ကွယ်​ကြ​ပြီ​ဟူ၍​လည်း​ကောင်း၊

စိတ်​သ​ဘော ဖောက်​ပြန်​သော​သူ​တို့​သည် ပ​ညာ​သ​တိ​ကို ရ​ကြ၍၊ ဆန့်​ကျင်​ဘက်​ပြု​သော သူ​တို့​သည်​လည်း၊ ဆုံး​မ​ဩ​ဝါ​ဒ​စ​ကား​ကို နာ​ယူ​ကြ​လိမ့်​မည်။

လမ်း​လွှဲ​ကြ​ပါ။ မှန်​သော​လမ်း​ကို ရှောင်​ကြ​ပါ။ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား​ကို ငါ​တို့​ရှေ့​မှာ ကွယ်​ထား​ကြ​ပါ​ဟု ပ​ရော​ဖက်​တို့​အား​လည်း​ကောင်း ဆို​တတ်​ကြ၏။

သင်၏​ယုံ​ကြည်​သော​စိတ် မ​ပျက်​စေ​ခြင်း​ငှာ ငါ​သည် သင့်​အ​ဖို့​ဆု​တောင်း​လေ​ပြီ။ သင်​သည် သ​တိ​ရ​ပြန်​သော​အ​ခါ သင်၏​ညီ​အစ်​ကို​တို့​ကို တည်​ကြည်​စေ​လော့​ဟု မိန့်​တော်​မူ​လျှင်၊-

ငါ​သည် မ​ဝါ​ကြွား​ဘဲ မ​နေ​ရ​သည်​မှန်​လျှင်၊ ကိုယ်​နွမ်း​ရိ​သော​အ​ဖြစ်​ကို​သာ အ​ကြောင်း​ပြု၍ ဝါ​ကြွား​မည်။-

ထို​သို့​သော​သူ​ကို ဝါ​ကြွား​မည်။ နွမ်း​ရိ​အား​နည်း​ခြင်း​မှ​တစ်​ပါး ကိုယ်​ဂုဏ်​ကို မ​ဝါ​ကြွား။-

ငါ​သည် ကိုယ်​နာ​ခြင်း​ရော​ဂါ​နှင့်​တ​ကွ၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သင်​တို့​အား အ​ထက်​က ဟော​ပြော​ကြောင်း​ကို သင်​တို့​သိ​ကြ၏။-

ထို​သူ​တို့​သည် ဉာဏ်​အ​လင်း​ကွယ်​သည်​ဖြစ်၍၊ စိတ်​နှ​လုံး မိုက်​မဲ​သော​အား​ဖြင့် အ​လျှင်း​မ​သိ သော​ကြောင့်၊ ဘု​ရား​သ​ခင်၏​အ​သက်​နှင့် ကွာ​ရှင်း​လျက်​ရှိ​ကြ၏။-

ငါ​သည် ကဲ့​ရဲ့​သော​သူ၊ ညှဉ်း​ဆဲ​သော​သူ၊ ကြမ်း​ကြုတ်​သော​သူ ဖြစ်​ဖူး​သော်​လည်း၊ သ​စ္စာ​ရှိ​သော​သူ​ဟု ထို​သ​ခင်​သည် မှတ်၍၊ ဓ​မ္မ​ဆ​ရာ​အ​ရာ၌ ခန့်​ထား​တော်​မူ၏။ ထို​သို့​ငါ​ပြု​သော​အ​ခါ ယုံ​ခြင်း​မ​ရှိ၊ အ​မှန်​မ​သိ​ဘဲ ပြု​သော​ကြောင့်၊ က​ရု​ဏာ​တော်​ကို ငါ​ခံ​ရ​ပြီ။-

ခြေ​မ​စွမ်း​သော​သူ​တို့​သည် အ​ဆစ်​မ​ပြုတ်​သည် သာ​မ​က၊ ချမ်း​သာ​ရ​စေ​ခြင်း​ငှာ၊ သင်​တို့​သွား​ဖို့​ရာ ဖြောင့်​သော​လမ်း​တို့​ကို ပြင်​ဆင်​ကြ​လော့။-

ထို​ကြောင့်၊ ခ​ရစ်​တော်​သည် လူ​တို့၏ အ​ပြစ်​ဖြေ​စ​ရာ​အ​ကြောင်း​ကို စီ​ရင်၍၊ ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့၌ က​ရု​ဏာ​နှင့်​လည်း​ကောင်း၊ သ​စ္စာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော ယဇ်​ပု​ရော​ဟိတ်​အ​ကြီး ဖြစ်​အံ့​သော​ငှာ၊ မိ​မိ​ညီ​အစ်​ကို​တို့​နှင့် လုံး​လုံး​တူ​ရ​သော အ​ကြောင်း​ရှိ၏။-

ထို​သို့ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို ကိုယ်​တော်​တိုင်​ခံ၍ ဒု​က္ခ​ဆင်း​ရဲ​ခြင်း၌ ကျင်​လည်​သော​ကြောင့်၊ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​မှု​နှင့် တွေ့​ကြုံ​သော​သူ​တို့​ကို မ​စ​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏။

ငါ​တို့​ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ဒု​က္ခ​များ​ကြောင့် မ​ကြင်​နာ​နိုင်​သော​သူ​မ​ဟုတ်။ ငါ​တို့​ခံ​ရ​သည်​နည်း​တူ၊ အ​မျိုး​မျိုး​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​တို့​ကို ခံ​ဖူး​သော​သူ​ဖြစ်​တော်​မူ၏။ သို့​ရာ​တွင်၊ ဒု​စ​ရိုက်​အ​ပြစ်​နှင့် ကင်း​လွတ်​တော်​မူ၏။-

ပ​ညတ်​တ​ရား​သည် အ​ပြစ်​ရှိ​သော​သူ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား၏။ ပ​ညတ်​တ​ရား​နောက်၌ ကျိန်​ဆို​တော်​မူ​သော ဗျာ​ဒိတ်​တော်​မူ​ကား၊ အ​စဉ်​အ​မြဲ စုံ​လင်​ခြင်း​သို့​ရောက်​သော သား​တော်​ကို ခန့်​ထား​သ​တည်း။

ဒု​တိ​ယ​တဲ​တော်​အ​တွင်း​သို့ ယဇ်​ပု​ရော​ဟိတ်​မင်း​တစ်​ပါး​တည်း​သာ မိ​မိ​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ လူ​များ​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ ပူ​ဇော်​သော​အ​သွေး​ကို​ဆောင်၍ တစ်​နှစ်​လျှင် တစ်​ခါ​တည်း သာ​ဝင်​ရ၏။-

ညီ​အစ်​ကို​တို့၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် သ​မ္မာ​တ​ရား​လမ်း​မှ​လွဲ​သွား၍ သူ​တစ်​ပါး​သည် ထို​သူ​ကို ပြန်​စေ​လျှင်​မူ​ကား၊-

သင်​တို့​သည် အ​ထက်​က​လမ်း​လွဲ၍ ပျောက်​သော​သိုး​ကဲ့​သို့ ဖြစ်​ကြ၏။ ယ​ခု​မူ​ကား၊ သိုး​ထိန်း​တည်း​ဟူ​သော သင်​တို့၏​ဝိ​ညာဉ်​တို့​ကို အုပ်​စိုး​ကြည့်​ရှု​တော်​မူ​သော အ​ရှင်​ထံ​သို့ ပြန်​ရောက်​ကြ​ပြီ။

ထို​တ​ရား​သူ​ကြီး​တို့​စ​ကား​ကို​လည်း သူ​တို့​သည် နား​မ​ထောင်၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​နှင့်​မှား​ယွင်း၍ ဦး​ညွှတ်​ကြ၏။ ဘိုး​ဘေး​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​တို့​ကို​ကျင့်၍ လိုက်​သော​လမ်း​မှ သူ​တို့​သည် အ​လျင်​အ​မြန်​လွဲ​သွား​သ​ဖြင့်၊ ဘိုး​ဘေး​ကျင့်​သည်​အ​တိုင်း မ​ကျင့်​ကြ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ