Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ဗြဲ 4:6

Judson Bible

ထို​ကြောင့်၊ အ​ချို့​တို့​သည် ဝင်​ရ​ကြ၏။ ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို ရှေ့​ဦး​စွာ ကြား​ရ​သော သူ​တို့​သည် မ​ယုံ​ကြည်​သော​ကြောင့် မ​ဝင်​ရ​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည် ကိုယ်​နာ​မ​ကို၊ ငါ​ရွေး​ကောက်​သော​သူ​တို့၌ ကျိန်​ဆဲ​ဖို့​ရာ ကျန်​ရစ်​စေ​ကြ​လိမ့်​မည်။ အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို ကွပ်​မျက်၍၊ ကိုယ်​တော်၏​ကျွန်​တို့​ကို အ​ခြား​သော​နာ​မ​ဖြင့် မှည့်​တော်​မူ​မည်။

သူ​တို့​ကို ကာ​လ​နာ​ဘေး​ဖြင့် ငါ​သည်​ဒဏ်​ခတ်၍ သား၏​အ​ရာ​ကို​နုတ်​မည်။ သူ​တို့​ထက် သင့်​ကို​သာ၍​စည်​ပင်​သော​အ​မျိုး၊ သာ၍​တန်​ခိုး​ကြီး​သော​အ​မျိုး ဖြစ်​စေ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

ရန်​သူ​လု​ယူ​ရာ​ဖြစ်​လိမ့်​မည်​ဟု သင်​တို့​ဆို​သော​သူ​ငယ်​တို့​ကို ငါ​ဆောင်​သွင်း၍ သင်​တို့​ပယ်​သော​ပြည်​ကို သူ​တို့​သည်​သိ​ရ​ကြ​လိမ့်​မည်။

ထို​ကြောင့် ငါ​ဆို​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို သင်​တို့​မှ​နုတ်၍ နိုင်​ငံ​တော်၏​အ​သီး​ကို သီး​အံ့​သော​လူ​မျိုး​အား ပေး​ရ​လ​တ္တံ့။-

ထို​ကြောင့် ဘု​ရား​သ​ခင်၏ ကယ်​တင်​တော်​မူ​ခြင်း ကျေး​ဇူး​တော်​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား ပေး​လိုက်​သည်​ဖြစ်၍၊ သူ​တို့​သည်​နား​ထောင်​မည်​အ​ရာ​ကို သင်​တို့ သိ​မှတ်​ကြ​လော့​ဟု၊-

ညီ​အစ်​ကို​တို့၊ ငါ​ဆို​သည်​ကား၊ ကျန်​ကြွင်း​သော ကာ​လ​သည် ကျဉ်း​ကျပ်​သည်​ဖြစ်၍၊ မ​ယား​ရှိ​သော​သူ​သည် မ​ယား​မ​ရှိ​သ​ကဲ့​သို့ ဖြစ်​ရ​မည်။-

ဘု​ရား​သ​ခင်​သည် ယုံ​ကြည်​ခြင်း​ကို​ထောက်၍၊ တစ်​ပါး​အ​မျိုး​သား​တို့​ကို ဖြောင့်​မတ်​ရာ၌ တည်​စေ​တော်​မူ​မည်​ဟု ကျမ်း​စာ​သည်​မြော်​မြင်​လျက်၊ အာ​ဗြ​ဟံ​အား အ​မိန့်​ရှိ၍၊ သင့်​အား​ဖြင့် လူ​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​နှင့်​လေ၏။-

ထို​ကြောင့်၊ ဣ​သ​ရေ​လ​လူ​တို့​သည် မ​ယုံ​ကြည်​သော စိတ်​ရှိ​သ​ဖြင့် လဲ​သ​ကဲ့​သို့ ငါ​တို့​သည်​မ​လဲ၊ ထို​ချမ်း​သာ​ထဲ​သို့ ဝင်​ရ​မည်​အ​ကြောင်း ကြိုး​စား​အား​ထုတ်​ကြ​ကုန်​အံ့။-

ငါ​တို့​သည် ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ထို​သူ​တို့​ကဲ့​သို့ ကြား​ရ​ကြ​ပြီ။ သို့​ရာ​တွင် သူ​တို့​ကြား​ရ​သော တ​ရား​စ​ကား​သည်၊ ကြား​ရ​သော​သူ​တို့​အ​ထဲ၌ ယုံ​ကြည်​ခြင်း​နှင့် မ​ရော​နှော​သော​ကြောင့် အ​ကျိုး​ကို​မ​ပေး။-

ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏​လူ​တို့​အ​ဖို့ အ​လို​ငှာ ငြိမ်​ဝပ်​ခြင်း ချမ်း​သာ​တစ်​မျိုး​သည် ကျန်​ရစ်​သေး၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ