ဟေဗြဲ 2:2Judson Bibleကောင်းကင်တမန်များအားဖြင့် ထားတော်မူသော ဗျာဒိတ်တော်သည်တည်၍ ပြစ်မှားလွန်ကျူးခြင်းအမှု အမျိုးမျိုးတို့သည် ခံထိုက်သော အပြစ်ဒဏ်ကို ခံရသည်မှန်လျှင်၊- အခန်းကိုကြည့်ပါ။ |
သင်၏ ဘုရားသခင်ထာဝရဘုရား ပေးတော်မူသော မြို့တို့တွင်၊ နေ၊ လ၊ မိုးကောင်းကင်တန်ဆာအစရှိသော ငါမြစ်တားသမျှ အခြားတစ်ပါးသောဘုရားတို့ကိုသွား၍ ဝတ်ပြုကိုးကွယ်သဖြင့်၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ်ကို လွန်ကျူး၍၊ ရှေ့တော်၌ ဒုစရိုက်ကိုပြုမိသော ယောက်ျားမိန်းမရှိသည်ဟု၊
သင်တို့သည် မိန့်တော်မူသောသူ၏ စကားတော်ကို မငြင်းမပယ်မည်အကြောင်း သတိပြုကြလော့။ မြေကြီးပေါ်မှာ ဗျာဒိတ်တော်ကို ဆင့်ဆိုသောသူ၏စကားကို ငြင်းပယ်သောသူတို့သည် အပြစ်မလွတ်ရသည်မှန်လျှင်၊ ထိုမျှမက၊ ကောင်းကင်ဘုံက မိန့်တော်မူသောသူ၏ စကားကို ငါတို့သည် နားမထောင်ဘဲနေလျှင်၊ သာ၍ကြီးစွာသောအပြစ်နှင့် အဘယ်သို့ ကင်းလွတ်နိုင်မည်နည်း။-