Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟေ​ဗြဲ 11:5

Judson Bible

ဧ​နောက်​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် သေ​ခြင်း​နှင့်​လွတ်၍ ဘ​ဝ​ပြောင်း​ရ၏။ ဘု​ရား​သ​ခင်​သည် သူ့​ကို ဘ​ဝ​ပြောင်း​စေ​တော်​မူ​သော​ကြောင့်၊ သူ​သည် နောက်​တစ်​ဖန် မ​ပေါ်​မ​ရှိ။ သူ​သည် ဘ​ဝ​မ​ပြောင်း​မီ ဘု​ရား​သ​ခင်၏ စိတ်​တော်​နှင့် တွေ့​သော​သူ​ဖြစ်​သည်​ဟု သက်​သေ​ခံ​ခြင်း​ကို ရ​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် ဧ​လိ​ယ​ကို လေ​ပွေ​အား​ဖြင့် ကောင်း​ကင်​သို့ ချီ​တော်​မူ​ချိန်​နီး​သော​အ​ခါ၊ ဧ​လိ​ယ​သည် ဧ​လိ​ရှဲ​နှင့်​အ​တူ ဂိ​လ​ဂါ​လ​မြို့​သို့ သွား၏။

ထို​သို့ နှုတ်​ဆက်​လျက်​သွား​ကြ​စဉ်​တွင်၊ မီး​ရ​ထား​နှင့် မီး​မြင်း​တို့​သည် ပေါ်​လာ၍ ထို​သူ​နှစ်​ယောက်​တို့​ကို ခွဲ​ခွာ​သ​ဖြင့်၊ ဧ​လိ​ယ​သည် လေ​ပွေ​အား​ဖြင့် ကောင်း​ကင်​သို့ တက်​လေ၏။

သေ​ခြင်း​သို့​မ​ရောက်၊ အ​သက်​ရှင်၍ မိ​မိ​ဝိ​ညာဉ်​ကို မ​ရ​ဏာ​နိုင်​ငံ​တန်​ခိုး​မှ ကယ်​နုတ်​နိုင်​သော​သူ​ကား အ​ဘယ်​သူ​နည်း။

တစ်​ဖန် ရှင်​ဘု​ရင်​သည် စာ​ရေး​ဗာ​ရုတ်​နှင့် ပ​ရော​ဖက်​ယေ​ရ​မိ​ကို ဖမ်း​ဆီး​စေ​ခြင်း​ငှာ၊ သား​တော် ယေ​ရ​မေ​လ၊ အာ​ဇ​ရေ​လ​သား စ​ရာ​ယ၊ အာ​ဗ​ဒေ​လ​သား ရှေ​လ​မိ​တို့​ကို စေ​လွှတ်​လေ၏။ သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​နှစ်​ယောက်​တို့​ကို ဝှက်​ထား​တော်​မူ၏။

သူ​သည် ထာ​ဝ​ရ​ဘု​ရား၏ ခ​ရစ်​တော်​ကို​မ​မြင်​မီ မ​သေ​ရ​ဟု ဗျာ​ဒိတ်​တော်​ကို​ရ၏။-

လာ​မက်​အ​ဘ မ​သု​ရှ​လ၊ မ​သု​ရှ​လ​အ​ဘ ဧ​နောက်၊ ဧ​နောက်​အ​ဘ ယာ​ရက်၊ ယာ​ရက်​အ​ဘ မ​ဟာ​လေ​လေ​လ၊ မ​ဟာ​လေ​လေ​လ​အ​ဘ ကာ​ဣ​နန်၊ ကာ​ဣ​နန်​အ​ဘ ဧ​နုတ်၊ ဧ​နုတ်​အ​ဘ ရှေ​သ၊ ရှေ​သ​အ​ဘ အာ​ဒံ၊ အာ​ဒံ​အ​ဘ ဘု​ရား​သ​ခင်​ပေ​တည်း။

ဧ​ဝံ​ဂေ​လိ​တ​ရား​ကို စောင့်​ထိုက်​သော​သူ​ဟု ငါ​တို့​ကို ဘု​ရား​သ​ခင် လက်​ခံ​တော်​မူ​သည်​နှင့်​အ​ညီ၊ လူ​ကို နှစ်​သက်​စေ​သ​ကဲ့​သို့ မ​ဟုတ်၊ ငါ​တို့​စိတ်​နှ​လုံး​ကို စစ်​ကြော​စုံ​စမ်း​တော်​မူ​သော ဘု​ရား​သ​ခင်​ကို နှစ်​သက်​စေ​သ​ကဲ့​သို့ ဟော​ပြော​ကြ၏။-

ယုံ​ကြည်​ခြင်း​မ​ရှိ​လျှင်၊ ဘု​ရား​သ​ခင်၏ စိတ်​တော်​နှင့်​မ​တွေ့​နိုင်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင့် အ​ထံ​တော်​သို့ ချဉ်း​ကပ်​သော​သူ​သည်၊ ဘု​ရား​သ​ခင် ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကို ရှာ​သော​သူ​အား အ​ကျိုး​ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ယုံ​ကြည်​ရ​မည်။-

ယေ​ရှု​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​အား​ဖြင့် လူ​အ​ပေါင်း​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​ရ​သော အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​တ​မန်​တို့​အောက်၌ အ​နည်း​ငယ်​နှိမ့်​ပြီး​မှ၊ အ​သေ​ခံ​ရ​သော​ကြောင့် ခေါင်း​တော်၌ ဘုန်း​အ​သ​ရေ ပတ်​ရစ်​လျက်​ရှိ​သည်​ကို ငါ​တို့​မြင်​ကြ၏။-

ငါ​တို့​သည် ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်၍၊ နှစ်​သက်​တော်​မူ​သော​အ​ကျင့်​တို့​ကို ကျင့်​သော​ကြောင့်၊ ဆု​တောင်း​သ​မျှ​တို့​ကို ဘု​ရား​သ​ခင့် ထံ​တော်​မှ​ရ​ကြ၏။-

အာ​ဒံ​မှ​ဆင်း​သက်၍ ခု​နစ်​ဆက်​မြောက်​သော​သူ ဧ​နောက်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော​သူ​တို့​ကို တ​ရား​စီ​ရင်​တော်​မူ၍၊ မ​တ​ရား​သော​သူ​တို့​သည် မ​တ​ရား​သ​ဖြင့် ပြု​သော အ​ဓ​မ္မ​အ​မှု​ရှိ​သ​မျှ​တို့၏ အ​ပြစ်​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​လူ​ဆိုး​တို့​သည် ဘု​ရား​သ​ခင်​ကို ပြစ်​မှား၍​ပြော​သော ကြမ်း​တမ်း​သော စ​ကား​ရှိ​သ​မျှ​တို့၏ အ​ပြစ်​ကို​လည်း​ကောင်း ဖော်​ပြ​ခြင်း​ငှာ၊ အ​တိုင်း​မ​သိ များ​စွာ​သော မိ​မိ​သန့်​ရှင်း​သူ​တို့​နှင့်​တ​ကွ ကြွ​လာ​တော်​မူ​လိမ့်​မည်​ဟု ပ​ရော​ဖက်​ပြု၍ ဟော​ပြော​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ