Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟော​ရှေ 9:6

Judson Bible

ပျက်​စီး​ရာ​ထဲ​က သူ​တို့​သည် ထွက်​သွား​ကြ​ပြီ။ အဲ​ဂု​တ္တု​ပြည်၌​စု၍ မင်​ဖိ​မြို့၌ သင်္ဂြိုဟ်​ကြ​လိမ့်​မည်။ ငွေ​တန်​ဆာ​ဆင်​သော နေ​ရာ​ဘုံ​ဗိ​မာန်​များ​ကို ဆူး​အ​မျိုး​မျိုး​တို့​သည် လွှမ်း​မိုး​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

32 ပူးပေါင်းရင်းမြစ်များ  

ရှု​ရိ​ရှင်​ဘု​ရင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ဖျက်​ဆီး၍၊ စ​ပါး​နင်း​ရာ​တွင် လွင့်​သော​အ​မှုန့်​ကဲ့​သို့ ဖြစ်​စေ​သ​ဖြင့်၊ မြင်း​စီး​သူ​ရဲ ငါး​ကျိပ်၊ ရ​ထား​တစ်​ဆယ်၊ ခြေ​သည်​သူ​ရဲ​တစ်​သောင်း​ကို​သာ ယော​ခတ်၌​ကြွင်း​စေ၏။

မြေ​ကောင်း​သော​ပြည်​ကို ပြည်​သူ​ပြည်​သား​တို့၏​အ​ပြစ်​ကြောင့် ဆား​မြေ​ဖြစ်​စေ​တော်​မူ၏။

ဆူး​ပင်​များ​ပြား၍၊ မြေ​တစ်​ပြင်​လုံး၌ ဆူး​လေ​ပင်​အ​နှံ့​အ​ပြား​လွှမ်း​မိုး​လျက်၊ ကျောက်​ရိုး​ပြို​လျက်​ရှိ​သည်​ကို၊

ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား​သည် လက်​တော်​ကို​ဆန့်၍၊ ကျန်​ကြွင်း​သော ကိုယ်​တော်၏​လူ​တို့​ကို အာ​ရှု​ရိ​ပြည်၊ အဲ​ဂု​တ္တု​ပြည်၊ ပါ​သ​ရု​ပြည်၊ ကု​ရှ​ပြည်၊ ဧ​လံ​ပြည်၊ ရှိ​နာ​ပြည်၊ ဟာ​မတ်​ပြည်၊ ပင်​လယ်​တစ်​ဖက်၌ ရှိ​သော​ပြည်​များ​တို့​မှ​ကယ်​ယူ​ခြင်း​ငှာ တစ်​ဖန် ပြု​တော်​မူ​လိမ့်​မည်။

ဇော​န​မင်း​တို့​သည် အ​ရူး​ဖြစ်​ကြ​ပြီ။ နော​ဗ​မင်း​တို့​သည် မှား​ယွင်း​ကြ​ပြီ။ အဲ​ဂု​တ္တု​ပြည်၏ အ​မျိုး​အ​နွယ်​များ​ကို​အုပ်​သော အ​ကြီး​အ​ကဲ​တို့​ကို​လည်း မှား​ယွင်း​စေ​ကြ​ပြီ။

အို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ ထို​ကာ​လ၌​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မြစ်​ကြီး​မှ​စ၍၊ အဲ​ဂု​တ္တု​မြစ်​တိုင်​အောင် သစ်​သီး​များ​ကို သိမ်း​ယူ​တော်​မူ​သ​ဖြင့်၊ သင်​တို့​သည် တစ်​ယောက်​နောက်​တစ်​ယောက်၊ ကောက်​သိမ်း​ခြင်း​ကျေး​ဇူး​တော်​ကို ခံ​ရ​ကြ​လိမ့်​မည်။

ငါ့​လူ​တို့၏ မြေ​ကို​လည်း​ကောင်း၊ ဝမ်း​မြောက်​သော​အိမ်​နှင့် ရွှင်​လန်း​သော မြို့​ကို​လည်း​ကောင်း၊ ဆူး​ပင်​အ​မျိုး​မျိုး​တို့​သည် တက်၍ လွှမ်း​မိုး​ကြ​လိမ့်​မည်။

ဘုံ​ဗိ​မာန်​တို့၌​လည်း​ကောင်း၊ ရဲ​တိုက်​တို့၌​လည်း​ကောင်း၊ ဆူး​ပင်​အ​မျိုး​မျိုး ပေါက်​ကြ​လိမ့်​မည်။ မြေ​ခွေး​ခို​ရာ၊ ငှက်​ကု​လား​အုတ်​နေ​ရာ ဖြစ်​ရ​လိမ့်​မည်။

ဥ​ယျာဉ်​ကို ငါ​ရှင်း​ရှင်း​ဖျက်​ဆီး​မည်။ အ​ဘယ်​သူ​မျှ မ​ပြင်​ဆင်​ရ။ အ​ဘယ်​သူ​မျှ မ​တူး​ဆွ​ရ။ ဆူး​ပင်​အ​မျိုး​မျိုး ပေါက်​ကြ​လိမ့်​မည်။ ထို​ဥ​ယျာဉ်​အ​ပေါ်​မှာ​လည်း မိုး​မ​ရွာ​စေ​ခြင်း​ငှာ ငါ​ပ​ညတ်​မည်။

ထို​အ​ခါ စ​ပျစ်​နွယ်​ပင်​တစ်​ထောင်​ရှိ၍၊ ငွေ​တစ်​ထောင် အ​ဖိုး​ထိုက်​သော စ​ပျစ်​ဥ​ယျာဉ်​တိုင်း၊ ဆူး​ပင်​မျိုး​သက်​သက် ဖြစ်​ရ​လိမ့်​မည်။

နော​ဖ​မြို့​သား​နှင့် တာ​ပ​နက်​မြို့​သား​တို့​သည် သင်၏​ဦး​ထိပ်​ကို စား​ကြ​ပြီ။

ထို​ကြောင့် သင်​တို့​သည်​သွား၍ တည်း​ခို​ချင်​သော​အ​ရပ်၌ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​တို့​ဖြင့် သေ​ကြ​လိမ့်​မည်​အ​ကြောင်း​ကို အ​မှန်​သိ​မှတ်​ကြ​လော့​ဟု ယေ​ရ​မိ​သည် ပြန်​ပြော​လေ၏။

အဲ​ဂု​တ္တု​ပြည်၊ မိ​ဂ​ဒေါ​လ​မြို့၊ တာ​ပ​နက်​မြို့၊ နော​ဖ​မြို့၊ ပါ​သ​ရု​အ​ရပ်၌​နေ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​ကို ရည်​မှတ်၍ ယေ​ရ​မိ​သို့ ရောက်​လာ​သော နှုတ်​က​ပတ်​တော်​အား​ဖြင့်၊

အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ တည်း​ခို​ခြင်း​ငှာ မျက်​နှာ​ပြု​သော ယု​ဒ​အ​မျိုး​သား​အ​ကျန်​အ​ကြွင်း​တို့​ကို ငါ​သည်​ယူ၍၊ သူ​တို့​သည် ထို​ပြည်၌ သေ​ကြေ​ပျက်​စီး​ကြ​လိမ့်​မည်။ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် ပျက်​စီး​ခြင်း​သို့​လည်း​ကောင်း၊ အ​ငယ်​ဆုံး​သော​သူ​မှ​စ၍ အ​ကြီး​ဆုံး​သော သူ​တိုင်​အောင် ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် သေ​ကြေ​ပျက်​စီး​ခြင်း​သို့​လည်း​ကောင်း ရောက်၍၊ ဆဲ​ရေး​ခြင်း၊ အံ့​ဩ​ခြင်း၊ ကျိန်​ခြင်း၊ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ဖို့​ရာ ဖြစ်​ကြ​လိမ့်​မည်။

ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​တို့​ဖြင့် ငါ​သည်​ဒဏ်​ပေး​သည်​နည်း​တူ၊ အဲ​ဂု​တ္တု​ပြည်၌​နေ​သော သူ​တို့​ကို ငါ​သည်​ဒဏ်​ပေး​သ​ဖြင့်၊

သင့်​ပတ်​လည်၌ နေ​သော​သူ​တို့​ကို ဓား​တော်​သည် ကိုက်​စား​ပြီ။ ကိုယ်​ကို​ပြင်​ဆင်၍ မြဲ​မြံ​စွာ နေ​လော့​ဟု အဲ​ဂု​တ္တု​ပြည်၌ ကြွေး​ကြော်​ကြ​လော့။ မိ​ဂ​ဒေါ​လ​မြို့၌ သ​တင်း​ကြား​ကြ​လော့။ နော​ဖ​မြို့၊ တာ​ပ​နက်​မြို့၌​လည်း ကြား​ပြော​ကြ​လော့။

နေ​ရာ​ကျ​သော အဲ​ဂု​တ္တု​သ​တို့​သ​မီး၊ နေ​ရာ​ပြောင်း​စ​ရာ​ဖို့ ကိုယ်​အ​သုံး​အ​ဆောင်​များ​ကို ပြင်​လော့။ အ​ကြောင်း​မူ​ကား၊ နော​ဖ​မြို့​သည် နေ​သော​သူ​မ​ရှိ​အောင် သုတ်​သင်​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ရုပ်​တု​တို့​ကို ငါ​ဖျက်​ဆီး၍၊ နော​ဖ​ပြည်၌ ဆင်း​တု​တို့​ကို​လည်း ပယ်​ဖြတ်​မည်။ နောက်​တစ်​ဖန် အဲ​ဂု​တ္တု​မင်း​မျိုး မ​ရှိ​ရ။ အဲ​ဂု​တ္တု​ပြည်​သည် ကြောက်​ရွံ့​မည်​အ​ကြောင်း​ကို ငါ​ပြု​မည်။

အဲ​ဂု​တ္တု​ပြည်၌ မီး​ညှိ၍ သိန်​မြို့​သည် တုန်​လှုပ်​ခြင်း၊ နော​မြို့​ရိုး​သည် ပြို​ပေါက်​ခြင်း၊ နော​ဖ​မြို့​သည် နေ့​အ​ချိန်၌​ပင် စစ်​တိုက်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

ဣ​သ​ရေ​လ​ပြစ်​မှား​ရာ အာ​ဝင်​မြို့​ကုန်း​တို့​သည် ပြို​ကျ၍၊ ဆူး​ပင်​အ​မျိုး​မျိုး​တို့​သည် သူ​တို့​ယဇ်​ပ​လ္လင်​များ​ကို လွှမ်း​မိုး​ကြ​လိမ့်​မည်။ မြို့​သား​တို့​က​လည်း၊ အို တောင်​များ​တို့၊ ငါ​တို့​ကို ဖုံး​အုပ်​ကြ​ပါ။ အို ကုန်း​များ​တို့၊ ငါ​တို့​အ​ပေါ်၌ ကျ​ကြ​ပါ​ဟု ခေါ်​ကြ​လိမ့်​မည်။

စာ​ငှက်​ကဲ့​သို့ အဲ​ဂု​တ္တု​ပြည်​မှ​လည်း​ကောင်း၊ ချိုး​ကဲ့​သို့ အာ​ရှု​ရိ​ပြည်​မှ​လည်း​ကောင်း အ​လျင်​အ​မြန် ပြေး​ကြ၍၊ သူ​တို့​ကို နေ​ရင်း​အ​ရပ်၌ ငါ​နေ​ရာ​ချ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သို့​ဖြစ်၍၊ သူ့​ကို​ဆူး​စောင်​ရန်း​နှင့် ကာ​ထား​မည်။ ထွက်​စ​ရာ​မ​ရှိ​စေ​ခြင်း​ငှာ သူ့​ပတ်​လည်၌ ကျောက်​ရိုး​ကို​လည်း တည်​မည်။

ဧ​ဖ​ရိမ်​သည် ဉာဏ်​မ​ရှိ၊ မိုက်​သော ချိုး​နှင့်​တူ၏။ အဲ​ဂု​တ္တု​ပြည်​ကို ဟစ်​ခေါ်​တတ်၏။ အာ​ရှု​ရိ​ပြည်​သို့ ပြေး​တတ်၏။

သူ​တို့​သည် ငါ့​ထံ​မှ​ထွက်၍ လည်​သော​ကြောင့် အ​မင်္ဂ​လာ​ရှိ​ကြ၏။ ငါ့​ကို​ပြစ်​မှား​သော​ကြောင့် ဖျက်​ဆီး​ဖို့​ရာ ဖြစ်​ကြ၏။ သူ​တို့​ကို ငါ​ရွေး​နုတ်​သော်​လည်း၊ ငါ့​တစ်​ဖက်၌ မု​သား​စ​ကား​ကို ပြော​ကြ၏။

အ​ကျိုး​နည်း​ရှိ​ကြ၏။ လိမ်​တတ်​သော​လေး​ကဲ့​သို့ ဖြစ်​ကြ၏။ မင်း​တို့​သည် စော်​ကား​သော​ကြောင့် ဓား​ဖြင့်​သေ၍ အဲ​ဂု​တ္တု​ပြည်​သား​တို့၏ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

ငါ​နှင့်​ဆိုင်​သော ပူ​ဇော်​သ​ကာ​တို့​ကို ယဇ်​ပူ​ဇော်​သော​သူ​တို့​သည် ပူ​ဇော်၍ ကိုယ်​တိုင်​စား​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို လက်​ခံ​တော်​မ​မူ။ သူ​တို့​အ​ပြစ်​များ​ကို ချက်​ချင်း​အောက်​မေ့၍ စစ်​ကြော​တော်​မူ​သော​အား​ဖြင့်၊ သူ​တို့​သည် အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​သွား​ရ​ကြ​လိမ့်​မည်။

ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​မြေ​တော်၌​မ​နေ​ရ​ဘဲ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​သွား၍၊ အာ​ရှု​ရိ​ပြည်၌ မ​စင်​ကြယ်​သော​အ​စာ​ကို စား​ရ​ကြ​မည်။

သာ​သ​နာ​ပ​လူ​တို့​တွင် သင်​တို့​ကို အ​ရပ်​ရပ်​ငါ​ကွဲ​ပြား​စေ၍၊ ဓား​မိုး​လျက်​လိုက်​မည်။ သင်​တို့​ပြည်​သည်​လည်း လူ​ဆိတ်​ညံ​လျက်၊ မြို့​သည်​လည်း ပျက်​စီး​လျက်​ရှိ​လိမ့်​မည်။

မ​တ္တေ​ရှ​အ​ရပ်​သား​တို့၊ ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ ကုန်​သည်​အ​ပေါင်း​တို့​သည် ပြတ်​ကြ​ပြီ။ ငွေ​ကို​ဆောင်​သော​သူ အ​ပေါင်း​တို့​သည် ဆုံး​ကြ​ပြီ။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​လွန်​ဆင်း​ရဲ​ခံ​ရ​သ​ဖြင့်၊ မိ​မိ​တို့​ကျဉ်း​မြောင်း​လျက်​ရှိ​သည်​ကို သိ​မြင်​သော​အ​ခါ၊ ဥ​မင်၊ တော​အုံ၊ ကျောက်​ကြား၊ တောင်​ထိပ်၊ မြေ​တွင်း​တို့၌ ပုန်း​ရှောင်၍​နေ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ