Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟော​ရှေ 9:16

Judson Bible

ဧ​ဖ​ရိမ်​သည် အ​ထိ​အ​ခိုက်​ခံ​ရ​သော​ကြောင့်၊ အ​မြစ်​သွေ့​ခြောက်​လျက်​ရှိ၍ အ​သီး​ကို မ​သီး​နိုင်​ရာ။ သား​ဖွား​သော်​လည်း၊ အ​ချစ်​ဆုံး​သော​သား​တို့​ကို ငါ​သတ်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​မှ ညှိုး​နွမ်း​လျက်​အ​လုံး​သေး၍ အ​ရှေ့​လေ​ဖြင့်​ပျက်​သော စ​ပါး​ခု​နစ်​နှံ​တို့​သည် ပေါက်​ကြ၏။

သူ၏​အ​မြစ်​တို့​သည် သွေ့​ခြောက်​လျက်၊ အ​ခက်​အ​လက်​တို့​လည်း သေ​လျက်​ရှိ​ကြ​လိမ့်​မည်။

အ​ကယ်​စင်​စစ် သူ​တို့​ကို မ​စိုက်​မ​ပျိုး​ရ။ အ​ကယ်​စင်​စစ် သူ​တို့၏​မျိုး​စေ့​ကို မ​ကြဲ​ရ။ အ​ကယ်​စင်​စစ် သူ​တို့​အ​ပင်​သည် မြေ၌ အ​မြစ်​မ​စွဲ​ရ။ သူ​တို့​အ​ပေါ်​မှာ မှုတ်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ညှိုး​နွမ်း​သွေ့​ခြောက်၍၊ လေ​ပွေ​သည် သူ​တို့​ကို ဖွဲ​ကဲ့​သို့ တိုက်​လွှင့်​လိမ့်​မည်။

ထို​ကြောင့်၊ မီး​လျှာ​သည် ကောက်​ရိုး​ကို​လျက်၊ မီး​လျှံ​သည် မြက်​ခြောက်​ကို ကျွမ်း​စေ​သည်​နည်း​တူ၊ သူ​တို့၏​အ​မြစ်​သည် ဆွေး​မြေ့​သော သစ်​သား​ကဲ့​သို့ ဖြစ်၍၊ အ​ပွင့်​သည်​လည်း မြေ​မှုန့်​ကဲ့​သို့ လွင့်​တက်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​ကို ကယ်​ကြ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​ကြ​ပြီ။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​အား​ဆင့်​ဆို​ရ​မည်​မှာ၊ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န၊ သင်​တို့​အ​စွမ်း​သ​တ္တိ အထွတ်​အ​မြတ်၊ သင်​တို့​ကြည့်​ရှု​လို​ဖွယ်​သော​အ​ရာ၊ အ​လွန်​နှ​မြော​သော​အ​ရာ​ကို ငါ​ရှုတ်​ချ​မည်။ သင်​တို့​ဖွား​မြင်​သော သား​သ​မီး​တို့​သည် ဓား​ဖြင့်​ဆုံး​ကြ​လိမ့်​မည်။

ဧ​ဖ​ရိမ်​သည် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ၏။ တ​ရား​စီ​ရင်​ခြင်း​နှင့် တွေ့၍ ဆုံး​ရှုံး​ရ၏။ အ​ကြောင်း​မူ​ကား၊ အ​မိန့်​တော်​အ​တိုင်း ကျင့်​လေ​ပြီ။

လေ​မျိုး​စေ့​ကို​ကြဲ၍ လေ​ပွေ​စ​ပါး​ကို ရိတ်​ရ​ကြ​လိမ့်​မည်။ စ​ပါး​ပင် မ​ရှိ​ရ။ အ​နှံ​ထဲ​က မုန့်​ညက်​မ​ထွက်​ရ။ ထွက်​သော်​လည်း တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် စား​ကြ​လိမ့်​မည်။

မီး​ဖို၌ မီး​လောင်​သ​ကဲ့​သို့ လောင်​သော​နေ့​ရက်​ကာ​လ​သည် ရောက်​လိမ့်​မည်။ မာ​န​ကြီး​သော​သူ​နှင့် ဒု​စ​ရိုက်​ကို​ပြု​သော​သူ အ​ပေါင်း​တို့​သည် အ​မှိုက်​ခြောက် ဖြစ်​ကြ​လိမ့်​မည်။ သူ​တို့​အ​ရင်း​အ​ဖျား​မျှ မ​ကျန်​ကြွင်း​စေ​ခြင်း​ငှာ ထို​နေ့​ရက်​သည် လောင်​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အိမ်​ပြင်၌ ဓား​ဘေး၊ အိမ်​အ​တွင်း၌ ကြောက်​မက်​ဖွယ်​သော​ဘေး​သည် လူ​ပျို​နှင့်​အ​ပျို​ကို​လည်း​ကောင်း၊ နို့​စို့​သူ​ငယ်​နှင့် ဦး​ဆံ​ဖြူ​သော​သူ​ကို​လည်း​ကောင်း ဖျက်​ဆီး​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ