အို ထာဝရဘုရား၊ ပေးသနားတော်မူပါ။ အဘယ်သို့ ပေးတော်မူရမည်နည်း။ ကိုယ်ဝန်မဆောင်သော ဝမ်း၊ နို့မထွက်သော သားမြတ်ကို ပေးတော်မူပါ။
သူတို့နွားလားသည် မချွတ်မလွှဲ အရွယ်လိုက်တတ်၏။ နွားမသည်လည်း ဝမ်းပိုးမပျက် ဖွားတတ်၏။
သင်၏ပြည်တွင် ကိုယ်ဝန်ပျက်သောသတ္တဝါ၊ မြုံသော သတ္တဝါနှင့် ကင်းလွတ်လိမ့်မည်။ သင်၏အသက်တန်းကို ငါစုံလင်စေမည်။
ဧဖရိမ်၏ဘုန်းသည် ငှက်ကဲ့သို့ ပျံသွားလိမ့်မည်။ သားဖွားခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ပဋိသန္ဓေယူခြင်း မရှိရ။
ဧဖရိမ်သည် တုရုမြို့ကဲ့သို့ ငြိမ်ဝပ်ရာအရပ်၌ တည်ဟန်ရှိသော်လည်း၊ မိမိသားသမီးတို့ကို လူသတ်လက်သို့ အပ်ရလိမ့်မည်။
ဧဖရိမ်သည် အထိအခိုက်ခံရသောကြောင့်၊ အမြစ်သွေ့ခြောက်လျက်ရှိ၍ အသီးကို မသီးနိုင်ရာ။ သားဖွားသော်လည်း၊ အချစ်ဆုံးသောသားတို့ကို ငါသတ်မည်။
ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။-
ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသောမိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။ အကြောင်းမူကား၊ ယုဒပြည်၌ ကြီးစွာသော ဆင်းရဲဒုက္ခဖြစ်၍ ယုဒအမျိုးအပေါ်၌ အမျက်ဒေါသ သင့်ရောက်လိမ့်မည်။-
အကြောင်းမူကား၊ မြုံသောမိန်းမသည် မင်္ဂလာရှိ၏။ ပဋိသန္ဓေမယူဖူးသောဝမ်းနှင့် သူငယ်မစို့ဖူးသော သားမြတ်သည် မင်္ဂလာရှိ၏ဟု ပြောရသောနေ့ရက်ကာလ ရောက်လိမ့်မည်။-
စီရင်ချက်ဟူမူကား၊ ယခု ညှဉ်းဆဲခြင်း အကြောင်းကြောင့် ခင်ပွန်းမရှိလျှင် ကောင်း၏။-
သားသမီးအားဖြင့်လည်းကောင်း၊ မြေအသီးအနှံအားဖြင့်လည်းကောင်း၊ သိုးနွား အစီးအပွားအားဖြင့်လည်းကောင်း အမင်္ဂလာရှိလိမ့်မည်။