ဣသရေလအမျိုးသည် ကောင်းသောအရာကို စွန့်ပစ်သောကြောင့်၊ ရန်သူညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။
သူပြောသောစကားသည် အဓမ္မစကား၊ လှည့်စားသောစကားဖြစ်၏။ ကောင်းသောအကျင့်ကို ကျင့်စေတတ်သောပညာကို စွန့်လေပြီ။
အမျက်တော်ထွက်၍ သူတို့ကို ညှဉ်းဆဲသဖြင့်၊ ထာဝရဘုရား၏ မိုးကောင်းကင်အောက်မှ သုတ်သင်ပယ်ရှင်းတော်မူပါ။
ငါတို့ကိုလိုက်၍ ရှာသောသူတို့သည် မိုးကောင်းကင်ရွှေလင်းတထက် သာ၍ လျင်မြန်ကြ၏။ တောင်ရိုးပေါ်မှာ လိုက်ရှာကြ၏။ တော၌လည်း ချောင်းမြောင်းကြ၏။
သို့ရာတွင် သူတို့က၊ အကျွန်ုပ်တို့၏ ဘုရားသခင်၊ အကျွန်ုပ်တို့သည် ဣသရေလအမျိုးဖြစ်၍ ကိုယ်တော်ကို သိကြပါ၏ဟု ငါ့အား ကြွေးကြော်ကြသည်တကား။
သူတို့သည် ငါ၏အခွင့်မရှိဘဲ ကိုယ်အလိုအလျောက် ရှင်ဘုရင်တို့ကို ချီးမြှောက်ကြပြီ။ ငါမသိရဘဲ မင်းတို့ကို ခန့်ထားကြပြီ။ ကိုယ်အကျိုးနည်းစေခြင်းငှာ၊ ကိုယ်ရွှေငွေနှင့် ကိုယ်အဖို့ ရုပ်တုများကိုလုပ်ကြပြီ။
ရန်သူပြည်မှာကျန်ကြွင်းသော သင်တို့စိတ်နှလုံးထဲသို့၊ ထိတ်လန့်သောသဘောကို ငါပေးသွင်းသဖြင့်၊ သစ်ရွက်လှုပ်သံကြောင့် သင်တို့သည်ကြောက်၍၊ ဓားဘေးမှပြေးသကဲ့သို့ ပြေးကြလိမ့်မည်။ အဘယ်သူမျှမလိုက်သော်လည်း လဲကြလိမ့်မည်။
တစ်ဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဧဒုံပြည်သည် သနားသောစိတ်ကိုချုပ်တည်း၍၊ ညီအစ်ကိုကို ဓားနှင့်လိုက်သောအပြစ်၊ ဒေါသစိတ်နှင့် အစဉ်အမြဲဆွဲဖြတ်၍ အစဉ်အမြဲ အငြိုးထားသော အပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
သင်၏ရန်သူရှေ့မှာ ထာဝရဘုရားသည် သင့်ကိုဒဏ်ပေးတော်မူမည်။ သင်သည် တစ်လမ်းတည်းဖြင့် သူတို့ရှိရာသို့သွားသော်လည်း၊ လမ်းခုနစ်သွယ်ဖြင့် သူတို့ရှေ့မှပြေး၍ မြေပေါ်မှာရှိသော အတိုင်းတိုင်းအပြည်ပြည်သို့ ပြောင်းသွားရလိမ့်မည်။
အရင်သစ္စာကို ဖျက်သောကြောင့် အပြစ်သင့်ခြင်းသို့ ရောက်ကြလိမ့်မည်။-