ငါ့တရား၏ထူးဆန်းသောအရာတို့ကို သူ့အဖို့ ငါရေးထားပြီ။ သို့သော်လည်း၊ ရိုင်းသောအရာဟူ၍ သူသည် မှတ်လေပြီတကား။
သို့ရာတွင် အမိန့်တော်ကို နားမထောင်၊ ပုန်ကန်လျက် တရားတော်ကို ကျောနောက်သို့ ပစ်ထားကြ၏။ အထံတော်သို့ ပြန်လာစေခြင်းငှာ၊ ဆုံးမသော ကိုယ်တော်၏ပရောဖက်တို့ကို သတ်၍ အလွန်ပြစ်မှားခြင်းကို ပြုကြ၏။
တရားတော်၌ အံ့ဖွယ်သောအရာတို့ကို မြင်နိုင်ပါမည်အကြောင်း၊ အကျွန်ုပ်၏မျက်စိတို့ကို ဖွင့်တော်မူပါ။
ဆုံးမသွန်သင်ခြင်းကို သင်သည်မုန်း၍ ငါ့စကားကို သင့်နောက်၌ ပစ်ထားပါသည်တကား။
သင်သည် သမ္မာတရားစကားစစ်ကို သိမည်အကြောင်းနှင့်၊ သင့်ထံသို့ စေလွှတ်သောသူတို့အား၊ သမ္မာစကားကို ပြန်ပြောနိုင်မည်အကြောင်း သတိပေးလျက်၊ ပညာအတတ်ကို ပြသလျက်၊ ထူးဆန်းသောအရာတို့ကို ငါရေး၍ ပေးလိုက်သည်မဟုတ်လော။
ဤလူမျိုးသည် ပုန်ကန်တတ်၏။ ဖောက်ပြန်သောအမျိုးသား၊ ထာဝရဘုရား၏တရားတော်ကို နာယူခြင်းငှာ အလိုမရှိသော အမျိုးသားဖြစ်ကြ၏။
ကျင့်သောသူ၌ အသက်ရှင်စရာအကြောင်းဖြစ်သော ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို ငါဖော်ပြ၏။
ငါ့လူတို့သည် ပညာနည်းသောကြောင့်ဆုံးရှုံးကြ၏။ သင်သည် ပညာကိုပယ်သောကြောင့်၊ ငါ့ယဇ်ပုရောဟိတ်အဖြစ်သို့ မရောက်စေခြင်းငှာ သင့်ကိုငါပယ်မည်။ သင်၏ဘုရားသခင့်တရားကို သင်မေ့လျော့သောကြောင့်၊ သင်၏သားသမီးတို့ကို ငါမေ့လျော့မည်။
ထိုသို့ဖြစ်လျှင်၊ ယုဒလူသည် အဘယ်သို့သာသနည်း။ အရေဖျားလှီးခြင်းအားဖြင့် အဘယ်အကျိုးရှိသနည်း။-
ထိုကြောင့်၊ တရားတော်သည် သန့်ရှင်းခြင်းရှိ၏။ ပညတ်တရားလည်း သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းရှိ၏။-