Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟော​ရှေ 8:1

Judson Bible

တံ​ပိုး​မှုတ်​လော့။ ရန်​သူ​သည် ရွှေ​လင်း​တ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​သို့ လာ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ငါ့​ပ​ဋိ​ညာဉ်​ကို ဖျက်၍ ငါ့​တ​ရား​ကို လွန်​ကျူး​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

34 ပူးပေါင်းရင်းမြစ်များ  

ရာ​ဗ​ရှာ​ခ​က၊ ငါ့​သ​ခင်​သည် သင်၏​သ​ခင်​နှင့် သင့်​အား​သာ ဤ​စ​ကား​ကို​ပြော​စေ​ခြင်း​ငှာ ငါ့​ကို​စေ​လွှတ်​တော်​မူ​သ​လော။ မြို့​ရိုး​ပေါ်​မှာ​ထိုင်​လျက် သင်​တို့​နှင့်​အ​တူ မိ​မိ​တို့​မ​စင်​ကို​စား၍၊ မိ​မိ​တို့​ရေ​ဟောင်း​ကို သောက်​ရ​သော​သူ​တို့​ရှိ​ရာ​သို့ စေ​လွှတ်​တော်​မူ​သည် မ​ဟုတ်​လော​ဟု​ဆို​ပြီး​လျှင်၊

လော​ကီ​နိုင်​ငံ၌​နေ​သော မြေ​ကြီး​သား​အ​ပေါင်း​တို့၊ တောင်​ပေါ်​မှာ အ​လံ​ကို ထူ​သော​အ​ခါ ကြည့်​ရှု​ကြ​လော့။ တံ​ပိုး​မှုတ်​သော​အ​ခါ နား​ထောင်​ကြ​လော့။

ပြည်​သား​တို့​သည် တ​ရား​တော်​ကို လွန်​ကျူး​ခြင်း၊ အ​မိန့်​တော်​ကို​ပြောင်း​လဲ​ခြင်း၊ ထာ​ဝ​ရ​သ​စ္စာ​တော်​ကို ဖျက်​ခြင်း​အ​ကြောင်း​ကြောင့်၊ ပြည်​တော်​သည် ညစ်​ညူး​ခြင်း​ရှိ၏။

အ​သံ​မ​လျော့​ဘဲ ကြွေး​ကြော်​လော့။ တံ​ပိုး​သံ​ကဲ့​သို့ အ​သံ​ကို​လွှင့်၍၊ ယာ​ကုပ်​အ​မျိုး​သား​ဖြစ်​သော ငါ၏​လူ​တို့​အား၊ သူ​တို့​ဒု​စ​ရိုက်​အ​ပြစ်​ကို ဖော်​ပြ​လော့။

ဤ​လူ​မျိုး၏ ဘိုး​ဘေး​တို့​ကို​လက်​ဆွဲ၍ အဲ​ဂု​တ္တု​ပြည်​မှ ဆောင်​သွား​သော​အ​ခါ၊ သူ​တို့၌ ငါ​ပေး​သော​ပ​ဋိ​ညာဉ်​တ​ရား​နှင့် ခြား​နား​သော ပ​ဋိ​ညာဉ်​တ​ရား​သစ်​ကို ဣ​သ​ရေ​လ အ​မျိုး​သား၊ ယု​ဒ​အ​မျိုး​သား​တို့၌ ငါ​ပေး​သော အ​ချိန်​ကာ​လ​ရောက်​လိမ့်​မည်။ အ​ရင်​ငါ​ပေး​ဖူး​သော ပ​ဋိ​ညာဉ်​တ​ရား​ကို သူ​တို့​သည်​ဖျက်၍၊ ငါ​သည်​လည်း သူ​တို့​ကို ရွံ​ရှာ၏။

နွား​သ​ငယ်​ကို ထက်​ခြမ်း​ခွဲ၍၊ အ​လယ်​သို့ လျှောက်​သွား​လျက်၊ ငါ့​ရှေ့​မှာ​ပြု​သော ဝန်​ခံ​ခြင်း​ပ​ဋိ​ညာဉ် စ​ကား​အ​တိုင်း​မ​ကျင့်၊ ငါ၏​ပ​ဋိ​ညာဉ်​ကို ဖျက်​သော​သူ​တည်း​ဟူ​သော၊

လာ​သော​မင်း​သည် မိုး​တိမ်​ကဲ့​သို့ လာ​လိမ့်​မည်။ သူ၏​ရ​ထား​တို့​သည် လေ​ပွေ​ကဲ့​သို့​ဖြစ်​ကြ၏။ သူ၏​မြင်း​တို့​သည် ရွှေ​လင်း​တ​ထက် သာ၍ လျင်​မြန်​ကြ၏။ ငါ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​ပြီ။

ယု​ဒ​ပြည်၌ တံ​ပိုး​မှုတ်​ကြ​လော့​ဟု၊ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ တစ်​ပြည်​လုံး​ကြွေး​ကြော်၍ သ​တင်း​ကြား​ကြ​လော့။ စည်း​ဝေး၍ ခိုင်​ခံ့​သော​မြို့​များ အ​တွင်း​သို့ ဝင်​ကြ​ကုန်​အံ့​ဟု အ​ရပ်​ရပ်၌ အ​နှံ့​အ​ပြား ကြွေး​ကြော်​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ရန်​သူ​သည် ရွှေ​လင်း​တ​ပျံ​တတ်​သ​ကဲ့​သို့ ပျံ​လာ၍၊ အ​တောင်​တို့​နှင့် မော​ဘ​ပြည်​ကို အုပ်​မိုး​လိမ့်​မည်။

ရန်​သူ​သည်​တက်၍ ရွှေ​လင်း​တ​ကဲ့​သို့ ပျံ​လျက်၊ ဗော​ဇ​ရ​မြို့​ကို အ​တောင်​တို့​နှင့် ဖြန့်​မိုး​လိမ့်​မည်။ ထို​နေ့၌ ဧ​ဒုံ​ပြည်​သား​သူ​ရဲ​တို့၏ စိတ်​နှ​လုံး​သည်၊ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို​ခံ​ရ​သော မိန်း​မ၏​စိတ်​နှ​လုံး​ကဲ့​သို့ ဖြစ်​လိမ့်​မည်။

ထို​ပြည်၌ အ​လံ​ကို​ထူ​ကြ​လော့။ အ​ပြည်​ပြည်​တို့၌ တံ​ပိုး​ကို​မှုတ်၍၊ လူ​အ​မျိုး​မျိုး​တို့​ကို သူ၏​တစ်​ဖက်၌ ပြင်​ဆင်​ကြ​လော့။ အာ​ရ​ရတ်​ပြည်၊ မိ​န္နိ​ပြည်၊ အာ​ရှ​ကေ​နတ်​ပြည်​တို့​ကို သူ၏​တစ်​ဖက်၌ စည်း​ဝေး​စေ​ကြ​လော့။ ဗိုလ်​ချုပ်​မင်း​ကို ခန့်​ထား၍၊ အ​မွေး​ကြမ်း​သော ကျိုင်း​ကောင်​ကဲ့​သို့ မြင်း​စီး​သူ​ရဲ​တို့​ကို စစ်​ချီ​စေ​ကြ​လော့။

အို ဗင်္ယာ​မိန်​အ​မျိုး​သား​တို့၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​က​ထွက်၍၊ လွတ်​အောင်​ပြေး​ကြ​လော့။ တေ​ကော​ရွာ၌ တံ​ပိုး​မှုတ်​ကြ​လော့။ ဗေ​သ​က္က​ရင်​ရွာ၌ မီး​ရှူး​ကို မြှောက်၍ ပြ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ဘေး​ဥ​ပဒ်​တည်း​ဟူ​သော ကြီး​စွာ​သော​ပျက်​စီး​ခြင်း အ​ကြောင်း​အ​ရာ​သည် မြောက်​မျက်​နှာ​က ပေါ်​လာ၏။

သို့​ဖြစ်၍ အို​လူ​သား၊ သူ​တို့​တစ်​ဖက်၌ ပ​ရော​ဖက်​ပြု၍ ဟော​ပြော​လော့​ဟု မိန့်​တော်​မူ၏။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ဝန်​ခံ​ခြင်း​ပ​ဋိ​ညာဉ်​ကို ဖျက်​လို​သော​ငှာ၊ သ​စ္စာ​က​တိ​ကို မ​ရို​မ​သေ​ပြု​သည်​နှင့်​အ​ညီ သင်၌​ငါ​ပြု​မည်။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ထူး​ခြား​သော​အ​ဆင်း​အ​ရောင်၊ များ​ပြား​သော​အ​မွေး​နှင့် ပြည့်​စုံ၍၊ ရှည်​လျား​ကြီး​မား​သော အ​တောင်​ရှိ​သော ရွှေ​လင်း​တ​ကြီး​သည် လေ​ဗ​နုန်​တောင်​သို့​လာ၍၊ အာ​ရဇ်​ပင်၏​အ​ဖျား​ကို​ကိုင်​လျက်၊

စစ်​ခင်း​ကျင်း​စေ​ခြင်း​ငှာ တံ​ပိုး​ကို​မှုတ်​ကြ​သော်​လည်း၊ အ​ဘယ်​သူ​မျှ စစ်​ချီ၍​မ​သွား။ အ​ကြောင်း​မူ​ကား၊ ငါ့​အ​မျက်​သည် ထို​လူ​အ​စု​အ​ဝေး အ​ပေါင်း​တို့​အ​ပေါ်​မှာ တည်​လျက်​ရှိ၏။

ငါ့​လူ​တို့​သည် ပ​ညာ​နည်း​သော​ကြောင့်​ဆုံး​ရှုံး​ကြ၏။ သင်​သည် ပ​ညာ​ကို​ပယ်​သော​ကြောင့်၊ ငါ့​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​သို့ မ​ရောက်​စေ​ခြင်း​ငှာ သင့်​ကို​ငါ​ပယ်​မည်။ သင်၏​ဘု​ရား​သ​ခင့်​တ​ရား​ကို သင်​မေ့​လျော့​သော​ကြောင့်၊ သင်၏​သား​သ​မီး​တို့​ကို ငါ​မေ့​လျော့​မည်။

ဂိ​ဗာ​မြို့၌ နှဲ​ခ​ရာ​ကို​လည်း​ကောင်း၊ ရာ​မ​မြို့၌ တံ​ပိုး​ကို​လည်း​ကောင်း မှုတ်​ကြ​လော့။ ဗေ​သ​ဝင်​မြို့၌ ကြွေး​ကြော်​ကြ​လော့။ အို ဗင်္ယာ​မိန်​အ​မျိုး၊ နောက်​သို့ ကြည့်​ကြ​လော့။

သူ​တို့​သည် အာ​ဒံ​ကဲ့​သို့ ပ​ဋိ​ညာဉ်​ကို လွန်​ကျူး​ကြ​ပြီ။ နေ​ရင်း​အ​ရပ်၌ ငါ့​သ​စ္စာ​ကို ဖျက်​ကြ​ပြီ။

ဂိ​လ​ဂါ​လ​မြို့၌ သူ​တို့​ပြု​သ​မျှ​သော​ဒု​စ​ရိုက်​ရှိ၍၊ ထို​အ​ရပ်၌ သူ​တို့​ကို ငါ​မုန်း၏။ သူ​တို့​ဒု​စ​ရိုက်​အ​ပြစ်​ကြောင့် ငါ့​အိမ်​မှ ငါ​နှင်​ထုတ်​မည်။ နောက်​တစ်​ဖန် သူ​တို့​ကို​မ​ချစ်။ သူ​တို့ မင်း​အ​ပေါင်း​တို့​သည် ပုန်​ကန်​တတ်​သော​သူ ဖြစ်​ကြ၏။

ဇိ​အုန်​တောင်​ပေါ်​မှာ တံ​ပိုး​ကို မှုတ်​ကြ​လော့။ သန့်​ရှင်း​သော ငါ​တောင်​ပေါ်​မှာ သ​တိ​ပေး​သော အ​သံ​ကို ပြု​ကြ​လော့။ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​သည် တုန်​လှုပ်​ကြ​စေ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ နေ့​ရက်​သည် လာ၍ နီး​ပြီ။

ဇိ​အုန်​တောင်​ပေါ်​မှာ တံ​ပိုး​ကို မှုတ်​ကြ​လော့။ အ​စာ​ရှောင်​ရ​သော အ​ချိန်​ကို ခန့်​ထား၍ ခြိုး​ခြံ​စွာ ကျင့်​ရ​သော​အ​ချိန်​ကို ကြော်​ငြာ​ကြ​လော့။

မြို့​ထဲ​မှာ တံ​ပိုး​မှုတ်​လျှင်၊ မြို့​သား​တို့​သည် မ​ကြောက်​မ​လန့်​ဘဲ​နေ​ကြ​လိမ့်​မည်​လော။ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မ​မူ​ဘဲ ဘေး​တစ်​စုံ​တစ်​ခု​သည် မြို့​ထဲ​မှာ ရောက်​လိမ့်​မည်​လော။

ထို​ကာ​လ၌ နန်း​စဉ်​က​ချေ​သည်​တို့​သည် မြည်​တမ်း​ကြ​လိမ့်​မည်။ အ​ရပ်​ရပ်​တို့၌ များ​စွာ​သော အ​သေ​ကောင်​ရှိ၍၊ လူ​တို့​သည် တိတ်​ဆိတ်​စွာ ပစ်​ချ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

တစ်​ဖန် ငါ​ကြည့်​ရှု၍ ဘု​ရား​ရှင်​သည် ယဇ်​ပ​လ္လင်​ပေါ်​မှာ ရပ်​လျက် မိန့်​တော်​မူ​သည်​ကား၊ ရှိ​သ​မျှ​သော​သူ​တို့၏ ခေါင်း​ပေါ်​သို့ တံ​ခါး​တိုင်​လှုပ်၍ ပြို​ကျ​စေ​ခြင်း​ငှာ တံ​ခါး​ထုပ်​ကို ရိုက်​လော့။ သူ​တို့​သား​မြေး​များ​ကို​လည်း ဓား​နှင့် ငါ​ကွပ်​မျက်​မည်။ ပြေး​သော​သူ​သည် မ​လွတ်​ရ။ လွတ်​သော​သူ​သည်​လည်း ချမ်း​သာ​ကို မ​တွေ့​ရ။

သူ​တို့၏​မြင်း​သည် ကျား​သစ်​ထက်​လျင်​မြန်၏။ ည၌ လည်​သော​တော​ခွေး​ထက် ကြမ်း​တမ်း၏။ မြင်း​စီး​သူ​ရဲ​တို့​သည် အ​ဝေး​က​လာ၍ ခုန်​ကြ​လိမ့်​မည်။ အ​ကောင်​ကို ကိုက်​စား​ခြင်း​ငှာ လျင်​မြန်​သော ရွှေ​လင်း​တ​ကဲ့​သို့ ပျံ​လာ​ကြ​လိမ့်​မည်။

ခိုင်​ခံ့​သော​မြို့၊ မြင့်​သော​ရဲ​တိုက်​တို့​တစ်​ဖက်၌ တံ​ပိုး​မှုတ်၍ ကြွေး​ကြော်​ရာ​နေ့ ဖြစ်၏။

အို လေ​ဗ​နုန်​တောင်၊ သင်၏​အာ​ရဇ်​ပင်​တို့​ကို မီး​လောင်​စေ​ခြင်း​ငှာ သင်၏​တံ​ခါး​တို့​ကို ဖွင့်​လော့။

ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အ​ပေါ်​မှာ​ထင်​ရှား​တော်​မူ၍၊ မြား​တော်​သည် လျှပ်​စစ်​ပြက်​သ​ကဲ့​သို့ ပြေး​လိမ့်​မည်။ အ​ရှင်​ထာ​ဝ​ရ ဘု​ရား​သ​ခင်​သည် တံ​ပိုး​မှုတ်၍၊ တောင်​လေ​ပွေ​တို့​နှင့် ကြွ​သွား​တော်​မူ​လိမ့်​မည်။

အ​သေ​ကောင်​ရှိ​ရာ၌ ရွှေ​လင်း​တ​တို့​သည် စု​ဝေး​ကြ​လ​တ္တံ့။

သို့​သော်​လည်း၊ နောက်​ဆုံး​သော တံ​ပိုး​မှုတ်​သော​အ​ခါ၊ တစ်​ခ​ဏ​ချင်း​တွင် မျက်​စိ​တစ်​မှိတ်၌ ငါ​တို့​ရှိ​သ​မျှ​သည် ပြောင်း​လဲ​ခြင်း​သို့ ရောက်​ရ​ကြ​မည်။ ထို​တံ​ပိုး​မှုတ်​ချိန် ရောက်​သော​အ​ခါ၊ သေ​လွန်​သော​သူ​တို့​သည်၊ မ​ပုပ်​နိုင်​သော​အ​ဖြစ်၌ တည်​လျက် ထ​မြောက်၍၊ ငါ​တို့​ရှိ​သ​မျှ​သည် ပြောင်း​လဲ​ခြင်း​သို့ ရောက်​ရ​ကြ​မည်။-

ရွှေ​လင်း​တ​ပျံ​တတ်​သ​ကဲ့​သို့ လျင်​မြန်​သော​လူ​မျိုး၊ ကြမ်း​တမ်း​သော​မျက်​နှာ​နှင့် ပြည့်​စုံ​လျက်၊ အ​သက်​ကြီး​သူ​ကို မ​ရို​သေ၊ အ​သက်​ငယ်​သူ​ကို မ​သ​နား​တတ်​သော​လူ​မျိုး​ကို၊ ဝေး​သော​အ​ရပ်၊ မြေ​ကြီး​စွန်း​မှ ထာ​ဝ​ရ​ဘု​ရား​သည်​ခေါ်၍ သင့်​ကို တိုက်​စေ​တော်​မူ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ