သွားလေရာရာတွင် ငါ့ပိုက်နှင့် သူတို့ကို ငါအုပ်မိမည်။ မိုးကောင်းကင်ငှက်ကိုကဲ့သို့ မြေသို့နှိမ့်ချမည်။ သူတို့စည်းဝေးရာ၌ ကြားသည်အတိုင်း ငါဆုံးမမည်။
ဘုရားသခင်သည် ငါ့ကိုလှဲ၍ မိမိကျော့ကွင်း၌ ကျော့မိတော်မူကြောင်းကို သိမှတ်ကြလော့။
လူသည် မိမိကာလအချိန်ကို မသိတတ်။ ဘေးပြုရာ ပိုက်ကွန်အုပ်မိသောငါးကဲ့သို့လည်းကောင်း၊ ကျော့ကွင်း၌ ကျော့မိသောငှက်ကဲ့သို့လည်းကောင်း၊ လူသားတို့သည် ဘေးပြုရာကာလထဲသို့ အမှတ်တမဲ့ရောက်၍ ကျော့မိတတ်ကြ၏။
ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် တံငါအများတို့ကို စေလွှတ်၍၊ ဤလူမျိုးကို မျှားစေမည်။ ထိုနောက်၊ မုဆိုးအများတို့ကို စေလွှတ်၍၊ ခပ်သိမ်းသော တောင်ကြီးတောင်ငယ်၊ ချောက်ကြားတို့၌ ရှာစေမည်။
ငါ၏ကျွန် ပရောဖက်အပေါင်းတို့ကို ငါသည် စောစောထ၍ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်လျက်၊ ငါမုန်းသောအမှု၊ ဤစက်ဆုပ်ရွံရှာဖွယ်သောအမှုကို မပြုပါနှင့်ဟုပြောသော်လည်း၊
ထိုမင်းကိုလည်း ငါ၏ပိုက်ကွန်နှင့်အုပ်၍၊ ငါ၏ကျော့ကွင်း၌ ကျော့မိစေမည်။ ခါလဒဲပြည် ဗာဗုလုန်မြို့သို့ ဆောင်သွားမည်။ ထိုမြို့၌ သေရသော်လည်း မြို့ကိုမမြင်ရ။
ငါသည် ပိုက်ကွန်နှင့်အုပ်၍၊ ငါ၏ကျော့ကွင်းနှင့် ကျော့ပြီးလျှင်၊ ဗာဗုလုန်မြို့သို့ ဆောင်သွားမည်။ ငါ့ကိုပြစ်မှားသောအပြစ်ကြောင့် ထိုမြို့၌ ငါစစ်ကြောစီရင်မည်။
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမျိုးများစုဝေးလျက်၊ ငါသည် ပိုက်ကွန်နှင့် သင့်ကိုအုပ်မိ၍၊ သူတို့သည် ပိုက်ကွန်နှင့်တကွ သင့်ကို ဆွဲယူကြလိမ့်မည်။
ဣသရေလအမျိုးအနွယ်တို့ကို ဆုံးမသတိပေးသောနေ့၌ ဧဖရိမ်သည် ပျက်စီးရလိမ့်မည်။ ဆက်ဆက် ဖြစ်လတ္တံ့သောအမှုကို ငါဖော်ပြ၏။
ငါချစ်သမျှသော သူတို့၏အပြစ်ကို ငါစစ်ဆေး၍ သူတို့ကိုဆုံးမတတ်၏။ ထိုကြောင့် ကိုယ်စိတ်ကို ကိုယ်နှိုးဆော်လော့။ နောင်တရလော့။-