Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟော​ရှေ 5:12

Judson Bible

ထို​ကြောင့်၊ ငါ​သည် ဧ​ဖ​ရိမ်၌ ကိုက်​တတ်​သော ပိုး​ကောင်၊ ယု​ဒ​အ​မျိုး၌ စား​တတ်​သော​အ​နာ​ကဲ့​သို့ ဖြစ်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​ခံ​ရ​သော​သူ​သည် ဆွေး​မြေ့​သော အ​ရာ​ကဲ့​သို့​လည်း​ကောင်း၊ ပိုး​ရွ​ကိုက်​စား​သော အ​ဝတ်​ကဲ့​သို့​လည်း​ကောင်း အား​လျော့​ပျက်​ရ​ပါ၏။

ကိုယ်​တော်​သည် လူ​တို့​အ​ပြစ်​ကြောင့် ဆုံး​မ၍ ဒဏ်​ခတ်​တော်​မူ​လျှင်၊ ပိုး​ရွ​ဖျက်​တတ်​သ​ကဲ့​သို့၊ လူ​တို့၏ တင့်​တယ်​ခြင်း​အ​သ​ရေ​ကို ပြယ်​ပျောက်​စေ​တော်​မူ၏။ အ​ကယ်​စင်​စစ် လူ​ခပ်​သိမ်း​တို့​သည် အ​န​တ္တ​သက်​သက် ဖြစ်​ကြ​ပါ၏။

သီ​လ​ရှိ​သော​မိန်း​မ​သည် မိ​မိ​လင်၌ ဦး​ရစ်​သ​ရ​ဖူ​ဖြစ်၏။ အ​ရှက်​ခွဲ​တတ်​သော မိန်း​မ​မူ​ကား၊ လင်၏​အ​ရိုး​တို့၌ ဆွေး​မြေ့​ခြင်း​ကဲ့​သို့ ဖြစ်၏။

ထို​ကြောင့်၊ မီး​လျှာ​သည် ကောက်​ရိုး​ကို​လျက်၊ မီး​လျှံ​သည် မြက်​ခြောက်​ကို ကျွမ်း​စေ​သည်​နည်း​တူ၊ သူ​တို့၏​အ​မြစ်​သည် ဆွေး​မြေ့​သော သစ်​သား​ကဲ့​သို့ ဖြစ်၍၊ အ​ပွင့်​သည်​လည်း မြေ​မှုန့်​ကဲ့​သို့ လွင့်​တက်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​ကို ကယ်​ကြ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​ကြ​ပြီ။

ကြည့်​ရှု​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို စောင့်​မ​တော်​မူ​မည်။ အ​ဘယ်​သူ​သည် ငါ့​ကို တ​ရား​ရှုံး​စေ​မည်​နည်း။ ထို​သို့​သော သူ​အ​ပေါင်း​တို့​သည် အ​ဝတ်​ကဲ့​သို့ ဟောင်း​နွမ်း​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ ပိုး​ကိုက်​စား​ခြင်း​ကို​လည်း ခံ​ရ​ကြ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ ပိုး​ရွ​တို့​သည် သိုး​မွေး​အ​ဝတ်​ကို ကိုက်​စား​သ​ကဲ့​သို့၊ ထို​သူ​တို့​ကို ကိုက်​စား​ဖျက်​ဆီး​ကြ​လိမ့်​မည်။ ငါ၏ ဖြောင့်​မတ်​ခြင်း​တ​ရား​မူ​ကား နိ​စ္စ​ထာ​ဝ​ရ​ဖြစ်၍၊ ငါ၏​ကယ်​တင်​ခြင်း​တ​ရား​သည်​လည်း က​မ္ဘာ​အ​ဆက်​ဆက် တည်​လိမ့်​သ​တည်း။

နက်​ဖြန်​မိုး​လင်း​သော​အ​ခါ ဘု​ရား​သ​ခင်​ခန့်​ထား​တော်​မူ​သော ပိုး​ကောင်​သည် ကြက်​ဆူ​ပင်​ကို​ကိုက်၍ ညှိုး​နွမ်း​စေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ