Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟော​ရှေ 4:7

Judson Bible

သူ​တို့​သည် ဘုန်း​တိုး​ပွား​သည်​အ​တိုင်း ငါ့​ကို​ပြစ်​မှား​ကြ​ပြီ။ သို့​ဖြစ်၍၊ သူ​တို့၏​ဘုန်း​ကို ငါ​အ​ရှက်​ကွဲ​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ဘိုး​ဘေး​လက်​ထက်​မှ​စ၍ ယ​နေ့​တိုင်​အောင်၊ အ​လွန်​ပြစ်​မှား​ပါ​ပြီ။ ကိုယ်​အ​ပြစ်​ကြောင့် ရှင်​ဘု​ရင်​နှင့် ယဇ်​ပု​ရော​ဟိတ်​မှ​စ၍၊ အ​ကျွန်ုပ်​တို့​သည် ယ​နေ့​တိုင်​အောင် ခံ​သ​ကဲ့​သို့၊ တစ်​ပါး​အ​မျိုး​သား ရှင်​ဘု​ရင်​လက်​သို့ အပ်​ခြင်း၊ အ​သေ​သတ်​ခြင်း၊ သိမ်း​သွား​ခြင်း၊ လု​ယက်​ခြင်း၊ မျက်​နှာ​ပျက်​ခြင်း​ကို ခံ​ရ​ပါ၏။

ဣ​သ​ရေ​လ​သည် အ​သီး​များ​စွာ​သီး​သော စ​ပျစ်​နွယ်​ပင်​ဖြစ်၏။ ကိုယ်​အ​လို​အ​လျောက် သီး​တတ်၏။ အ​သီး​တိုး​ပွား​သည်​အ​တိုင်း အ​မျိုး​သား​တို့​သည် ယဇ်​ပ​လ္လင်​တို့​ကို များ​ပြား​စေ​ကြ၏။ သူ​တို့​ပြည်​ကောင်း​သည်​အ​တိုင်း ကောင်း​သော​ရုပ်​တု​ဆင်း​တု​တို့​ကို လုပ်​ကြ​သည်​တ​ကား။

နွား​သ​ငယ်​နှင့်​အ​တူ အာ​ရှု​ရိ​ပြည်​သို့ ယူ​သွား​ပြီး​လျှင်၊ ရှင်​ဘု​ရင်​ယာ​ရက်​အား ဆက်​ရ​ကြ​လိမ့်​မည်။ ဧ​ဖ​ရိမ်​သည် အ​သ​ရေ​ပျက်၍ ဣ​သ​ရေ​လ​သည် မိ​မိ​အ​ကြံ​အ​စည်​အား​ဖြင့် ရှက်​ကြောက်​ရ​လိမ့်​မည်။

သူ​တို့​ကို မ​ရ​ဏနိုင်​ငံ​တန်​ခိုး​မှ ငါ​ကယ်​လွှတ်​မည်။ သေ​မင်း​လက်​မှ​လည်း ရွေး​မည်။ အို သေ​မင်း၊ သင့်​ကို ကာ​လ​နာ​စွဲ​စေ​မည်။ အို မ​ရ​ဏ​နိုင်​ငံ၊ သင်၌ ဖျက်​ဆီး​သော​ဘေး​ကို ရောက်​စေ​မည်။ နောင်​တ​ရ​မည်​အ​ကြောင်း​ကို ပ​မာ​ဏ​မ​ပြု။

ဝ​သော​အ​ခါ ဝါ​ကြွား​သော​စိတ်​ရှိ၍ ငါ့​ကို မေ့​လျော့​ကြ၏။

သူ​တို့​သည် စား၍​မ​ဝ​ရ​ကြ။ မ​တ​ရား​သော မေ​ထုန်​ကို​ပြု၍ သား​သ​မီး​ကို မ​ဖွား​မြင်​ရ​ကြ။

အို ယဇ်​ပု​ရော​ဟိတ်​တို့၊ ကြား​ကြ​လော့။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ နား​ထောင်​ကြ​လော့။ အို နန်း​တော်​သား​တို့၊ မှတ်​မိ​ကြ​လော့။ သင်​တို့​သည် စစ်​ကြော​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် မိ​ဇ​ပါ​တောင်​ပေါ်​မှာ ကျော့​ကွင်း၊ တာ​ဗော်​တောင်​ပေါ်​မှာ ထောင်​သော​ပိုက်​ဖြစ်​ကြ​ပြီ။

ဓား​ပြ​အ​လုံး​အ​ရင်း​သည် ခ​ရီး​သွား​သော​သူ​ကို ချောင်း၍​ကြည့်​သ​ကဲ့​သို့၊ ယဇ်​ပု​ရော​ဟိတ် အ​ပေါင်း​အ​သင်း​သည် ရှေ​ခင်​မြို့​သို့​သွား​သော လမ်း၌​ပင် အ​သက်​ကို သတ်​တတ်​ကြ၏။

ဧ​ဖ​ရိမ်၏​ဘုန်း​သည် ငှက်​ကဲ့​သို့ ပျံ​သွား​လိမ့်​မည်။ သား​ဖွား​ခြင်း၊ ကိုယ်​ဝန်​ဆောင်​ခြင်း၊ ပ​ဋိ​သ​န္ဓေ​ယူ​ခြင်း မ​ရှိ​ရ။

သင်​သည် အ​သ​ရေ​ပျက်၍ အ​ရှက်​ကွဲ​ခြင်း​နှင့် ဝ​လိမ့်​မည်။ ကိုယ်​တိုင်​သောက်၍ အ​ဝတ်​ချွတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ လက်​ယာ​လက်​တော်၌​ရှိ​သော ဖ​လား​သည် သင့်​ဆီ​သို့​ရောက်၍၊ ရွံ​ရှာ​ဖွယ်​သော အော့​အန်​ခြင်း​သည် သင့်​အ​သ​ရေ​ကို လွှမ်း​မိုး​လိမ့်​မည်။

သို့​ဖြစ်၍၊ သင်​တို့​သည် ငါ့​လမ်း​တို့​ကို မ​လိုက်၊ တ​ရား​အ​မှု​တွင် လူ​မျက်​နှာ​ကို​ထောက်​သော​ကြောင့်၊ လူ​ခပ်​သိမ်း​တို့​သည် သင်​တို့​ကို မ​ထီ​မဲ့​မြင်​ပြု၍ ရှုတ်​ချ​စေ​ခြင်း​ငှာ ငါ​စီ​ရင်​မည်။

သို့​ရာ​တွင်၊ ယေ​ရှု​ရုန်​သည် ဆူ​ဝ၍ ခြေ​နှင့်​ကန်​လေ၏။ ဆူ​ဝ​လျက်၊ တုတ်​လျက်၊ ဆီ​ဥ​နှင့်​ပြည့်​စုံ​လျက်​နေ​သ​ဖြင့်၊ ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို စွန့်၍၊ ကယ်​တင်​ရာ​ကျောက်​ကို မ​ထီ​မဲ့​မြင်​ပြု​လေ၏။

ထို​သူ​တို့​သည် ပျက်​စီး​ခြင်း၌ လမ်း​ဆုံး​တတ်​ကြ၏။ သူ​တို့၏ ဘု​ရား​မူ​ကား၊ မိ​မိ​တို့​ဝမ်း​ပေ​တည်း။ မိ​မိ​တို့ ရှက်​ကြောက်​ဖွယ်​သော အ​ကျင့်၌​သာ မိ​မိ​တို့​ဝါ​ကြွား​ကြ၏။ လော​ကီ​အ​ရာ​တို့​ကို​သာ စိတ်​စွဲ​လမ်း​ခြင်း​ရှိ​ကြ၏။-

ထို​သို့​ပြု​သော​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင့်​အ​မျိုး၊ သင့်​အ​ဘ၏​အ​မျိုး​သည် ငါ့​ရှေ့​မှာ​အ​စဉ် သွား​လာ​ရ​လိမ့်​မည်​ဟု ငါ​ဆို​မိ​သော်​လည်း၊ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​က​တိ​သည် ငါ​နှင့်​ဝေး​ပါ​စေ။ ငါ့​ကို ချီး​မြှောက်​သော သူ​တို့​ကို ငါ​ချီး​မြှောက်​မည်။ ငါ့​ကို မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့​သည် ဂုဏ်​အ​သ​ရေ​ပျက်​ရ​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ