Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟော​ရှေ 4:2

Judson Bible

ကျိန်​ဆဲ​ခြင်း၊ မု​သား​စ​ကား​ကို ပြော​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊ သူ့​ဥ​စ္စာ​ကို​ခိုး​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း​တို့၌ အ​ဆီး​အ​တား​မ​ရှိ။ လူ​အ​သက်​ကို သတ်​သော​အ​ပြစ် အ​ထပ်​ထပ်​ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

42 ပူးပေါင်းရင်းမြစ်များ  

ကာ​ဣ​န​က​လည်း လယ်​သို့​သွား​ကြ​ကုန်​အံ့​ဟု ညီ​အာ​ဗေ​လ​ကို​ခေါ်​၍၊ လယ်​သို့​ရောက်​သော​အ​ခါ၊ ညီ​အာ​ဗေ​လ​ကို​ရန်​ဘက်​ပြု၍​သတ်​လေ၏။

ပြည်​သား​တို့​သည် တ​ရား​တော်​ကို လွန်​ကျူး​ခြင်း၊ အ​မိန့်​တော်​ကို​ပြောင်း​လဲ​ခြင်း၊ ထာ​ဝ​ရ​သ​စ္စာ​တော်​ကို ဖျက်​ခြင်း​အ​ကြောင်း​ကြောင့်၊ ပြည်​တော်​သည် ညစ်​ညူး​ခြင်း​ရှိ၏။

အို ယာ​ကုပ်​အ​မျိုး၊ ဣ​သ​ရေ​လ​ဟူ၍ သ​မုတ်​ခြင်း​ကို​ခံ​သော​သူ၊ ယု​ဒ​စမ်း​ရေ​တွင်း​မှ ထွက်​စီး​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အား​ဖြင့် ကျိန်​ဆို​သော​သူ၊ သ​စ္စာ​မ​ရှိ၊ တ​ရား​နှင့်​မ​ညီ​ဘဲ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​သော​သူ၊

ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး​နေ​ရာ ပြည်​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား​ကို ပြစ်​မှား​သော အ​ပြစ်​နှင့် ပြည့်​သော်​လည်း၊ သူ​တို့​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ထို​အ​မျိုး​တို့​ကို စွန့်​ပစ်​တော်​မ​မူ။

စမ်း​ရေ​ပေါက်​ဝ​မှ ရေ​သည် စီး​ထွက်​သ​ကဲ့​သို့၊ ထို​မြို့​သည် ဒု​စ​ရိုက်​ကို ထွက်​စေ​တတ်၏။ မြို့​ထဲ၌ လု​ယူ​ဖျက်​ဆီး​ခြင်း​အ​သံ​ကို ကြား​ရ၏။ အ​နာ​များ​နှင့် ဒဏ်​ချက်​ရာ​များ​ကို အ​စဉ်​ငါ​မြင်​ရ၏။

ယေ​ရု​ရှ​လင်​မြို့​အ​လယ်၌ ဖြောင့်​မတ်​သော​သူ​တို့​ကို သတ်​တတ်​သော မြို့​သား​ပ​ရော​ဖက်​တို့၏​ဒု​စ​ရိုက်​များ​နှင့်၊ ယဇ်​ပု​ရော​ဟိတ်​တို့၏ အ​ပြစ်​များ​ကြောင့် ဤ​အ​မှု​သည် ရောက်​လေ​ပြီ။

သံ​ကြိုး​ကို လုပ်​လော့။ အ​ကြောင်း​မူ​ကား၊ ပြည်​သည် လူ​အ​သက်​ကို သတ်​ခြင်း​အ​ပြစ်​နှင့် ပြည့်၏။ မြို့​သည်​လည်း ညှဥ်း​ဆဲ​နှိပ်​စက်​ခြင်း​နှင့် ပြည့်၏။

သင်​တို့​သည် ဒု​စ​ရိုက်​မျိုး​စေ့​ကို​ကြဲ​လို၍ လယ်​ထွန်​သော​ကြောင့်၊ အ​ပြစ်​စ​ပါး​ကို ရိတ်​ရ​ကြ၏။ မု​သား​အ​သီး​အ​နှံ​ကို စား​ရ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကိုယ်​ကြံ​စည် ပြု​မူ​ခြင်း​ကို​လည်း​ကောင်း၊ ကိုယ်၌ များ​စွာ​သော သူ​ရဲ​တို့​ကို​လည်း​ကောင်း ကိုး​စား​တတ်၏။

သူ​တို့ ကျိန်​ဆို​သော​စ​ကား​သည် စ​ကား​သက်​သက်​ဖြစ်၍၊ မိတ်​သ​ဟာ​ယ​ဖွဲ့​သော​အ​ခါ မု​သား​စ​ကား​ကို​သာ ပြော​တတ်​ကြ၏။ တ​ရား​စီ​ရင်​ခြင်း​အ​မှု​သည် လယ်​ကန်​ဆည်​ရိုး​ပေါ်​မှာ ဘင်း​ခါး​ပင်​ကဲ့​သို့ ပေါက်​ရ​လိမ့်​မည်။

ဧ​ဖ​ရိမ်​သည် မု​သား​စ​ကား​နှင့်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​သည် လှည့်​စား​ခြင်း​နှင့်​လည်း​ကောင်း ငါ့​ကို​နှောင့်​ယှက်​တတ်၏။ ယု​ဒ​သည်​လည်း ဘု​ရား​သ​ခင့်​ထံ၊ သန့်​ရှင်း၍ သ​စ္စာ​စောင့်​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​မှ​လွှဲ၍ လှည့်​လည်​တတ်၏။

ဧ​ဖ​ရိမ်​သည် အ​မျက်​တော်​ကို အ​လွန်​နှိုး​ဆော်​လေ​ပြီ။ ထို​ကြောင့်၊ လူ​အ​သက်​ကို သတ်​သော​အ​ပြစ်​သည် သူ၌ ရောက်​လိမ့်​မည်။ သူ​ကဲ့​ရဲ့​ခြင်း​အ​ပြစ်​ကို သူ၏​သ​ခင်​သည် ပြန်​ပေး​လိမ့်​မည်။

ယဇ်​ကောင်​တို့​ကို သတ်​သော​အား​ဖြင့် မိ​မိ​တို့​အ​ပြစ်​ကို များ​ပြား​စေ​ကြ၏။ ထို​ကြောင့်၊ ငါ​သည် ထို​သူ​အ​ပေါင်း​တို့၌ အ​ပြစ်​ဒဏ်​ပေး​မည်။

ဂိ​လဒ်​မြို့​သည် အ​ဓ​မ္မ​ပြု​သော သူ​တို့​နေ​ရာ ဖြစ်၍၊ လူ​အ​သွေး​နှင့် စွန်း​သော ခြေ​ရာ​များ၏။

ဓား​ပြ​အ​လုံး​အ​ရင်း​သည် ခ​ရီး​သွား​သော​သူ​ကို ချောင်း၍​ကြည့်​သ​ကဲ့​သို့၊ ယဇ်​ပု​ရော​ဟိတ် အ​ပေါင်း​အ​သင်း​သည် ရှေ​ခင်​မြို့​သို့​သွား​သော လမ်း၌​ပင် အ​သက်​ကို သတ်​တတ်​ကြ၏။

ဣ​သ​ရေ​လ၏​အ​နာ​ကို ပျောက်​စေ​ခြင်း​ငှာ ငါ​ပြု​သော​အ​ခါ၊ ဧ​ဖ​ရိမ်၏​အ​ပြစ်​နှင့် ရှ​မာ​ရိ​ပြု​သော အ​ဓ​မ္မ​အ​မှု​သည် ထင်​ရှား​ပြန်၏။ သူ​တို့​သည် သ​စ္စာ​ပျက်​ကြ​ပြီ။ အ​ထဲ​သို့ သူ​ခိုး​ဝင်​တတ်၏။ ပြင်၌​လည်း ဓား​ပြ​အ​လုံး​အ​ရင်း​တို့​သည် တိုက်​တတ်​ကြ၏။

ဆိုး​ညစ်​သော အ​မှု​အား​ဖြင့် ရှင်​ဘု​ရင်​ကို​လည်း​ကောင်း၊ မု​သား​စ​ကား​အား​ဖြင့် မင်း​များ​ကို​လည်း​ကောင်း ဝမ်း​မြောက်​စေ​ကြ၏။

ထို​သူ​အ​ပေါင်း​တို့​သည် မ​တ​ရား​သော မေ​ထုန်​ဖြင့် မှား​ယွင်း​သော​သူ​ဖြစ်၍၊ မီး​ထည့်​သော မုန့်​သည်၏ မီး​ဖို​နှင့်​တူ​ကြ၏။ မုန့်​စိမ်း​ကို​နယ်​ပြီး​မှ မ​ဖောင်း​ကြွ​မီ​တိုင်​အောင်၊ မီး​ကို​မ​ဆော်​ဘဲ ငြိမ်​ဝပ်​စွာ နေ​ရ၏။

သု​စ​ရိုက်​ကို​မုန်း၍ ဒု​စ​ရိုက်​ကို​နှစ်​သက်​လျက်၊ သူ​တစ်​ပါး​အ​ရေ​ကို​လည်း​ကောင်း၊ အ​ရိုး၌​ကပ်​သော အ​သား​ကို​လည်း​ကောင်း ဆွဲ​ယူ​လျက်၊

ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​ကို ရွံ​ရှာ၍ ခပ်​သိမ်း​သော​တ​ရား​ကို ဖျက်​လျက်၊

မ​တ​ရား​သော​သူ​တို့၏​အိမ်၌ မ​တ​ရား​သ​ဖြင့် ဆည်း​ပူး​သော ဥ​စ္စာ​နှင့်၊ ရွံ​ရှာ​ဖွယ်​သော တင်း​တောင်း​ငယ် ရှိ​သေး​သ​လော။

ကောင်း​သော​ပြည်​သား​အ​ပေါင်း​တို့​သည် ကွယ်​ပျောက်​ကြ​ပြီ။ ဖြောင့်​မတ်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ခပ်​သိမ်း​သော​သူ​တို့​သည် လူ​အ​သက်​ကို သတ်​ခြင်း​ငှာ ချောင်း၍ ကြည့်​တတ်​ကြ၏။ အ​ချင်း​ချင်း တစ်​ယောက်​ကို တစ်​ယောက် ကျော့​ကွင်း​နှင့် ဖမ်း​တတ်​ကြ၏။

ဆန့်​ကျင်​ဘက်​ပြု၍ ညစ်​ညူး​လျက် ညှဉ်း​ဆဲ​တတ်​သော မြို့​သည် အ​မင်္ဂ​လာ​ရှိ၏။

ကောင်း​ကင်​တ​မန်​က​လည်း၊ ထို​စာ​စောင်​သည် တစ်​ပြည်​လုံး​ကို နှံ့​ပြား​သော​ကျိန်​ခြင်း​ဖြစ်၏။ ခိုး​တတ်​သော​သူ ရှိ​သ​မျှ​တို့​သည်၊ ထို​စာ​စောင်​တစ်​ဖက်၌ ပါ​သည်​အ​တိုင်း ပယ်​ဖြတ်​ခြင်း​ကို ခံ​ရ​ကြ​မည်။ အ​ကျိန်​ရဲ​သော သူ​ရှိ​သ​မျှ​တို့​သည်၊ ထို​စာ​စောင်​တစ်​ဖက်၌ ပါ​သည်​အ​တိုင်း ပယ်​ဖြတ်​ခြင်း​ကို ခံ​ရ​ကြ​မည်။

တ​ရား​အ​မှု​ကို တ​ရား​သ​ဖြင့် စီ​ရင်​ကြ​လော့။ သ​နား​ခြင်း​က​ရု​ဏာ​စိတ်​နှင့် တစ်​ယောက်​ကို တစ်​ယောက် ကျေး​ဇူး​ပြု​ကြ​လော့။

ထို​ကြောင့် ဖြောင့်​မတ်​သော အာ​ဗေ​လ၏​အ​သွေး​မှ​စ၍၊ အ​တွင်း​ဗိ​မာန်​တော်​နှင့် ယဇ်​ပ​လ္လင်၏​အ​ကြား၌ သင်​တို့​သတ်​ကြ​သော ဗာ​ရ​ခိ​သား ဇာ​ခ​ရိ၏​အ​သွေး​တိုင်​အောင် မြေ​ကြီး​အ​ပေါ်၌ သွန်း​ပြီး​သ​မျှ​သော သူ​တော်​ကောင်း​တို့၏ အ​သွေး​သည် သင်​တို့ ခေါင်း​ပေါ်​သို့​ရောက်​လိမ့်​မည်။-

သင်​တို့​ဘိုး​ဘေး​များ​သည် အ​ဘယ်​ပ​ရော​ဖက်​ကို​မျှ မ​ညှဉ်း​ဆဲ​ဘဲ နေ​သ​နည်း။ ဖြောင့်​မတ်​သော​သူ ကြွ​လာ​တော်​မူ​မည်​အ​ကြောင်း​အ​ရာ​ကို ဟော​ပြော​ပြ​ညွှန်​သော သူ​တို့​ကို ကွပ်​မျက်​ကြ၏။ ထို​ဖြောင့်​မတ်​သော​သူ​ကို​ပင် ယ​ခု​လည်း သင်​တို့​သည် အပ်​နှံ၍ အ​သေ​သတ်​ကြ​ပြီ။-

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို မု​သား​နှင့်​ဆိုင်၍ မ​မြွက်​မ​ဆို​နှင့်။ အ​ကြောင်း​မူ​ကား၊ နာ​မ​တော်​ကို မု​သား​နှင့်​ဆိုင်၍ မြွက်​ဆို​သော​သူ​ကို အ​ပြစ်​မ​ရှိ​ဟု ထာ​ဝ​ရ​ဘု​ရား​မှတ်​တော်​မ​မူ။

သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။

သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်။

ယု​ဒ​လူ​တို့​သည် သ​ခင်​ယေ​ရှု​မှ​စ၍ ပ​ရော​ဖက်​များ​ကို အ​သေ​သတ်​ကြ​ပြီ။ ငါ​တို့​ကို​လည်း ညှဉ်း​ဆဲ​ကြ​ပြီ။ ဘု​ရား​သ​ခင်၏ အ​လို​တော်​သို့ မ​လိုက်၊ ခပ်​သိမ်း​သော လူ​တို့​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​ကြ၏။-

ထို​မိန်း​မ​သည် သန့်​ရှင်း​သူ​တို့၏ အ​သွေး၊ ယေ​ရှု၏ သက်​သေ​ခံ​တို့၏ အ​သွေး​နှင့် ယစ်​မူး​သည်​ကို ငါ​မြင်၏။ ထို​သို့​မြင်​သော​အ​ခါ အ​လွန်​အံ့​ဩ​မိန်း​မော၍ နေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ