Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟော​ရှေ 4:18

Judson Bible

သူ​တို့​စား​သောက်​ပွဲ​ခံ​ချိန်​လွန်​ပြီ။ မင်း​လုပ်​သော​သူ​တို့​သည် အ​ထပ်​ထပ် မ​တ​ရား​သော​မေ​ထုန်​ကို​ပြု​ကြ​ပြီ။ ရှက်​ဖွယ်​သော​အ​မှု​ကို တပ်​မက်​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​သုံး​လ​ခန့်​လွန်​သည်​ရှိ​သော်၊ သူ​တစ်​ပါး​က၊ သင်၏​ချွေး​မ​တာ​မာ​သည် ပြည့်​တန်​ဆာ​လုပ်၍ မ​တ​ရား​သော​မေ​ထုန်​ပြု​သ​ဖြင့် ကိုယ်​ဝန်​ဆောင်​လျက်​နေ​ပြီ​တ​ကား​ဟု ယု​ဒ​အား​ပြော​ဆို​လျှင်၊ ယု​ဒ​က သူ့​ကို​ထုတ်၍​မီး​ရှို့​စေ​ဟု စီ​ရင်​လေ၏။

လူ​မျိုး​တို့၏​အ​ကြီး​အ​ကဲ​တို့​သည် အာ​ဗြ​ဟံ ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏​လူ​မျိုး​ထံ​မှာ စု​ဝေး​လျက်​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ မြေ​ကြီး​တန်​ခိုး​များ​ကို ဘု​ရား​သ​ခင်​ပိုင်​တော်​မူ၏။ အ​ထူး​သ​ဖြင့် ချီး​မြှောက်​ခြင်း​ရှိ​တော်​မူ၏။

သင်​သည် တံ​စိုး​မ​စား​ရ။ တံ​စိုး​သည် ပ​ညာ​ရှိ​တို့၏​မျက်​စိ​ကို​ကွယ်​စေ၍၊ ဖြောင့်​မတ်​သော​သူ​တို့၏​စ​ကား​ကို လွဲ​စေ​တတ်၏။

အ​ကောင်း​ဆုံး​သော စ​ပျစ်​နွယ်​ပင်​အ​မျိုး​စစ်​ဖြစ်​သော သင့်​ကို ငါ​စိုက်​ပျိုး​သော်​လည်း၊ သင်​သည် ငါ့​ရှေ့​မှာ အ​ဘယ်​မျှ​လောက် ဖောက်​ပြန်၍၊ အ​မျိုး​မ​စစ်​သော စ​ပျစ်​နွယ်​ပင် ဖြစ်​ပါ​သည်​တ​ကား။

သို့​ရာ​တွင်၊ သင်​သည် ကိုယ်​လှ​သော​အ​ဆင်း​ကို​ကိုး​စား၍၊ ဂုဏ်​အ​သ​ရေ ကျော်​စော​သော​ကြောင့်၊ ပြည့်​တန်​ဆာ​လုပ်၍၊ ခ​ရီး​သွား​သော​သူ အ​ပေါင်း​တို့​နှင့် မ​တ​ရား​သော​မေ​ထုန်​ကို အ​နှံ့​အ​ပြား​ပြု​သ​ဖြင့်၊ ယောက်ျား​တိုင်း အ​ခွင့်​ရ၏။

သူ​တို့​သည် စား၍​မ​ဝ​ရ​ကြ။ မ​တ​ရား​သော မေ​ထုန်​ကို​ပြု၍ သား​သ​မီး​ကို မ​ဖွား​မြင်​ရ​ကြ။

ကျိန်​ဆဲ​ခြင်း၊ မု​သား​စ​ကား​ကို ပြော​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊ သူ့​ဥ​စ္စာ​ကို​ခိုး​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း​တို့၌ အ​ဆီး​အ​တား​မ​ရှိ။ လူ​အ​သက်​ကို သတ်​သော​အ​ပြစ် အ​ထပ်​ထပ်​ရှိ​ကြ၏။

တော၌ စ​ပျစ်​သီး​ကဲ့​သို့ ဣ​သ​ရေ​လ​အ​မျိုး​ကို ငါ​တွေ့၏။ သီး​စ​သော သင်္ဘော​သ​ဖန်း​ပင်၌ အ​ဦး​ဆုံး​မှည့်​သော သင်္ဘော​သ​ဖန်း​သီး​ကဲ့​သို့ သင်​တို့​ဘိုး​ဘေး​များ​ကို ငါ​မြင်၏။ သူ​တို့​သည် ကိုယ်​အ​လို​အ​လျောက် ဗာ​လ​ပေ​ဂု​ရ​ဘု​ရား​ထံ​သို့​သွား၍၊ ထို​ရှက်​ဖွယ်​သော​အ​ရာ​အ​ဖို့ ကိုယ်​ကို အပ်​နှံ​သ​ဖြင့် တပ်​မက်​သည်​အ​တိုင်း စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကို ပြု​ကြ၏။

သင်​တို့ အ​ထပ်​ထပ် လွန်​ကျူး​သော​ဒု​စ​ရိုက်၊ အ​လွန်​လေး​သော အ​ပြစ်​တို့​ကို ငါ​သိ၏။ ဖြောင့်​မတ်​သော​သူ​ကို နှောင့်​ယှက်​တတ်​ကြ၏။ တံ​စိုး​စား​တတ်​ကြ၏။ ဆင်း​ရဲ​သား​ကို တံ​ခါး​ဝ​တွင် မ​တ​ရား​သ​ဖြင့် စီ​ရင်​တတ်​ကြ၏။

မင်း​တို့​သည် လက်​ဆောင်​ကို ရ​ခြင်း​ငှာ​သာ တ​ရား​မှု​ကို စီ​ရင်​တတ်​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​ခ​ကို​ရ​ခြင်း​ငှာ​သာ သင်​ပေး​တတ်​ကြ၏။ ပ​ရော​ဖက်​တို့​သည် ငွေ​ကို​ရ​ခြင်း​ငှာ​သာ အ​နာ​ဂတ်​ကို ဟော​တတ်​ကြ၏။ သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ကို​ခို​လှုံ​လျက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​တွင် ရှိ​တော်​မူ​သည် မ​ဟုတ်​လော၊ ဘေး​ဥ​ပဒ်​မ​ရောက်​နိုင်​ဟု ဆို​တတ်​ကြ​သည်​တ​ကား။

ဒု​စ​ရိုက်​ကို ကြိုး​စား၍​ပြု​ခြင်း​ငှာ အ​သင့်​ရှိ​ကြ၏။ မင်း​သည် လက်​ဆောင်​ကို တောင်း​တတ်၏။ တ​ရား​သူ​ကြီး​သည် တံ​စိုး​ကို စား​တတ်၏။ သူ​တစ်​ပါး​ထက်​ကြီး​သော​သူ​သည် မ​တ​ရား​သော လော​ဘ​ကို ထင်​ရှား​စေ​တတ်၏။ ထို​သို့​အ​မှု​ကို ရှုပ်​စေ​ခြင်း​ငှာ ပြု​တတ်​ကြ၏။

သင်​သည် တ​ရား​လမ်း​မှ မ​လွှဲ​ရ။ လူ​မျက်​နှာ​ကို မ​ထောက်​ရ။ တံ​စိုး​ကို မ​စား​ရ။ တံ​စိုး​သည် ပ​ညာ​ရှိ​မျက်​စိ​ကို ကွယ်​စေ​တတ်၏။ ဖြောင့်​မတ်​သော​သူ၏​စ​ကား​ကို ကောက်​စေ​တတ်၏။

သို့​ရာ​တွင် အ​ဘ​လမ်း​သို့​မ​လိုက်။ ငွေ​ကို​တပ်​မက်​သော​စိတ်​နှင့် လွဲ​သွား၍ တံ​စိုး​စား​လျက် တ​ရား​ကို​ဖျက်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ