Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟော​ရှေ 3:4

Judson Bible

အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် နေ့​ရက်​များ​စွာ ရှင်​ဘု​ရင်​မ​ရှိ၊ မင်း​သား​မ​ရှိ၊ ယဇ်​ပူ​ဇော်​ခြင်း​မ​ရှိ၊ ဆင်း​တု​မ​ရှိ၊ သင်​တိုင်း​မ​ရှိ၊ တေ​ရပ်​ရုပ်​တု​မ​ရှိ​ဘဲ နေ​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

44 ပူးပေါင်းရင်းမြစ်များ  

လာ​ဗန်​သည် သိုး​မွေး​ကို​ညှပ်​ခြင်း​ငှာ၊ အ​ခြား​တစ်​ပါး​သို့​သွား​ခိုက်​တွင်၊ ရာ​ခေ​လ​သည်၊ သူ၏​တေ​ရပ်​ရုပ်​တု​တို့​ကို ခိုး​ယူ​လေ၏။

ရာ​ခေ​လ​သည်၊ ထို​ရုပ်​တု​တို့​ကို​ယူ၍ ကု​လား​အုတ်​ကုန်း​နှီး​တန်​ဆာ​ထဲ​သို့ သွင်း​ထား​ပြီး​လျှင်၊ ထို​တန်​ဆာ​ပေါ်​မှာ​ထိုင်​လျက်​နေ၏။ လာ​ဗန်​သည် တစ်​တဲ​လုံး​ကို ရှာ​ဖွေ၍​မ​တွေ့​လျှင်၊

ရှိ​လော​မ​ရောက်​မီ​တိုင်​အောင်၊ ရာ​ဇ​လှံ​တံ​သည်​ယု​ဒ​ထံ​မှ​လည်း​ကောင်း၊ မင်း​အာ​ဏာ​သည် သူ၏​အ​မျိုး​အ​နွယ်​ထံ​မှ​လည်း​ကောင်း မ​ရွေ့​ရ။ ရှိ​လော၌​လူ​မျိုး​တို့​သည် ဆည်း​ကပ်​ကြ​လိမ့်​မည်။

ဒါ​ဝိဒ်​သည်​လည်း ပိတ်​သင်​တိုင်း​ကို​ဝတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အား​ထုတ်၍ က​လေ၏။

ထို​မှ​တစ်​ပါး၊ ဗိ​မာန်​တော်၌ ယဇ်​ပု​ရော​ဟိတ်​ဟိ​လ​ခိ​တွေ့​သော ကျမ်း​စာ၌​ပါ​သော စ​ကား​အ​တိုင်း ကျင့်​လို​သော​ငှာ၊ ယော​ရှိ​မင်း​သည် စုန်း၊ နတ်​ဝင်၊ တေ​ရပ်​ရုပ်​တု​မှ​စ၍ ရုပ်​တု​ဆင်း​တု​များ​ကို​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​နှင့် ယု​ဒ​ပြည်​လုံး​တွင် ရွံ​ရှာ​ဖွယ်​သော​အ​ရာ တွေ့​သ​မျှ​တို့​ကို​လည်း​ကောင်း၊ သုတ်​သင်​ပယ်​ရှင်း​တော်​မူ၏။

အာ​ဇ​ရိ​သည် အာ​သ​မင်း​ကို ကြို​ဆို​ခြင်း​ငှာ သွား​လျက်၊ အို​အာ​သ​မင်း၊ အို​ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန် အ​မျိုး​သား​အ​ပေါင်း​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဘက်၌​နေ​လျှင်၊ နေ​စဉ်​ကာ​လ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​လျှင် အ​တွေ့​ခံ​တော်​မူ​မည်။ စွန့်​လျှင်​သင်​တို့​ကို စွန့်​တော်​မူ​မည်။

လုပ်​ရ​သော​အ​ဝတ်​ဟူ​မူ​ကား၊ ရင်​ဖုံး၊ သင်​တိုင်း၊ ဝတ်​လုံ၊ ချယ်​လှယ်​သော​အင်္ကျီ၊ ဗောင်း၊ ခါး​ပန်း​တည်း​ဟူ​သော သင်၏​အစ်​ကို​အာ​ရုန်​နှင့် သူ၏​သား​တို့​သည်၊ ငါ့​ရှေ့​မှာ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​ရ​မည်​အ​ကြောင်း၊ သန့်​ရှင်း​သော​အ​ဝတ်​ကို လုပ်​ခြင်း​ငှာ၊

ထို​ရွှေ​အ​စ​ရှိ​သည်​တို့​နှင့် သင်​တိုင်း​ကို ထူး​ဆန်း​စွာ​လုပ်​ရ​မည်။

မြို့​တံ​ခါး​ရွက်​တို့​သည် မြေ၌​မြှုပ်​လျက်​ရှိ​ကြ၏။ ကန့်​လန့်​ကျင်​တို့​ကို ချိုး​ဖဲ့​တော်​မူ​ပြီ။ ရှင်​ဘု​ရင်​နှင့် မင်း​သား​တို့​သည် သာ​သ​နာ​ပ​လူ​တို့​တွင် နေ​ရ​ကြ၏။ တ​ရား​တော်​မ​ရှိ။ ပ​ရော​ဖက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ကို မ​ခံ​မ​ရ​ကြ။

အ​ခက်​အ​လက်​တံ​ဖျာ​တစ်​ခု​ထဲ​က မီး​ထွက်၍ အ​သီး​ကို ကျွမ်း​လောင်​ပြီး၊ အ​စိုး​ရ​သော ရာ​ဇ​လှံ​တံ​ဖို့ ခိုင်​ခံ့​သော​တံ​ဖျာ တစ်​စုံ​တစ်​ခု​မျှ မ​ကျန်​ကြွင်း။ ဤ​ရွေ့​ကား၊ ငို​ကြွေး​မြည်​တမ်း​ခြင်း​အ​ကြောင်း​ဖြစ်၏။ ငို​ကြွေး​မြည်​တမ်း​စ​ရာ​အ​ကြောင်း​လည်း ဖြစ်​လိမ့်​မည်။

ငါ​တို့​သည် တစ်​ပါး​အ​မျိုး​သား​ကဲ့​သို့​လည်း​ကောင်း၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​ကို​ဝတ်​ပြု​သော ပြည်​သူ​ပြည်​သား​များ ကဲ့​သို့​လည်း​ကောင်း ဖြစ်​မည်​ဟု၊ သင်​တို့​ကြံ​စည်​သည်​အ​တိုင်း အ​ကြံ​မ​မြောက်​ရ။

ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ဗေ​ဒင်​တွက်​ခြင်း​ငှာ လမ်း​နှစ်​လမ်း​ဆုံ​မိ​ရာ​လမ်း​ခွ၌ ရပ်၏။ မြား​တို့​ကို ရော​နှော၏။ တေ​ရပ်​ရုပ်​တု​တို့​ကို မေး​မြန်း၏။ အ​သည်း​ကို ကြည့်​ရှု၏။

သင့်​အ​ပေါ်​သို့ ငါ့​အ​မျက်​ကို​ငါ​သွန်း​လောင်း​မည်။ ငါ့​ဒေါ​သ​မီး​ဖြင့် သင့်​ကို​မှုတ်​မည်။ ကြမ်း​တမ်း​သော​သ​ဘော​ရှိ၍ ဖျက်​ဆီး​တတ်​သော လူ​တို့​လက်​သို့ အပ်​မည်။

ထို​မင်း​နောက်​မှ စစ်​လက်​နက်​တို့​သည် ပေါ်​လာ​သ​ဖြင့်၊ တန်​ခိုး​ကြီး​သော သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ညစ်​ညူး​စေ၍၊ နေ့​ရက်​အ​စဉ် ပြု​သော​ဝတ်​ကို ပယ်​ရှင်း​ကြ​လိမ့်​မည်။ ဖျက်​ဆီး​တတ်​သော ရွံ​ရှာ​ဖွယ်​အ​ရာ​ကို​လည်း တည်​ထား​ကြ​လိမ့်​မည်။

နေ့​ရက်​အ​စဉ် ပြု​သော​ဝတ်​ကို ပယ်​ရှင်း၍၊ ဖျက်​ဆီး​တတ်​သော ရွံ​ရှာ​ဖွယ်​အ​ရာ​သည် ပေါ်​လာ​ပြီး​မှ၊ အ​ရက် တစ်​ထောင်​နှစ်​ရာ​ကိုး​ဆယ် ကြာ​လိမ့်​မည်။

တစ်​သီ​တင်း​တွင် လူ​အ​များ​တို့​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​ခြင်း​ရှိ၍ ထို​သီ​တင်း​တစ်​ဝက်​တွင် ယဇ်​ပူ​ဇော်​ခြင်း​နှင့် ဆက်​ကပ်​ခြင်း​ကို ပ​ပျောက်​စေ​လိမ့်​မည်။ ရွံ​ရှာ​ဖွယ်​သော​အ​ရာ၏ အ​ထွတ်​ပေါ်​သို့ ဖျက်​ဆီး​သော​သူ​သည်​ရောက်၍ စီ​ရင်​ဆုံး​ဖြတ်​သော သုတ်​သင်​ပယ်​ရှင်း​ခြင်း​သည် ပျက်​စီး​အပ်​သော သူ​တို့​ကို မ​လွှမ်း​မိုး​မီ​တိုင်​အောင် ထို​သို့​ဖြစ်​လိမ့်​မည်​ဟု ကြား​ပြော၏။

သင်၏ ရှင်​ဘု​ရင်​သည် အ​ဘယ်​မှာ ရှိ​သ​နည်း။ သင့်​နေ​ရာ​မြို့ ရှိ​သ​မျှ​တို့၌ ကယ်​တင်​ပါ​စေ​သော။ သင်၏​တ​ရား​သူ​ကြီး​တို့​သည် အ​ဘယ်​မှာ ရှိ​ကြ​သ​နည်း။

ရှင်​ဘု​ရင်​နှင့် မင်း​များ​ကို ပေး​ပါ​ဟု သင်​တောင်း​သော​ကြောင့်၊ ငါ​အ​မျက်​ထွက်၍ ရှင်​ဘု​ရင်​ကို ပေး​ပြီ။ တစ်​ဖန်​ပြင်း​စွာ အ​မျက်​ထွက်၍ ရှင်​ဘု​ရင်​ကို ပယ်​ရှား​ပြီ။

သူ​ရွှင်​လန်း​စ​ရာ​အ​ကြောင်း​ရှိ​သ​မျှ​နှင့် ပွဲ​ခံ​ခြင်း၊ လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့​စောင့်​ခြင်း၊ ပ​ရိ​သတ်​စည်း​ဝေး​ခြင်း အ​လုံး​စုံ​တို့​ကို ငါ​ပြတ်​စေ​မည်။

အာ​ရုန်​ကို အင်္ကျီ​ဝတ်​စေ၍၊ ခါး​ပန်း​ကို​စည်း​စေ​လေ၏။ ဝတ်​လုံ​နှင့် သင်​တိုင်း​ကို​လည်း​ခြုံ​စေ၍၊ ထူး​ဆန်း​သော သင်​တိုင်း​ခါး​စည်း​ဖြင့် စည်း​လေ၏။

တေ​ရပ်​ရုပ်​တု​တို့​သည် အ​န​တ္တ​စ​ကား​ကို ပြော​ကြ၏။ ပ​ရော​ဖက်​လုပ်​သော သူ​တို့​သည် မု​သား​ရူ​ပါ​ရုံ​ကို​မြင်၍၊ မ​မှန်​သော​အိပ်​မက်​ကို ဟော​ပြော​ကြ၏။ အ​ချည်း​နှီး နှစ်​သိမ့်​စေ​ကြ၏။ ထို​ကြောင့်၊ သိုး​စု​ကဲ့​သို့ လည်​သွား၍ သိုး​ထိန်း​မ​ရှိ​သော​ကြောင့် ဆင်း​ရဲ​ခံ​ရ​ကြ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပြည်​တော်​တွင် ရှိ​သော ရုပ်​တု​တို့၏​နာ​မ​များ​ကို နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​မှတ်​မိ​စေ​ခြင်း​ငှာ၊ ထို​ကာ​လ၌ ငါ​သုတ်​သင်​ပယ်​ရှင်း​မည်။ ပ​ရော​ဖက်​လုပ်​သော သူ​တို့​ကို​လည်း​ကောင်း၊ ညစ်​ညူး​သော ဝိ​ညာဉ်​ကို​လည်း​ကောင်း ပြည်​တော်​မှ နှင်​ထုတ်​မည်။

သူ​တို့​သည် ဓား​ဘေး​ဖြင့် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ အ​ခြား​သော​ပြည်​အ​ရပ်​ရပ်​သို့ ဖမ်း​သွား​ကြ​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​တို့​သည် မိ​မိ​တို့ အ​ချိန်​ကာ​လ မ​ပြည့်​စုံ​မီ​တိုင်​အောင် ယေ​ရု​ရှ​လင်​မြို့​ကို ခြေ​နှင့် နင်း​ကြ​လိမ့်​မည်။

ထို​သူ​ကို​ထုတ်​ပါ။ ထုတ်​ပါ။ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပါ​ဟု လူ​များ​ဟစ်​ကြော်​ကြ၏။ ပိ​လတ်​မင်း​က​လည်း၊ သင်​တို့၏​ရှင်​ဘု​ရင်​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ရ​မည်​လော​ဟု မေး​ပြန်​လျှင်၊ ယဇ်​ပု​ရာ​ဟိတ်​အ​ကြီး​တို့​က၊ အ​ကျွန်ုပ်​တို့၌ ကဲ​သာ​ဘု​ရင်​မှ​တစ်​ပါး အ​ဘယ်​ရှင်​ဘု​ရင်​မျှ​မ​ရှိ​ဟု ပြန်​ပြော​ကြ၏။-

အ​ကြောင်း​မူ​ကား၊ သ​မ္မာ​တ​ရား​ကို သိ​ပြီး​မှ ကိုယ်​အ​လို​သို့​လိုက်၍ ပြစ်​မှား​ပြန်​လျှင်၊ နောက်​တစ်​ဖန် အ​ပြစ်​ဖြေ​သော​ယဇ်​ကို ပူ​ဇော်​ရာ​အ​ခွင့် မ​ရှိ​ဘဲ၊-

ထို​လူ​မိ​က္ခာ​သည် ဘု​ရား​ကျောင်း​ရှိ၍၊ သင်​တိုင်း​တော်​နှင့် တေ​ရပ်​ရုပ်​တု​ကို လုပ်​ပြီး​မှ၊ မိ​မိ​သား​တစ်​ယောက်​ကို မိ​မိ​ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​လေ၏။

ထို​အ​ခါ လဲ​ရှ​မြို့​ကို စူး​စမ်း​ခြင်း​ငှာ​သွား​သော သူ​ငါး​ယောက်​တို့​က၊ ဤ​အိမ်​တို့၌ သင်​တိုင်း​တော်၊ တေ​ရပ်​ရုပ်​တု၊ ထု​သော​ရုပ်​တု၊ သွန်း​သော​ရုပ်​တု​ရှိ​ကြောင်း​ကို သိ​သ​လော။ အ​ဘယ်​သို့​ပြု​ရ​မည်​ကို ဆင်​ခြင်​ကြ​လော့​ဟု အ​မျိုး​သား​ချင်း​တို့​အား​ဆို​သော်၊

ထို​တန်​ဆာ​တို့​နှင့် ဂိ​ဒေါင်​သည် သင်​တိုင်း​တော်​ကို​လုပ်၍ မိ​မိ​နေ​ရာ ဩ​ဖ​ရ​မြို့​မှာ​ထား​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ မျိုး​သား​အ​ပေါင်း​တို့​သည် ထို​သင်​တိုင်း​တော်​နှင့် မှား​ယွင်း​လျက်​သွား​တတ်​ကြ၏။ ထို​အ​မှု​သည် ဂိ​ဒေါင်​နှင့် သူ၏​အ​မျိုး​ပြစ်​မှား​ရာ​အ​ကြောင်း ဖြစ်​သ​တည်း။

သင်​တိုင်း​ဝတ်၍ ရှိ​လော​မြို့၌ ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သော​သူ ဧ​လိ​နှင့်​ဖိ​န​ဟတ်​တို့​မှ ဆင်း​သက်​သော ဣ​ခ​ဗုဒ်၏​အစ်​ကို အ​ဟိ​တုပ်၏​သား အ​ဟိ​ယ​လည်း​ရှိ၏။ ယော​န​သန်​သွား​ကြောင်း​ကို လူ​များ​မ​သိ​ကြ။

ငြင်း​ဆန်​သော​သ​ဘော​သည် နတ်​ဆိုး​နှင့် ပေါင်း​ခြင်း​ကဲ့​သို့​လည်း​ကောင်း၊ ခိုင်​မာ​သော​သ​ဘော​သည် ဗေ​ဒင်​တန်​ဆာ​ကို သုံး​ခြင်း​ကဲ့​သို့​လည်း​ကောင်း အ​ပြစ်​ကြီး၏။ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို ပယ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ရှင်​ဘု​ရင်​အ​ရာ​ကို​နုတ်၍ သင့်​ကို​ပယ်​တော်​မူ​ပြီ​ဟု ဆို၏။

သူ​ငယ် ရှ​မွေ​လ​သည် ပိတ်​သင်​တိုင်း​ကို ဝတ်​စည်း​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့၌ အ​မှု​တော်​ကို ဆောင်​ရွက်​လေ၏။

ယဇ်​ပု​ရော​ဟိတ်​က၊ ဧ​လာ​ချိုင့်၌ သင်​လုပ်​ကြံ​ခဲ့​သော ဖိ​လိ​တ္တိ​လူ ဂေါ​လျတ်၏​ဓား​သည် အ​ဝတ်​နှင့်​ထုပ်​ရစ်​လျက် သင်​တိုင်း​တော်​နောက်​မှာ​ရှိ၏။ ယူ​ချင်​လျင် ယူ​တော့။ အ​ခြား​သော​ဓား​မ​ရှိ​ဟု ဆို​လျှင်၊ ဒါ​ဝိဒ်​က ထို​ဓား​နှင့်​တူ​သော ဓား​မ​ရှိ။ ပေး​ပါ​တော့​ဟု ဆို၏။

တစ်​ဖန် ရှင်​ဘု​ရင်​က၊ သင်​သည်​လှည့်၍ ယဇ်​ပု​ရော​ဟိတ်​တို့​ကို လုပ်​ကြံ​တော့​ဟု ဒေါ​ဂ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဧ​ဒုံ​အ​မျိုး​သား​ဒေါ​ဂ​သည် လှည့်၍ ပိတ်​သင်​တိုင်း​ကို​ဝတ်​သော ယဇ်​ပု​ရော​ဟိတ်​ရှစ်​ဆယ့်​ငါး​ပါး​တို့​ကို လုပ်​ကြံ​သ​ဖြင့် ထို​နေ့၌ သတ်​လေ၏။

အ​ဟိ​မ​လက်၏​သား​အ​ဗျာ​သာ​သည်၊ ဒါ​ဝိဒ်​ရှိ​ရာ​ကိ​လ​မြို့​သို့ ပြေး​လာ​သော​အ​ခါ သင်​တိုင်း​တော်​ပါ​လျက် ရောက်​လာ​သ​တည်း။

ရှော​လု​သည် မ​ကောင်း​သော​အ​ကြံ​နှင့် ကြိုး​စား​သည်​ကို ဒါ​ဝိဒ်​သည်​သိ၍၊ ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ​အား၊ သင်​တိုင်း​တော်​ကို ယူ​ခဲ့​ပါ​ဟု​ဆို၏။

သင်​တိုင်း​တော်​ကို ငါ့​ထံ​သို့​ဆောင်​ခဲ့​ပါ​လော့​ဟု အ​ဟိ​မ​လက်၏​သား အ​ဗျာ​သာ​ကို ဆို​လျှင်၊ အ​ဗျာ​သာ​သည် သင်​တိုင်း​တော်​ကို ဒါ​ဝိဒ်​ထံ​သို့ ဆောင်​ခဲ့​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ