ဟောရှေ 2:9Judson Bibleသို့ဖြစ်၍၊ စပါးရိတ်ရာကာလ၌ ငါ့စပါးကိုလည်းကောင်း၊ စပျစ်ရည်လုပ်ရာကာလ၌ ငါ့စပျစ်ရည်ကိုလည်းကောင်း၊ သူ၏ကိုယ်ကို ဖုံးလွှမ်းစရာ ငါ့သိုးမွေးနှင့် ပိုက်ဆန်ကိုလည်းကောင်း ငါသိမ်းယူမည်။ အခန်းကိုကြည့်ပါ။ |
ဧဒုံအမျိုးသားတို့က၊ ငါတို့သည်ပျက်စီးသော်လည်း၊ ပျက်စီးသောအရပ်တို့ကို တစ်ဖန် တည်ဆောက်ဦးမည်ဟု ဆိုရာတွင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည်တည်ဆောက်သော်လည်း ငါဖြိုဖျက်မည်။ သူတို့ကို ဒုစရိုက်ပြည်သား၊ ထာဝရဘုရား အစဉ်အမျက်ထွက်တော်မူသော လူမျိုးဟူ၍ သမုတ်ကြလိမ့်မည်။