ဟောရှေ 2:5Judson Bibleသူတို့အမိသည် ပြည့်တန်ဆာဖြစ်၏။ သူတို့ကို ပဋိသန္ဓေယူသောသူသည် ရှက်ဖွယ်သောအမှုကို ပြုပြီ။ သူကလည်း၊ ငါ့မုန့်၊ ငါ့ရေ၊ ငါ့သိုးမွေး၊ ငါ့ပိုက်ဆန်၊ ငါ့ဆီ၊ ငါသောက်သောအရည်တို့ကို ပေးတတ်သော ငါ့ရည်းစားများ နောက်သို့ ငါလိုက်မည်ဟုဆိုပြီ။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါလွှတ်လိုက်သော သင်တို့အမိ၏ ဖြတ်စာသည် အဘယ်မှာရှိသနည်း။ ငါ၌ကြွေးရှိ၍ အဘယ်မည်သော ကြွေးရှင်ထံ၌ သင်တို့ကို ငါရောင်းသနည်း။ သင်တို့သည် ကိုယ်ပြုသော ဒုစရိုက်အတွက် ကျွန်ခံရကြ၏။ သင်တို့အပြစ်ကြောင့်၊ သင်တို့အမိကို ငါလွှတ်လိုက်၏။
တစ်ဖန် ထာဝရဘုရားက၊ ဣသရေလအမျိုးသားတို့သည် အခြားတစ်ပါးသော ဘုရားတို့ကို ဖူးမျှော်၍၊ စပျစ်သီးပျဉ်ကို အလိုရှိသော်လည်း ထာဝရဘုရားချစ်တော်မူသည်နည်းတူ၊ မိမိခင်ပွန်း၏ ချစ်ခြင်းကိုခံလျက် မျောက်မထားသော မိန်းမကို သွား၍ချစ်ဦးလော့ဟု ငါ့အား မှာထားတော်မူသည်အတိုင်း၊
တော၌ စပျစ်သီးကဲ့သို့ ဣသရေလအမျိုးကို ငါတွေ့၏။ သီးစသော သင်္ဘောသဖန်းပင်၌ အဦးဆုံးမှည့်သော သင်္ဘောသဖန်းသီးကဲ့သို့ သင်တို့ဘိုးဘေးများကို ငါမြင်၏။ သူတို့သည် ကိုယ်အလိုအလျောက် ဗာလပေဂုရဘုရားထံသို့သွား၍၊ ထိုရှက်ဖွယ်သောအရာအဖို့ ကိုယ်ကို အပ်နှံသဖြင့် တပ်မက်သည်အတိုင်း စက်ဆုပ်ရွံရှာဖွယ်သော အမှုတို့ကို ပြုကြ၏။