Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟော​ရှေ 2:4

Judson Bible

သူ၏​သား​သ​မီး​တို့​သည် သူ​မျောက်​မ​ထား၍​ရ​သော သား​သ​မီး​ဖြစ်​သော​ကြောင့် သူ​တို့​ကို ငါ​မ​သ​နား​မ​စုံ​မက်​ဘဲ နေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ယော​ရံ​သည် ယေ​ဟု​ကို​မြင်​လျှင်၊ ယေ​ဟု ငြိမ်​သက်​ခြင်း​ရှိ​သ​လော​ဟု မေး​သော်၊ ယေ​ဟု​က၊ သင့်​အ​မိ​ယေ​ဇ​ဗေ​လ​ပြု​သော အ​ဓ​မ္မ​မေ​ထုန်​အ​မှု၊ ပြု​စား​သော​အ​မှု များ​သော​ကာ​လ​အ​တွင်း​တွင်၊ အ​ဘယ်​သို့​သော ငြိမ်​သက်​ခြင်း​ရှိ​လိမ့်​မည်​နည်း​ဟု ပြန်​ပြော​သော်၊

အ​ခက်​အ​လက်​တို့​သည် သွေ့​ခြောက်​သော​အ​ခါ ချိုး​ခြင်း​သို့​ရောက်၍၊ မိန်း​မ​တို့​သည် လာ၍ မီး​ရှို့​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ပ​ညာ​မဲ့​သော​အ​မျိုး​ဖြစ်၏။ ထို​ကြောင့်၊ ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​သော​သူ​သည် မ​သ​နား၊ ကျေး​ဇူး​မ​ပြု​ဘဲ နေ​တော်​မူ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​လွှတ်​လိုက်​သော သင်​တို့​အ​မိ၏ ဖြတ်​စာ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ ငါ၌​ကြွေး​ရှိ၍ အ​ဘယ်​မည်​သော ကြွေး​ရှင်​ထံ၌ သင်​တို့​ကို ငါ​ရောင်း​သ​နည်း။ သင်​တို့​သည် ကိုယ်​ပြု​သော ဒု​စ​ရိုက်​အ​တွက် ကျွန်​ခံ​ရ​ကြ၏။ သင်​တို့​အ​ပြစ်​ကြောင့်၊ သင်​တို့​အ​မိ​ကို ငါ​လွှတ်​လိုက်၏။

စုန်း​မ​သား၊ မျောက်​မ​ထား​သော မိန်း​မ​သား၊ ပြည့်​တန်​ဆာ​မ​သား​တို့၊ ချဉ်း​ကပ်​ကြ​လော့။

ညီ​အစ်​ကို​ချင်း၊ သား​အ​ဘ​ချင်း​တို့​ကို ငါ​ထိ​ခိုက်​စေ​မည်။ ငါ​သည် က​ရု​ဏာ​မ​ရှိ၊ မ​နှ​မြော၊ မ​ကယ်​မ​ဘဲ၊ ထို​သူ​တို့​ကို ဖျက်​ဆီး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မ​သာ​အိမ်​သို့​မ​ဝင်​နှင့်။ သေ​သော​သူ​တို့​အ​တွက် ငို​ကြွေး​မြည်​တမ်း​ခြင်း​ငှာ မ​သွား​နှင့်။ ငါ၏ ငြိမ်​သက်​ခြင်း​တည်း​ဟူ​သော မေ​တ္တာ​က​ရု​ဏာ​ကို ဤ​လူ​မျိုး​မှ ငါ​ပယ်​ရှင်း​ပြီ​ဟု မိန့်​တော်​မူ၏။

သူ​တို့​သည် သင့်​ကို မ​ယုံ​မည်​အ​ကြောင်း၊ ငါ​ပြု၍ သင့်​ကို ကြမ်း​တမ်း​စွာ စီ​ရင်​ကြ​လိမ့်​မည်။ သင့်​နှာ​ခေါင်း၊ နား​ရွက်​တို့​ကို​ဖြတ်၍ အ​ကျန်​အ​ကြွင်း​ကို ဓား​နှင့် စဉ်း​ကြ​လိမ့်​မည်။ သင်၏​သား​သ​မီး​တို့​ကို သိမ်း​သွား၍၊ ကျန်​ကြွင်း​သော သူ​တို့​ကို မီး​ရှို့​ကြ​လိမ့်​မည်။

ထို​ကြောင့်၊ ငါ​သည် နှ​မြော​စုံ​မက်​ခြင်း​မ​ရှိ​ဘဲ ငါ၏​အ​မျက်​ကို​လွှတ်​လိုက်​မည်။ သူ​တို့​သည် ကျယ်​သော​အ​သံ​နှင့် အော်​ဟစ်၍ တောင်း​လျှောက်​သော်​လည်း၊ ငါ​သည် နား​မ​ထောင်​ဟု မိန့်​တော်​မူ၏။

ထို​ကြောင့်၊ ငါ​သည်​နှ​မြော​စုံ​မက်​ခြင်း​မ​ရှိ​ဘဲ၊ သူ​တို့​အ​ကျင့်​တို့၏ အ​ကျိုး​အ​ပြစ်​ကို သူ​တို့​ခေါင်း​ပေါ်​သို့ သက်​ရောက်​စေ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ၏။

သင်​သွား၍ ပြည့်​တန်​ဆာ​မိန်း​မ​နှင့်​တ​ကွ သူ​ဖွား​မြင်​သော သား​သ​မီး​တို့​ကို သိမ်း​ပိုက်​လော့။ အ​ကြောင်း​မူ​ကား၊ ပြည်​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​ပစ်၍ အ​ထပ်​ထပ်​မှား​ယွင်း​ကြ​ပြီ​ဟု ဟော​ရှေ​အား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊

တစ်​ဖန် ပ​ဋိ​သ​န္ဓေ​ယူ၍ သ​မီး​ကို​ဖွား​မြင်​လေ၏။ ထို​သ​မီး​ကို လော​ရု​ဟာ​မာ​အ​မည်​ဖြင့် မှည့်​လော့။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို နောက်​တစ်​ဖန် မ​သ​နား​မ​စုံ​မက်​ဘဲ ဧ​ကန်​အ​မှန်​ပယ်​ရှင်း​မည်။

သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ ခံ​သော​သ​စ္စာ​ကို ဖျက်​ကြ​ပြီ။ အ​ကြောင်း​မူ​ကား၊ တစ်​ပါး​အ​မျိုး​သား​တို့​ကို ဖွား​မြင်​ကြ​ပြီ။ လ​ဆန်း​နေ့​ရောက်​မှ သူ​တို့​နှင့် သူ​တို့​ဥ​စ္စာ​သည် ပျက်​စီး​လိမ့်​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​က၊ အို ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​နှစ်​ခု​နစ်​ဆယ်​ပတ်​လုံး အ​မျက်​ထွက်​တော်​မူ​သော ယေ​ရု​ရှ​လင်​မြို့​နှင့် ယု​ဒ​မြို့​များ​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မ​သ​နား​ဘဲ နေ​တော်​မူ​မည်​နည်း​ဟု မေး​လျှောက်​သော်၊

သင်​တို့​သည် သင်​တို့​အ​ဘ၏​အ​ကျင့်​ကို ကျင့်​ကြ၏​ဟု မိန့်​တော်​မူ၏။ ထို​သူ​တို့​က​လည်း၊ ငါ​တို့​သည် မျောက်​မ​ထား​သော​အ​မျိုး မ​ဟုတ်။ ဘု​ရား​သ​ခင်​တည်း​ဟူ​သော ငါ​တို့​အ​ဘ​တစ်​ပါး​တည်း​ရှိ​တော်​မူ​သည်​ဟု ဆို​ကြ၏။-

သို့​ဖြစ်၍၊ လဲ​သော​သူ​တို့၌ ပြင်း​စွာ စီ​ရင်​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊ ကျေး​ဇူး​တော်၌​သင်​သည် တည်​နေ​လျှင်၊ သင်၌​ပြု​တော်​မူ​သော ကျေး​ဇူး​တော်​ကို​လည်း​ကောင်း၊ ဤ​နှစ်​ပါး​ကို အောက်​မေ့​လော့။ ကျေး​ဇူး​တော်၌ မ​တည်​မ​နေ​လျှင်၊ သင်​သည်​လည်း ခုတ်​ပစ်​ခြင်း​ကို ခံ​ရ​မည်။-

ထို​သို့​နှင့်​အ​ညီ၊ ကျေး​ဇူး​ပြု​လို​သော​သူ​ကို ကျေး​ဇူး​ပြု​တော်​မူ၏။ ခိုင်​မာ​စေ​လို​သော သူ​ကို​လည်း ခိုင်​မာ​စေ​တော်​မူ၏။

က​ရု​ဏာ​မ​ရှိ​သော​သူ​သည်၊ က​ရု​ဏာ​ကို​မ​ရ​ဘဲ၊ တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ က​ရု​ဏာ​သည် တ​ရား​စီ​ရင်​ခြင်း​ကို​အောင်၍ ဝါ​ကြွား​တတ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ