ဟောရှေ 2:3Judson Bibleမရှောင်လျှင် သူ၏အဝတ်ရှိသမျှကို ငါချွတ်၍၊ သူဖွားသောနေ့၌ အဝတ်မရှိသကဲ့သို့ အဝတ်မပါ၊ ပြင်၌ ထုတ်ထားမည်။ လွင်ပြင်ကဲ့သို့ သုတ်သင်မည်။ သွေ့ခြောက်သော မြေကဲ့သို့ ဖြစ်စေလျက် ရေအငတ်ထား၍ သေစေမည်။ အခန်းကိုကြည့်ပါ။ |
ယခုဖြစ်သော အမျိုးသားတို့၊ ထာဝရဘုရား၏အမိန့်တော်ကို ဆင်ခြင်ကြလော့။ ငါသည် ဣသရေလအမျိုး၌ တောကဲ့သို့လည်းကောင်း၊ မှောင်မိုက်နိုင်ငံကဲ့သို့လည်းကောင်း ဖြစ်ဖူးသလော။ ငါ၏လူတို့က၊ ငါတို့သည် အရပ်ရပ်သို့ လည်မည်။ ကိုယ်တော်ထံသို့ နောက်တစ်ဖန် မချဉ်းကပ်ဟု အဘယ်ကြောင့် ဆိုကြသနည်း။
သူတို့က၊ ငါတို့ကို အဲဂုတ္တုပြည်မှကယ်နုတ်၍၊ တောတစ်လျှောက်လုံး၊ လွင်ပြင်၊ မြေတွင်းနှင့် ပြည့်စုံသောပြည်၊ သွေ့ခြောက်၍ သေမင်းအရိပ် လွှမ်းမိုးသောပြည်၊ ခရီးသွားသောသူ၊ နေရာကျသောသူ မရှိသော ပြည်တစ်လျှောက်လုံးသို့ ပို့ဆောင်သော ထာဝရဘုရားသည် အဘယ်မှာရှိတော်မူသနည်းဟု မမေးကြ။