ဟောရှေ 2:2Judson Bibleသင်တို့အမိနှင့် ဆွေးနွေးကြလော့။ သူသည် ငါ့မယားမဟုတ်၊ ငါသည်လည်း သူ့လင်မဟုတ်ကြောင်းကို ဆွေးနွေးကြလော့။ ပြည့်တန်ဆာမျက်နှာကိုပယ်၍ မှားယွင်းခြင်းအမှုကို ရှောင်စေ။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါလွှတ်လိုက်သော သင်တို့အမိ၏ ဖြတ်စာသည် အဘယ်မှာရှိသနည်း။ ငါ၌ကြွေးရှိ၍ အဘယ်မည်သော ကြွေးရှင်ထံ၌ သင်တို့ကို ငါရောင်းသနည်း။ သင်တို့သည် ကိုယ်ပြုသော ဒုစရိုက်အတွက် ကျွန်ခံရကြ၏။ သင်တို့အပြစ်ကြောင့်၊ သင်တို့အမိကို ငါလွှတ်လိုက်၏။
ယောက်ျားစွန့်ပစ်သော မိန်းမသည် ထွက်သွား၍၊ အခြားသောသူ၏ မယားဖြစ်ပြီးမှ၊ အရင်လင်သည် ထိုမိန်းမကို ပြန်၍ယူသင့်သလော။ ထိုသို့ပြုသောပြည်သည် ညစ်ညူးသည်မဟုတ်လောဟု ဆိုလေ့ရှိလျက်နှင့်၊ သင်သည် များစွာသော ရည်းစားတို့၌ မှီဝဲ၍ မှားယွင်းသော်လည်း၊ ငါ့ထံသို့ ပြန်လာပါဟု ထာဝရဘုရား မိန့်တော်မူ၏။