Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟော​ရှေ 2:12

Judson Bible

ဤ​သည်​ကား၊ ငါ့​ရည်း​စား​ပေး​သော ဆု​လက်​ဆောင်​ဖြစ်​သည်​ဟု သူ​ဆို​ရာ စ​ပျစ်​ဥ​ယျာဉ်၊ သင်္ဘော​သ​ဖန်း​ဥ​ယျာဉ်​တို့​ကို ငါ​သုတ်​သင်​ပယ်​ရှင်း၍၊ လွင်​ပြင်​ဖြစ်​စေ​သ​ဖြင့် တော​သား​ရဲ​တို့​သည် ကိုက်​စား​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​မူ​ကား၊ လမ်း၌ လျှောက်​သွား​သော​သူ​အ​ပေါင်း​တို့​သည် ဆွတ်​စေ​ခြင်း​ငှာ၊ သူ၏​ခြံ​ကို အ​ဘယ်​ကြောင့် ချိုး​ဖျက်​တော်​မူ​သ​နည်း။

လေ​ဗ​နုန်​တောင်​သည် ဝ​ပြော​သော လယ်​ပြင်​ကဲ့​သို့​လည်း​ကောင်း၊ ဝ​ပြော​သော​လယ်​ပြင်​သည် တော​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ရ​သော​အ​ချိန် နီး​ပြီ​မ​ဟုတ်​လော။

ယ​ခု​နား​ထောင်​ကြ။ ငါ့​စ​ပျစ်​ဥ​ယျာဉ်၌ ငါ​ပြု​ရ​မည်​အ​မှု​ကို သင်​တို့​အား ငါ​ဖော်​ပြ​မည်။ စောင်​ရန်း​ကို​ငါ​ပယ်​ရှင်း​သ​ဖြင့်၊ သူ​တစ်​ပါး​တို့​သည် စား​ကြ​လိမ့်​မည်။ အုတ်​ရိုး​ကို ငါ​ဖြို​သ​ဖြင့်၊ သူ​တစ်​ပါး​တို့​သည် ကျော်​နင်း​ကြ​လိမ့်​မည်။

ထို​အ​ခါ စ​ပျစ်​နွယ်​ပင်​တစ်​ထောင်​ရှိ၍၊ ငွေ​တစ်​ထောင် အ​ဖိုး​ထိုက်​သော စ​ပျစ်​ဥ​ယျာဉ်​တိုင်း၊ ဆူး​ပင်​မျိုး​သက်​သက် ဖြစ်​ရ​လိမ့်​မည်။

ထို​သို့​နှင့်​အ​ညီ သင်​ရှက်​စ​ရာ​အ​ကြောင်း​ကို ထင်​ရှား​စေ​ခြင်း​ငှာ၊ သင်၏​အ​ဝတ်​ကို ငါ​ဖွင့်​လှစ်၍ ပြ​မည်။

ယု​ဒ​ရှင်​ဘု​ရင် ဟေ​ဇ​ကိ​လက်​ထက်၊ မော​ရ​ရှ​ရွာ​သား မိ​က္ခာ​သည် ပ​ရော​ဖက်​ပြု​လျက်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဇိ​အုန်​တောင်​သည် လယ်​ကဲ့​သို့ ထွန်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း၊ မြေ​ပုံ​များ​ဖြစ်​လိမ့်​မည်။ ဗိ​မာန်​တော်​တောင်​သည်​လည်း၊ တော​တောင်​ကဲ့​သို့​ဖြစ်​လိမ့်​မည်​ဟု ယု​ဒ​ပြည်​သား​အ​ပေါင်း​တို့​အား ဟော​ပြော၏။

ထို​သူ​တို့​သည် သင်၏​အ​သီး​အ​နှံ​နှင့် သင်၏​မုန့်​ကို​စား​ကြ​လိမ့်​မည်။ သင်၏​သား​သ​မီး​တို့​ကို​လည်း စား​ကြ​လိမ့်​မည်။ သင်၏​သိုး​နွား​တို့​ကို​လည်း စား​ကြ​လိမ့်​မည်။ သင်၏​စ​ပျစ်​နွယ်​ပင်​နှင့် သင်္ဘော​သ​ဖန်း​ပင်​တို့​ကို​လည်း စား​ကြ​လိမ့်​မည်။ သင်​ခို​လှုံ၍ ခိုင်​ခံ့​သော​မြို့​တို့​ကို​လည်း​တိုက်၍ လုပ်​ကြံ​ကြ​လိမ့်​မည်။

သူ​တို့​ကို ငါ​ရှင်း​ရှင်း ဖျက်​ဆီး​မည်။ စ​ပျစ်​နွယ်​ပင်၌ စ​ပျစ်​သီး​မ​ရှိ​ရ။ သင်္ဘော​သ​ဖန်း​ပင်၌ သင်္ဘော​သ​ဖန်း​သီး​မ​ရှိ​ရ။ အ​ရွက်​လည်း ညှိုး​နွမ်း​ရ​မည်​အ​ကြောင်း၊ လွှမ်း​မိုး​သော​သူ​တို့​ကို ငါ​စေ​လွှတ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သား​ပျောက်​သော ဝံ​မ​ကဲ့​သို့ သူ​တို့​ကို ငါ​ဆီး​ကြို၍၊ သူ​တို့​နှ​လုံး၌ ဖုံး​သော​အ​မြှေး​ကို ဆုတ်​ဖဲ့​မည်။ ခြင်္သေ့​မ​ကဲ့​သို့ တွေ့​သော​အ​ရပ်၌​ပင် ငါ​ကိုက်​စား​မည်။ တော​သား​ရဲ​ဖြစ်၍ အ​ပိုင်း​ပိုင်း ဆွဲ​ဖြတ်​မည်။

သူ​တို့​အ​မိ​သည် ပြည့်​တန်​ဆာ​ဖြစ်၏။ သူ​တို့​ကို ပ​ဋိ​သ​န္ဓေ​ယူ​သော​သူ​သည် ရှက်​ဖွယ်​သော​အ​မှု​ကို ပြု​ပြီ။ သူ​က​လည်း၊ ငါ့​မုန့်၊ ငါ့​ရေ၊ ငါ့​သိုး​မွေး၊ ငါ့​ပိုက်​ဆန်၊ ငါ့​ဆီ၊ ငါ​သောက်​သော​အ​ရည်​တို့​ကို ပေး​တတ်​သော ငါ့​ရည်း​စား​များ နောက်​သို့ ငါ​လိုက်​မည်​ဟု​ဆို​ပြီ။

အ​ကြောင်း​မူ​ကား၊ ငါ​သည် ဧ​ဖ​ရိမ်၌ ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း၊ ယု​ဒ​အ​မျိုး၌ ခြင်္သေ့​ပျို​ကဲ့​သို့​လည်း​ကောင်း ဖြစ်​မည်။ ငါ​သည် ကိုယ်​တိုင်​ကိုက်​ဖြတ်၍ သွား​မည်။ ချီ​သွား၍ အ​ဘယ်​သူ​မျှ မ​နုတ်​ရ။

အို ဣ​သ​ရေ​လ​အ​မျိုး၊ တစ်​ပါး​အ​မျိုး​သား​ကဲ့​သို့ ဝမ်း​မြောက်​ရွှင်​မြူး​သော​စိတ်​ရှိ၍ မ​ခုန်​နှင့်။ ကိုယ်​ဘု​ရား​သ​ခင်၌ မ​ဆည်း​ကပ်၊ အ​ခြား​သော​ဘု​ရား​နှင့် မှား​ယွင်း​ပြီ။ ကောက်​နယ်​တ​လင်း​ရှိ​သ​မျှ​တို့၌ မှား​ယွင်း​ခ​ကို နှစ်​သက်​တတ်၏။

ထို​ကြောင့်၊ သင်​တို့​အ​တွက် ဇိ​အုန်​တောင်​သည် လယ်​ကဲ့​သို့ ထွန်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း မြေ​ပုံ​များ ဖြစ်​လိမ့်​မည်။ ဗိ​မာန်​တော်​တောင်​သည်​လည်း၊ တော​တောင်​ကဲ့​သို့ ဖြစ်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ