Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟော​ရှေ 13:5

Judson Bible

အ​လွန်​သွေ့​ခြောက်​သော အ​ရပ်​တည်း​ဟူ​သော တော၌​ပင် သင့်​ကို ငါ​သိ​ပြီ။ ကျက်​စား​ရာ​အ​ရပ်၌ ဝ​ပြော​စွာ စား​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

နေ့​အ​ချိန်၌​လည်း နေ​ပူ​ကို​လည်း​ကောင်း၊ ည​အ​ချိန်၌​လည်း​နှင်း​ခဲ​ကို​လည်း​ကောင်း ခံ​ရ​ပြီ။ အ​အိပ်​ပျက်​ခြင်း​ကို​လည်း​ခံ​ရ​ပြီ။

အ​ကြောင်း​မူ​ကား၊ ဖြောင့်​မတ်​သော​သူ​တို့၏​လမ်း​ကို ထာ​ဝ​ရ​ဘု​ရား​သိ​ကျွမ်း​တော်​မူ​၏။ မ​တ​ရား​သော​သူ​တို့​၏​လမ်း​သည် ဆုံး​ရှုံး​ခြင်း​သို့ ရောက်​ရ​လိမ့်​သ​တည်း။

အ​ကျွန်ုပ်​သည် စိတ်​ပျက်​လျက်​ရှိ​သော​အ​ခါ၊ အ​ကျွန်ုပ်​သွား​သော​လမ်း​ကို ကိုယ်​တော်​သိ​တော်​မူ၏။ အ​ကျွန်ုပ်​သွား​သော​လမ်း၌ ကျော့​ကွင်း​ကို ဝှက်​ထား​ကြ​ပါ​ပြီ။

က​ရု​ဏာ​တော်​ကြောင့် ဝမ်း​သာ​ရွှင်​လန်း​ခြင်း​ရှိ​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ဆင်း​ရဲ​ခြင်း​ကို​ကြည့်​ရှု၍၊ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​တွေ့​သော​အ​မှု​ကို သိ​မှတ်​တော်​မူ၏။

အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို ကြိုး​စား၍ ရှာ​ပါ၏။ ရေ​မ​ရှိ သွေ့​ခြောက်​သော​လွင်​ပြင်၌ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် ကိုယ်​တော်​ကို ငတ်​ပါ၏။ အ​ကျွန်ုပ်၏ ကိုယ်​ခ​န္ဓာ​သည်​လည်း ကိုယ်​တော်​ကို လွမ်း​ဆွတ်​ပါ၏။

ဘု​ရား​သ​ခင်​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကြည့်​ရှု၍ သူ​တို့​အ​မှု​ကို ဆင်​ခြင်​တော်​မူ​၏။

အော်​ဟစ်​ရ​မည်​အ​ရာ​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​က၊ လယ်​မ​လုပ်​သော​တော​အ​ရပ်၌ သင်​သည် ငါ့​နောက်​သို့ လိုက်​သော​အ​ခါ၊ အ​သက်​အ​ရွယ်​နု​ငယ်၍ ခံ​ရ​သော​ကျေး​ဇူး​ကို​လည်း​ကောင်း၊ ထိမ်း​မြား​ပေး​စား​ခြင်း​နှင့် ယှဉ်​သော ချစ်​ခြင်း​မေ​တ္တာ​ကို​လည်း​ကောင်း ငါ​အောက်​မေ့၏။

သူ​တို့​က၊ ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​ကယ်​နုတ်၍၊ တော​တစ်​လျှောက်​လုံး၊ လွင်​ပြင်၊ မြေ​တွင်း​နှင့် ပြည့်​စုံ​သော​ပြည်၊ သွေ့​ခြောက်၍ သေ​မင်း​အ​ရိပ် လွှမ်း​မိုး​သော​ပြည်၊ ခ​ရီး​သွား​သော​သူ၊ နေ​ရာ​ကျ​သော​သူ မ​ရှိ​သော ပြည်​တစ်​လျှောက်​လုံး​သို့ ပို့​ဆောင်​သော ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​မှာ​ရှိ​တော်​မူ​သ​နည်း​ဟု မ​မေး​ကြ။

ဧ​ဖ​ရိမ်​ကို​ငါ​သိ၏။ ဣ​သ​ရေ​လ​သည်​လည်း ငါ့​ရှေ့​မှ ပုန်း​ရှောင်၍​မ​နေ​နိုင်။ ယ​ခု​ပင် အို ဧ​ဖ​ရိမ်၊ သင်​သည်​မှား​ယွင်း၍ ဣ​သ​ရေ​လ​သည် ညစ်​ညူး​ခြင်း​ရှိ၏။

တော၌ စ​ပျစ်​သီး​ကဲ့​သို့ ဣ​သ​ရေ​လ​အ​မျိုး​ကို ငါ​တွေ့၏။ သီး​စ​သော သင်္ဘော​သ​ဖန်း​ပင်၌ အ​ဦး​ဆုံး​မှည့်​သော သင်္ဘော​သ​ဖန်း​သီး​ကဲ့​သို့ သင်​တို့​ဘိုး​ဘေး​များ​ကို ငါ​မြင်၏။ သူ​တို့​သည် ကိုယ်​အ​လို​အ​လျောက် ဗာ​လ​ပေ​ဂု​ရ​ဘု​ရား​ထံ​သို့​သွား၍၊ ထို​ရှက်​ဖွယ်​သော​အ​ရာ​အ​ဖို့ ကိုယ်​ကို အပ်​နှံ​သ​ဖြင့် တပ်​မက်​သည်​အ​တိုင်း စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကို ပြု​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​တော်​မူ၏။ အ​မှု​ရောက်​သော​အ​ခါ ရဲ​တိုက်​ဖြစ်​တော်​မူ၏။ ခို​လှုံ​သော​သူ​တို့​ကို သိ​မှတ်​တော်​မူ၏။

ဘု​ရား​သ​ခင်​ကို​ချစ်​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင် သိ​စေ​တော်​မူ​သော​သူ ဖြစ်၏။-

ယ​ခု​မူ​ကား​သင်​တို့​သည် ဘု​ရား​သ​ခင်​ကို သိ​ပြီး​မှ​ဟူ၍​မ​ဆို၊ ဘု​ရား​သင်​သည် သင်​တို့​ကို သိ​တော်​မူ​ပြီး​မှ၊ အား​မ​ရှိ၊ ချမ်း​သာ​မ​ပေး​နိုင်​သော တ​ရား​နု​ဘက်​သို့ အ​ဘယ်​ကြောင့် တစ်​ဖန် ပြောင်း​လဲ​ကြ​သ​နည်း။ ထို​လော​ကီ တ​ရား၌ တစ်​ဖန် ကျွန်​ခံ​ခြင်း​ငှာ အ​လို​ရှိ​ကြ​ပြီ​တ​ကား။-

သင်​တို့​ပြု​လေ​ရာ​ရာ၌ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကောင်​ချီး​ပေး​တော်​မူ​ပြီ။ ဤ​တော​ကြီး၌ သင်​တို့​လှည့်​လည်​သော အ​ကြောင်း​အ​ရာ​တို့​ကို သိ​တော်​မူ၏။ အ​နှစ်​လေး​ဆယ်​ပတ်​လုံး သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သည်​ဖြစ်၍၊ သင်​တို့၌​ဘာ​မျှ​မ​လို​ဟု ဆင့်​ဆို​ရ၏။

လူ​ဆိတ်​ညံ​သော​အ​ရပ်၊ သား​ရဲ​မြည်၍၊ လွတ်​လပ်​သော​တော​လွင်​ပြင်၌ ယာ​ကုပ်​ကို​တွေ့​တော်​မူ​သော​အ​ခါ ဝန်း​ရံ​ဆီး​ကာ​ခြင်း၊ သွန်​သင်​ခြင်း​ကျေး​ဇူး​ကို​ပြု၍ မျက်​ဆန်​တော်​ကဲ့​သို့ စောင့်​တော်​မူ၏။

မီး​မြွေ၊ ကင်း​မြီး​ကောက်​များ၍၊ ရေ​မ​ရှိ၊ အ​ငတ်​ခံ​ရာ​အ​ရပ်၊ ကြောက်​မက်​ဖွယ်​သော တော​ကြီး​အ​လယ်၌ သင့်​ကို​ပို့​ဆောင်၍ မီး​ပါ​ကျောက်​ထဲ​က ရေ​ကို​ထွက်​စေ​တော်​မူ​ထ​သော၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ