Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟော​ရှေ 13:11

Judson Bible

ရှင်​ဘု​ရင်​နှင့် မင်း​များ​ကို ပေး​ပါ​ဟု သင်​တောင်း​သော​ကြောင့်၊ ငါ​အ​မျက်​ထွက်၍ ရှင်​ဘု​ရင်​ကို ပေး​ပြီ။ တစ်​ဖန်​ပြင်း​စွာ အ​မျက်​ထွက်၍ ရှင်​ဘု​ရင်​ကို ပယ်​ရှား​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ပြည်​သူ​ပြည်​သား အ​ပြစ်​ကြောင့်၊ မင်း​တို့​သည် များ​ပြား​တတ်​ကြ၏။ ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ​သော​သူ​အား​ဖြင့် နိုင်​ငံ​တည်​တတ်၏။

ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​ကြောက်​ရွံ့​သော​ကြောင့် ရှင်​ဘု​ရင်​မ​ရှိ။ ရှင်​ဘု​ရင်​ရှိ​သော်​လည်း၊ ငါ​တို့​အ​ဖို့ အ​ဘယ်​သို့ ပြု​နိုင်​မည်​နည်း​ဟု ချက်​ချင်း​ဆို​ရ​ကြ​မည်။

ရှ​မာ​ရိ​သည် ပျက်​ရ၏။ ရှ​မာ​ရိ​ရှင်​ဘု​ရင်​သည် ရေ​မြှုပ်​သက်​သက်​ဖြစ်၏။

အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် နေ့​ရက်​များ​စွာ ရှင်​ဘု​ရင်​မ​ရှိ၊ မင်း​သား​မ​ရှိ၊ ယဇ်​ပူ​ဇော်​ခြင်း​မ​ရှိ၊ ဆင်း​တု​မ​ရှိ၊ သင်​တိုင်း​မ​ရှိ၊ တေ​ရပ်​ရုပ်​တု​မ​ရှိ​ဘဲ နေ​ရ​ကြ​လိမ့်​မည်။

သူ​တို့​သည် ငါ၏​အ​ခွင့်​မ​ရှိ​ဘဲ ကိုယ်​အ​လို​အ​လျောက် ရှင်​ဘု​ရင်​တို့​ကို ချီး​မြှောက်​ကြ​ပြီ။ ငါ​မ​သိ​ရ​ဘဲ မင်း​တို့​ကို ခန့်​ထား​ကြ​ပြီ။ ကိုယ်​အ​ကျိုး​နည်း​စေ​ခြင်း​ငှာ၊ ကိုယ်​ရွှေ​ငွေ​နှင့် ကိုယ်​အ​ဖို့ ရုပ်​တု​များ​ကို​လုပ်​ကြ​ပြီ။

တစ်​ဖန် ရှ​မွေ​လ​သည် လူ​များ​တို့​ကို မိ​ဇ​ပါ​မြို့ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ခေါ်၍ စည်း​ဝေး​စေ​ပြီး​လျှင်၊

သင်​တို့​ကို ဒု​က္ခ​ဆင်း​ရဲ ဘေး​ဥ​ပဒ်​ရှိ​သ​မျှ​တို့​အ​ထဲ​က ကယ်​တင်​သော သင်​တို့၏​ဘု​ရား​သ​ခင်​ကို ယ​နေ့ သင်​တို့​သည်​ပယ်​ကြ​ပြီ။ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ရှင်​ဘု​ရင်​ရှိ​စေ​ခြင်း​ငှာ ချီး​မြှောက်​တော်​မူ​ပါ​ဟု လျှောက်​ကြ​ပြီ။ သို့​ဖြစ်၍ အ​မျိုး​အ​သီး​အ​သီး၊ အ​ဆွေ​အ​သီး​အ​သီး​အ​လိုက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ ချည်း​ကပ်​ကြ​လော့​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆို​သ​ဖြင့်၊

ရှ​မွေ​လ​က​လည်း၊ သင်​တို့​ပြော​သ​မျှ​သော​စ​ကား​ကို ငါ​နား​ထောင်၍၊ သင်​တို့​အ​ပေါ်​မှာ ရှင်​ဘု​ရင်​ကို ငါ​ချီး​မြှောက်​လေ​ပြီ။

ယ​ခု​မှာ သင်​တို့​လို​ချင်၍ ရွေး​ချယ်​သော​ရှင်​ဘု​ရင်​ကို ကြည့်​ရှု​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ပေါ်​မှာ ရှင်​ဘု​ရင်​ဖြစ်​စေ​ခြင်း​ငှာ ချီး​မြှောက်​တော်​မူ​ပြီ။

ရှ​မွေ​လ​က၊ သင်​နှင့်​အ​တူ ငါ​မ​ပြန်။ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ပယ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ ရှင်​ဘု​ရင်​အ​ရာ​ကို​နုတ်၍ သင့်​ကို​ပယ်​တော်​မူ​ပြီ​ဟု ရှော​လု​အား​ဆို​ပြီး​မှ၊

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ ရှော​လု​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ​မှ ငါ​ပယ်​သော​ကြောင့်၊ သင်​သည် အ​ဘယ်​မျှ ကာ​လ​ပတ်​လုံး စိတ်​မ​သာ ညည်း​တွား​လျက် နေ​လိမ့်​မည်​နည်း။ သင်၏​ဘူး​ကို ဆီ​နှင့်​ပြည့်​စေ​လော့။ ဗက်​လင်​မြို့​သား ယေ​ရှဲ​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​မည်။ သူ၏​သား​တို့​တွင် ငါ့​အ​ဖို့ ရှင်​ဘု​ရင်​တစ်​ပါး​ကို ငါ​ပြင်​ဆင်​ပြီ​ဟု ရှ​မွေ​လ​အား မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ