Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟော​ရှေ 11:5

Judson Bible

အ​ထံ​တော်​သို့ မ​ပြန်​မ​လာ​ဟု သူ​သည် ငြင်း​သော​ကြောင့်၊ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်၍​မ​သွား​ရ။ အာ​ရှု​ရိ​မင်း​သည် သူ​တို့​ကို အုပ်​စိုး​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

အာ​ရှု​ရိ​ရှင်​ဘု​ရင်​ပု​လ​သည် ဣ​သ​ရေ​လ​ပြည်​ကို တိုက်​လာ၏။ မေ​န​ဟင်​သည် မိ​မိ​အာ​ဏာ​တည်​စေ​မည်​အ​ကြောင်း၊ ပု​လ​မင်း​မ​စ​စေ​ခြင်း​ငှာ၊ ငွေ​အ​ခွက်​တစ်​သောင်း​ကို​ဆက်​ရ၏။

ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ပေ​ကာ​လက်​ထက်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင် တိ​ဂ​လတ်​ပိ​လေ​သာ​သည်​လာ၍ ဣ​ယုန်​မြို့၊ အ​ဗေ​လ​ဗက်​မာ​ခါ​မြို့၊ ယာ​နော​မြို့၊ ကေ​ဒေ​ရှ​မြို့၊ ဟာ​ဇော်​မြို့​နှင့်​တ​ကွ ဂိ​လဒ်​ပြည်၊ ဂါ​လိ​လဲ​ပြည်၊ နဿ​လိ​ပြည်​သား​အ​ပေါင်း​တို့​ကို လုပ်​ကြံ၍၊ အာ​ရှု​ရိ​ပြည်​သို့ သိမ်း​သွား၏။

နွား​သ​ငယ်​နှင့်​အ​တူ အာ​ရှု​ရိ​ပြည်​သို့ ယူ​သွား​ပြီး​လျှင်၊ ရှင်​ဘု​ရင်​ယာ​ရက်​အား ဆက်​ရ​ကြ​လိမ့်​မည်။ ဧ​ဖ​ရိမ်​သည် အ​သ​ရေ​ပျက်၍ ဣ​သ​ရေ​လ​သည် မိ​မိ​အ​ကြံ​အ​စည်​အား​ဖြင့် ရှက်​ကြောက်​ရ​လိမ့်​မည်။

ဧ​ဖ​ရိမ်​သည် မိ​မိ​အ​ပေါက်​တို့​ကို​လည်း​ကောင်း၊ ယု​ဒ​သည် မိ​မိ​အ​နာ​ကို​လည်း​ကောင်း မြင်​သော​အ​ခါ၊ ဧ​ဖ​ရိမ်​သည် အာ​ရှု​ရိ​မင်း​ထံ​သို့ သွား၍၊ ယု​ဒ​သည် ရှင်​ဘု​ရင်​ယာ​ရက်​ထံ​သို့ စေ​လွှတ်​သော်​လည်း၊ ထို​မင်း​တို့​သည် သင်​တို့​အ​ပေါက်​ကို မ​ဖာ​နိုင်၊ အ​နာ​ကို​လည်း မ​ပျောက်​စေ​နိုင်​ကြ။

လာ​ကြ။ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​ကြ​ကုန်​အံ့။ ကိုယ်​တော်​သည် ကိုက်​ဖြတ်​သော်​လည်း ပ​က​တိ ဖြစ်​စေ​တော်​မူ​မည်။ ဒဏ်​ခတ်​သော်​လည်း အ​နာ​ကို​စည်း​တော်​မူ​မည်။

အ​ကျိုး​နည်း​ရှိ​ကြ၏။ လိမ်​တတ်​သော​လေး​ကဲ့​သို့ ဖြစ်​ကြ၏။ မင်း​တို့​သည် စော်​ကား​သော​ကြောင့် ဓား​ဖြင့်​သေ၍ အဲ​ဂု​တ္တု​ပြည်​သား​တို့၏ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

ငါ​နှင့်​ဆိုင်​သော ပူ​ဇော်​သ​ကာ​တို့​ကို ယဇ်​ပူ​ဇော်​သော​သူ​တို့​သည် ပူ​ဇော်၍ ကိုယ်​တိုင်​စား​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို လက်​ခံ​တော်​မ​မူ။ သူ​တို့​အ​ပြစ်​များ​ကို ချက်​ချင်း​အောက်​မေ့၍ စစ်​ကြော​တော်​မူ​သော​အား​ဖြင့်၊ သူ​တို့​သည် အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​သွား​ရ​ကြ​လိမ့်​မည်။

ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​မြေ​တော်၌​မ​နေ​ရ​ဘဲ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​သွား၍၊ အာ​ရှု​ရိ​ပြည်၌ မ​စင်​ကြယ်​သော​အ​စာ​ကို စား​ရ​ကြ​မည်။

ပျက်​စီး​ရာ​ထဲ​က သူ​တို့​သည် ထွက်​သွား​ကြ​ပြီ။ အဲ​ဂု​တ္တု​ပြည်၌​စု၍ မင်​ဖိ​မြို့၌ သင်္ဂြိုဟ်​ကြ​လိမ့်​မည်။ ငွေ​တန်​ဆာ​ဆင်​သော နေ​ရာ​ဘုံ​ဗိ​မာန်​များ​ကို ဆူး​အ​မျိုး​မျိုး​တို့​သည် လွှမ်း​မိုး​ကြ​လိမ့်​မည်။

ဘု​ရား​သ​ခင်​သည် သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကို​မှောက်​လှန်​သ​ကဲ့​သို့၊ သင်​တို့​အ​ချို့​ကို ငါ​မှောက်​လှန်၍ သင်​တို့​သည် မီး​ထဲ​က​နုတ်​သော ထင်း​စ​ကဲ့​သို့ ဖြစ်​ကြ​ပြီ။ သို့​သော်​လည်း၊ ငါ့​ထံ​သို့ ပြန်၍​မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ငါ​သည်​လည်း၊ သင်​တို့​မြို့​ရွာ ရှိ​သ​မျှ​တို့၌ သွား​တို့၏​စင်​ကြယ်​ခြင်း​ကို​လည်း​ကောင်း၊ သင်​တို့​နေ​ရာ အ​ရပ်​ရှိ​သ​မျှ​တို့၌ အ​စာ​ခေါင်း​ပါး​ခြင်း​ကို​လည်း​ကောင်း ပေး​သော်​လည်း၊ သင်​တို့​သည် ငါ့​ထံ​သို့​ပြန်၍ မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​ကြောင့်၊ သင်​တို့​ကို ဒ​မာ​သက်​မြို့​တစ်​ဖက်​သို့ သိမ်း​သွား​စေ​ခြင်း​ငှာ ငါ​စီ​ရင်​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ဟူ၍ ဘွဲ့​နာ​မ​ရှိ​သော ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​ရှင်​ဘု​ရင်​သည် ကိုယ်​အ​ဖို့ များ​စွာ​သော မြင်း​တို့​ကို မ​မွေး​ရ။ မြင်း​များ​ပြား​စေ​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​သို့ လူ​ကို​မ​ပြန်​စေ​ရ။ အ​ကြောင်း​မူ​ကား၊ ထို​လမ်း​သို့​မ​ပြန်​မ​သွား​ရ​ဟု ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ