Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟော​ရှေ 10:6

Judson Bible

နွား​သ​ငယ်​နှင့်​အ​တူ အာ​ရှု​ရိ​ပြည်​သို့ ယူ​သွား​ပြီး​လျှင်၊ ရှင်​ဘု​ရင်​ယာ​ရက်​အား ဆက်​ရ​ကြ​လိမ့်​မည်။ ဧ​ဖ​ရိမ်​သည် အ​သ​ရေ​ပျက်၍ ဣ​သ​ရေ​လ​သည် မိ​မိ​အ​ကြံ​အ​စည်​အား​ဖြင့် ရှက်​ကြောက်​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ထို​မင်း​ကို အာ​ရှု​ရိ​ရှင်​ဘု​ရင် ရှာ​လ​မ​နေ​ဇာ​သည်​စစ်​ချီ၍ ဟော​ရှေ​သည်​ကျွန်​ခံ​သ​ဖြင့် အ​ခွန်​ဆက်​ရ၏။

ခိုင်​ခံ့​စွာ​သွား​သော​အ​ခါ ကျဉ်း​မြောင်း​ရာ​သို့ ရောက်​လိမ့်​မည်။ မိ​မိ​အ​ကြံ​အ​စည်​အား​ဖြင့် ရှုံး​ရ​လိမ့်​မည်။

သင်​တို့​သည် တပ်​မက်​ဖူး​သော သ​ပိတ်​ပင်​တို့​ကြောင့် ရှက်​ကြ​လိမ့်​မည်။ သင်​တို့​သည် ရွေး​ယူ​ဖူး​သော​ဥ​ယျာဉ်​တို့​ကြောင့် မျက်​နှာ​ပျက်​ကြ​လိမ့်​မည်။

သို့​ဖြစ်၍ သင်​တို့​သည် ဖာ​ရော​ဘု​ရင်၏ ဘုန်း​ကို​အ​မှီ​ပြု​သော​ကြောင့် ရှက်​ကြောက်​ကြ​လိမ့်​မည်။ အဲ​ဂု​တ္တု​အ​ရိပ်​ကို ခို​လှုံ​သော​ကြောင့် မျက်​နှာ​ပျက်​ကြ​လိမ့်​မည်။

ရုပ်​တု​ကို​လုပ်​သော သူ​အ​ပေါင်း​တို့​သည် ရှက်​ကြောက်၍ မိန်း​မော​တွေ​ဝေ​ကြ​လိမ့်​မည်။ အ​ရှက်​ကွဲ၍ တစ်​ပြိုင်​နက် ဆုတ်​သွား​ကြ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သည် မိ​မိ​တို့​ခို​လှုံ​သော ဗေ​သ​လ​ဘု​ရား​ကြောင့် ရှက်​ရ​သ​ကဲ့​သို့၊ မော​ဘ​အ​မျိုး​သည်​လည်း ခေ​မု​ရှ​ဘု​ရား​ကြောင့် ရှက်​ရ​လိမ့်​မည်။

သို့​ရာ​တွင်၊ သူ​တို့​သည် နား​မ​ထောင်၊ နား​ကို​မ​လှည့်​ဘဲ ဆိုး​ညစ်​သော​နှ​လုံး ခိုင်​မာ​သည်​နှင့်​အ​ညီ ကျင့်​ကြံ​ပြု​မူ​၍ မျက်​နှာ​မ​ပြု၊ ကျော​ခိုင်း​လျက်​နေ​ကြ​၏။

သင်​သည် ကိ​လေ​သာ​စိတ် မ​ပြေ​သော​ကြောင့်၊ အာ​ရှု​ရိ​လူ​တို့​နှင့်​လည်း မှား​ယွင်း​လေ၏။ ထို​သို့ မှား​ယွင်း​သော်​လည်း စိတ်​မ​ပြေ​နိုင်။

ထို​အ​ခါ သင်​တို့​သည် ကိုယ်​ကျင့်​ဖူး​သော အ​ကျင့်​ဆိုး​နှင့် မ​ကောင်း​သော​အ​မှု​တို့​ကို အောက်​မေ့၍၊ ကိုယ်​ဒု​စ​ရိုက်​အ​ပြစ်၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကြောင့် ကိုယ်​ကို​ကိုယ် ရွံ​ရှာ​ကြ​လိမ့်​မည်။

သူ​တို့၏​ဘု​ရား​များ၊ သွန်း​သော​ရုပ်​တု​များ၊ အ​ဖိုး​ထိုက်​သော​ငွေ​ဖ​လား၊ ရွှေ​ဖ​လား​များ​ကို အဲ​ဂု​တ္တု​ပြည်​သို့ သိမ်း​သွား​လိမ့်​မည်။ သူ​သည်​လည်း မြောက်​ရှင်​ဘု​ရင်​ထက် အ​သက်​ရှည်​လိမ့်​မည်။

လေ​သည် မိ​မိ​အ​တောင်​တို့​နှင့်​တိုက်၍ ပါ​သွား​မည်။ သူ​တို့​သည် မိ​မိ​တို့​ပူ​ဇော်​သော​ယဇ်​များ​ကြောင့် ရှက်​ကြ​လိမ့်​မည်။

သူ​တို့​သည် ဘုန်း​တိုး​ပွား​သည်​အ​တိုင်း ငါ့​ကို​ပြစ်​မှား​ကြ​ပြီ။ သို့​ဖြစ်၍၊ သူ​တို့၏​ဘုန်း​ကို ငါ​အ​ရှက်​ကွဲ​စေ​မည်။

ဧ​ဖ​ရိမ်​သည် မိ​မိ​အ​ပေါက်​တို့​ကို​လည်း​ကောင်း၊ ယု​ဒ​သည် မိ​မိ​အ​နာ​ကို​လည်း​ကောင်း မြင်​သော​အ​ခါ၊ ဧ​ဖ​ရိမ်​သည် အာ​ရှု​ရိ​မင်း​ထံ​သို့ သွား၍၊ ယု​ဒ​သည် ရှင်​ဘု​ရင်​ယာ​ရက်​ထံ​သို့ စေ​လွှတ်​သော်​လည်း၊ ထို​မင်း​တို့​သည် သင်​တို့​အ​ပေါက်​ကို မ​ဖာ​နိုင်၊ အ​နာ​ကို​လည်း မ​ပျောက်​စေ​နိုင်​ကြ။

ထို​နွား​သ​ငယ်​သည် ဣ​သ​ရေ​လ​အ​မျိုး ကြံ​စည်၍ ဖြစ်၏။ ဆ​ရာ​သ​မား​လုပ်​သော​ကြောင့် ဘု​ရား​မ​ဟုတ်။ အ​ကယ်​စင်​စစ် ရှ​မာ​ရိ​နွား​သ​ငယ်​သည် အ​ပိုင်း​ပိုင်း ကျိုး​ပဲ့​ရ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ သင်​သည် ဩ​မ​ရိ​မင်း၏ စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို​လည်း​ကောင်း၊ အာ​ဟပ်​မင်း​မျိုး ကျင့်​သော​အ​ကျင့် ရှိ​သ​မျှ​ကို​လည်း​ကောင်း ကျင့်​စောင့်၍၊ သူ​တို့၏​တိုက်​တွန်း​ရာ​သို့ လိုက်​တတ်၏။ သို့​ဖြစ်၍၊ သင့်​ကို ငါ​သုတ်​သင်​ပယ်​ရှင်း၍ မြို့​သား​တို့​ကို ဆဲ​ရေး​ရာ ဖြစ်​စေ​သ​ဖြင့်၊ သင်​သည် ငါ၏​လူ​တို့ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ