Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟော​ရှေ 10:3

Judson Bible

ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​ကြောက်​ရွံ့​သော​ကြောင့် ရှင်​ဘု​ရင်​မ​ရှိ။ ရှင်​ဘု​ရင်​ရှိ​သော်​လည်း၊ ငါ​တို့​အ​ဖို့ အ​ဘယ်​သို့ ပြု​နိုင်​မည်​နည်း​ဟု ချက်​ချင်း​ဆို​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ရှိ​လော​မ​ရောက်​မီ​တိုင်​အောင်၊ ရာ​ဇ​လှံ​တံ​သည်​ယု​ဒ​ထံ​မှ​လည်း​ကောင်း၊ မင်း​အာ​ဏာ​သည် သူ၏​အ​မျိုး​အ​နွယ်​ထံ​မှ​လည်း​ကောင်း မ​ရွေ့​ရ။ ရှိ​လော၌​လူ​မျိုး​တို့​သည် ဆည်း​ကပ်​ကြ​လိမ့်​မည်။

ယု​ဒ​ရှင်​ဘု​ရင်​ဩ​ဇိ နန်း​စံ​သုံး​ဆယ်​ကိုး​နှစ်​တွင် ရှ​လ္လုံ​သည်​နန်း​ထိုင်၍၊ ရှ​မာ​ရိ​မြို့၌ တစ်​လ​စိုး​စံ​လေ၏။

ထာ​ဝ​ရ​ဘု​ရား၌ ခို​လှုံ​ခြင်း​သည် မင်း​ကို ကိုး​စား​ခြင်း​ထက် သာ၍​ကောင်း၏။

သူ​တို့​က​လည်း၊ ဘု​ရား​သ​ခင်၏​အ​မှု​ကို ငါ​တို့​သည် မြင်​ရ​မည်​အ​ကြောင်း၊ အ​လျင်​အ​မြန်​ကြိုး​စား​တော်​မူ​ပါ​စေ။ ငါ​တို့​သည် သိ​နား​လည်​ရ​မည်​အ​ကြောင်း၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား၏​အ​ကြံ​တော်​သည်၊ အ​နီး​သို့​ချဉ်း၍​ပြည့်​စုံ​ပါ​စေ​ဟု ဆို​တတ်​ကြ၏။

ထို​သို့ ဗေ​သ​လ​သည် သင်​တို့ ဒု​စ​ရိုက်​အ​ပြစ်​များ​ကြောင့် သင်​တို့၌ ပြု​လိမ့်​မည်။ နံ​နက်​အ​ချိန်​သည် လွန်​တတ်​သ​ကဲ့​သို့၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ရှင်း​ရှင်း​ကွယ်​ပျောက်​ရ​လိမ့်​မည်။

ရှ​မာ​ရိ​သည် ပျက်​ရ၏။ ရှ​မာ​ရိ​ရှင်​ဘု​ရင်​သည် ရေ​မြှုပ်​သက်​သက်​ဖြစ်၏။

အ​ထံ​တော်​သို့ မ​ပြန်​မ​လာ​ဟု သူ​သည် ငြင်း​သော​ကြောင့်၊ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်၍​မ​သွား​ရ။ အာ​ရှု​ရိ​မင်း​သည် သူ​တို့​ကို အုပ်​စိုး​ရ​လိမ့်​မည်။

သင်၏ ရှင်​ဘု​ရင်​သည် အ​ဘယ်​မှာ ရှိ​သ​နည်း။ သင့်​နေ​ရာ​မြို့ ရှိ​သ​မျှ​တို့၌ ကယ်​တင်​ပါ​စေ​သော။ သင်၏​တ​ရား​သူ​ကြီး​တို့​သည် အ​ဘယ်​မှာ ရှိ​ကြ​သ​နည်း။

ရှင်​ဘု​ရင်​နှင့် မင်း​များ​ကို ပေး​ပါ​ဟု သင်​တောင်း​သော​ကြောင့်၊ ငါ​အ​မျက်​ထွက်၍ ရှင်​ဘု​ရင်​ကို ပေး​ပြီ။ တစ်​ဖန်​ပြင်း​စွာ အ​မျက်​ထွက်၍ ရှင်​ဘု​ရင်​ကို ပယ်​ရှား​ပြီ။

အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် နေ့​ရက်​များ​စွာ ရှင်​ဘု​ရင်​မ​ရှိ၊ မင်း​သား​မ​ရှိ၊ ယဇ်​ပူ​ဇော်​ခြင်း​မ​ရှိ၊ ဆင်း​တု​မ​ရှိ၊ သင်​တိုင်း​မ​ရှိ၊ တေ​ရပ်​ရုပ်​တု​မ​ရှိ​ဘဲ နေ​ရ​ကြ​လိမ့်​မည်။

ယ​ခု​မှာ သင်​သည် အ​ဘယ်​ကြောင့် ကျယ်​သော​အ​သံ​နှင့် အော်​ဟစ်​သ​နည်း။ သင်၌ ရှင်​ဘု​ရင်​တစ်​ယောက်​မျှ မ​ရှိ​သ​လော။ အ​ကြံ​ပေး​သော​မှူး​မတ် ပျောက်​ပျက်​သ​လော။ သား​ဖွား​သော​မိန်း​မ​ကဲ့​သို့ သင်​သည် ဝေ​ဒ​နာ​ကို ခံ​ရ​ပါ​သည်​တ​ကား။

ထို​သူ​ကို​ထုတ်​ပါ။ ထုတ်​ပါ။ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပါ​ဟု လူ​များ​ဟစ်​ကြော်​ကြ၏။ ပိ​လတ်​မင်း​က​လည်း၊ သင်​တို့၏​ရှင်​ဘု​ရင်​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ရ​မည်​လော​ဟု မေး​ပြန်​လျှင်၊ ယဇ်​ပု​ရာ​ဟိတ်​အ​ကြီး​တို့​က၊ အ​ကျွန်ုပ်​တို့၌ ကဲ​သာ​ဘု​ရင်​မှ​တစ်​ပါး အ​ဘယ်​ရှင်​ဘု​ရင်​မျှ​မ​ရှိ​ဟု ပြန်​ပြော​ကြ၏။-

သို့​မ​ဟုတ် သင်​တို့​သည် ဒု​စ​ရိုက်​ပြု​မြဲ​ပြု​လျှင်၊ ရှင်​ဘု​ရင်​နှင့်​တ​ကွ ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ကြ​လိမ့်​မည်​ဟု လူ​များ​တို့​အား ပြော​ဆို​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ