Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟော​ရှေ 10:14

Judson Bible

ထို​ကြောင့်၊ သင်၏​လူ​တို့​သည် ရုန်း​ရင်း​ခတ်​ကြ​လိမ့်​မည်။ ရှာ​လ​မန်​မင်း​သည် ဗေ​သာ​ဗေ​လ​မြို့​ကို စစ်​တိုက်​သော​အ​ခါ ဖျက်​ဆီး​သ​ကဲ့​သို့၊ သင်၏​ရဲ​တိုက်​ရှိ​သ​မျှ​တို့​သည် ပျက်​စီး​ရ​ကြ​လိမ့်​မည်။ အ​မိ​သည် သား​တို့​နှင့်​အ​တူ မြေ​ပေါ်​မှာ ဆောင့်​ဖွပ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်၍၊ အ​ကျွန်ုပ်​ကို​အစ်​ကို​ဧ​သော​လက်​မှ ကယ်​လွှတ်​တော်​မူ​မည်​အ​ကြောင်း ဆု​တောင်း​ပါ၏။ သူ​သည်​လာ၍ အ​ကျွန်ုပ်​ကို​လည်း​ကောင်း၊ သား​မ​ယား​တို့​ကို​လည်း​ကောင်း သတ်​မည်​ဟု အ​လွန်​စိုး​ရိမ်​ပါ​၏။

မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို စွန့်၍ နွား​သ​ငယ်​တည်း​ဟူ​သော သွန်း​သော​ရုပ်​တု​နှင့် အာ​ရှ​ရ​ပင်​ကို လုပ်​ကြ၏။ မိုး​ကောင်း​ကင်​တန်​ဆာ​များ​ကို ကိုး​ကွယ်၍ ဗာ​လ​ဘု​ရား​ကို​လည်း​ဝတ်​ပြု​ကြ၏။

ထို​မင်း​ကို အာ​ရှု​ရိ​ရှင်​ဘု​ရင် ရှာ​လ​မ​နေ​ဇာ​သည်​စစ်​ချီ၍ ဟော​ရှေ​သည်​ကျွန်​ခံ​သ​ဖြင့် အ​ခွန်​ဆက်​ရ၏။

ဟေ​ဇ​ကိ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို​ကယ်​ယူ​တော်​မူ​မည်​ဟု မ​ဖြား​ယောင်း​စေ​နှင့်။ အ​ပြည်​ပြည်​သော ဘု​ရား​တို့​သည် မိ​မိ​တို့​ပြည်​များ​ကို အာ​ရှု​ရိ​ရှင်​ဘု​ရင်​လက်​မှ ကယ်​လွှတ်​ကြ​ပြီ​လော။

ဧ​ဖ​ရိမ်​ပြည်၌ မြို့​မ​ရှိ​ရ။ ဒ​မာ​သက်​မြို့​နှင့် ကျန်​ကြွင်း​သော​ရှု​ရိ​ပြည်၌ မင်း​အာ​ဏာ​မ​ရှိ​ရ။ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ ဘုန်း​အ​သ​ရေ​ကဲ့​သို့ ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အ​ပြစ်​ရှိ​သော ဇိ​အုန်​မြို့​သား​တို့​သည် ကြောက်​ကြ၏။ အ​ဓ​မ္မ​ပြု​သော​သူ​တို့​သည် ထိတ်​လန့်​ကြ၏။ ငါ​တို့​တွင် အ​ဘယ်​သူ​သည် လောင်​သော​မီး​ထဲ​မှာ နေ​ရ​မည်​နည်း။ ငါ​တို့​တွင် အ​ဘယ်​သူ​သည် ထာ​ဝ​ရ​မီး​လောင်​ခြင်း​ကို ခံ​လျက်​နေ​ရ​မည်​နည်း။

ညီ​အစ်​ကို​ချင်း၊ သား​အ​ဘ​ချင်း​တို့​ကို ငါ​ထိ​ခိုက်​စေ​မည်။ ငါ​သည် က​ရု​ဏာ​မ​ရှိ၊ မ​နှ​မြော၊ မ​ကယ်​မ​ဘဲ၊ ထို​သူ​တို့​ကို ဖျက်​ဆီး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

မြို့ တို့​ကို​လုပ်​ကြံ၍ ရဲ​တိုက်​တို့​ကို တိုက်​ယူ​သော​ကြောင့်၊ ထို​နေ့၌ မော​ဘ​အ​မျိုး​သူ​ရဲ​တို့ စိတ်​နှ​လုံး​သည်၊ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို ခံ​ရ​သော မိန်း​မ၏​စိတ်​နှ​လုံး​ကဲ့​သို့ ဖြစ်​ရ​လိမ့်​မည်။

ထို​သို့ ဗေ​သ​လ​သည် သင်​တို့ ဒု​စ​ရိုက်​အ​ပြစ်​များ​ကြောင့် သင်​တို့၌ ပြု​လိမ့်​မည်။ နံ​နက်​အ​ချိန်​သည် လွန်​တတ်​သ​ကဲ့​သို့၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ရှင်း​ရှင်း​ကွယ်​ပျောက်​ရ​လိမ့်​မည်။

ရှ​မာ​ရိ​မြို့​သည် မိ​မိ​ဘု​ရား​သ​ခင်​ကို ပုန်​ကန်​သော​ကြောင့် ပျက်​စီး​လိမ့်​မည်။ မြို့​သား​တို့​သည် ဓား​ဖြင့်​လဲ၍ သေ​ကြ​လိမ့်​မည်။ သူ​ငယ်​တို့​သည် မြေ​ပေါ်​မှာ ဆောင့်​ဖွပ်​ခြင်း​ကို​လည်း​ကောင်း၊ ကိုယ်​ဝန်​ဆောင်​သော မိန်း​မ​တို့​သည် ဝမ်း​ခွဲ​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​ကြ​လိမ့်​မည်။

အ​ကယ်​စင်​စစ် ဣ​သ​ရေ​လ​အ​မျိုး၏​အ​ပြစ်​တို့​ကို စစ်​ကြော​သော​နေ့၌၊ ဗေ​သ​လ​ယဇ်​ပ​လ္လင်​တို့​ကို ငါ​စစ်​ကြော​လျက်၊ ယဇ်​ပ​လ္လင်​ဦး​ချို​တို့​ကို ဖြတ်၍ မြေ​ပေါ်​သို့​ချ​မည်။

ခြင်္သေ့​ဟောက်​သော​အ​ခါ၊ အ​ဘယ်​သူ​မျှ မ​ကြောက်​မ​လန့်​ဘဲ​နေ​လိမ့်​မည်​နည်း။ အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​အ​ခါ၊ အ​ဘယ်​သူ​သည် ပ​ရော​ဖက်​မ​ပြု​ဘဲ​နေ​လိမ့်​မည်​နည်း။

ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကို​ထိ​တော်​မူ​လျှင်၊ မြေ​သည် အ​ရည်​ဖြစ်၍ မြေ​သား​အ​ပေါင်း​တို့​သည် ညည်း​တွား​ကြ​လိမ့်​မည်။ မြစ်​ကဲ့​သို့ တစ်​ပြည်​လုံး​ထ​ပြီး​လျှင်၊ တစ်​ဖန် အဲ​ဂု​တ္တု​မြစ်၌ မြုပ်​သ​ကဲ့​သို့ မြုပ်​လိမ့်​မည်။

သင်၏​ပြည်၌ မြို့​ရိုး​တို့​ကို ငါ​ပယ်​ရှင်း၍၊ သင်၏​ရဲ​တိုက်​ရှိ​သ​မျှ​တို့​ကို ဖြို​ဖျက်​မည်။

သို့​သော်​လည်း၊ ထို​မြို့​ကို ရန်​သူ​တို့​သည် တိုက်၍ သိမ်း​သွား​ကြ​ပြီ။ မြို့​သား​ငယ်​တို့​ကို လမ်း​ဦး​ရှိ​သ​မျှ​တို့၌ ချိုး​ဖဲ့​လျက်၊ ဂုဏ်​အ​သ​ရေ​ရှိ​သော မြို့​သား​တို့​ကို စာ​ရေး​တံ​ချ​လျက်၊ အား​ကြီး​သော မြို့​သား​အ​ပေါင်း​တို့​ကို သံ​ကြိုး​ဖြင့် ချည်​နှောင်​လျက် ပြု​ကြ​ပြီ။

သင်၏​ရဲ​တိုက်​ရှိ​သ​မျှ​တို့​သည် ရှေ့​ဦး​စွာ မှည့်​သော​အ​သီး​ကို သီး​သော သင်္ဘော​သ​ဖန်း​ပင်​နှင့် တူ​ကြ​လိမ့်​မည်။ လှုပ်​လျှင် စား​ချင်​သော​သူ၏ ပါး​စပ်​ထဲ​သို့ ကျ​လိမ့်​မည်။

ရှင်​ဘု​ရင်​တို့​ကို အား​မ​နာ၊ မင်း​များ​တို့​ကို ပြက်​ရယ် ပြု​ကြ​လိမ့်​မည်။ ရဲ​တိုက်​ရှိ​သ​မျှ​တို့​ကို ကဲ့​ရဲ့​လျက်၊ မြေ​မှုန့်​ကို​ပုံ​ထား၍ တိုက်​ယူ​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ