Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဟော​ရှေ 10:10

Judson Bible

ငါ​သည် ကိုယ်​အ​လို​အ​လျောက် သူ​တို့​ကို ဆုံး​မ​မည်။ သူ​တို့​အ​ပြစ်​နှစ်​ပါး​ကြောင့် ချည်​ထား​လျက်​ရှိ​သော​အ​ခါ၊ သူ​တို့​တစ်​ဖက်၌ လူ​များ စည်း​ဝေး​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

သူ​တစ်​ပါး​နှင့်​တိုင်​ပင်၍ ရွှေ​နွား​သ​ငယ်​နှစ်​ကောင်​ကို​လုပ်​ပြီး​လျှင်၊ သင်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ရ​သော​အ​မှု​ခက်​လှ၏။ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော​ဘု​ရား​တို့​ကို ကြည့်​ရှု​ကြ​လော့​ဟု ဆို​လျက်၊

ကြံ့​ကို ထွန်​ကြောင်း​သို့ လိုက်​စေ​ခြင်း​ငှာ ကြိုး​နှင့် ချည်​နိုင်​သ​လော။ သို့​မ​ဟုတ် သင့်​နောက်​သို့​လိုက်၍ ချိုင့်၌ လယ်​ထွန်​လိမ့်​မည်​လော။

ထို​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​၌ တန်​ခိုး​ကြီး​သော​ဘု​ရား၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အဲ၊ ငါ့​တ​စ်​ဖက်​၌ နေ​သော​သူ​တို့​ကို ပယ်​ရှား​ပြီး​မှ ငါ​ချင်​ရဲ​ပြေ​မည်။ ကိုယ်​အ​ဖို့​ကို​စောင့်​၍ ငါ့​ရန်​သူ​တို့​ကို အ​ပြစ်​နှင့် အ​လျောက်​စီ​ရင်​မည်။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ငါ့​ကို​စွန့်​ပစ်၍ ဆုတ်​သွား​ပြီ။ ထို​ကြောင့်၊ ငါ​သည် လက်​ကို​ဆန့်၍ သင့်​ကို​ဖျက်​ဆီး​မည်။ ငါ​သည် နောင်​တ​ရ၍​ငြီး​ငွေ့​ပြီ။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် တံ​ငါ​အ​များ​တို့​ကို စေ​လွှတ်၍၊ ဤ​လူ​မျိုး​ကို မျှား​စေ​မည်။ ထို​နောက်၊ မု​ဆိုး​အ​များ​တို့​ကို စေ​လွှတ်၍၊ ခပ်​သိမ်း​သော တောင်​ကြီး​တောင်​ငယ်၊ ချောက်​ကြား​တို့၌ ရှာ​စေ​မည်။

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့၏​မြို့​ပြင်​မှာ တပ်​စွဲ၍​နေ​သော ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၊ ခါ​လ​ဒဲ​အ​မျိုး​သား​တို့​ကို စစ်​တိုက်​လျက်၊ သင်​တို့​စွဲ​ကိုင်​သော လက်​နက်​များ​ကို ငါ​လွဲ​စေ​မည်။ ထို​သူ​တို့​ကို မြို့​ထဲ၌ ငါ​စည်း​ဝေး​စေ​မည်။

သင့်​ကို​ချစ်​သော ရည်း​စား​ရှိ​သ​မျှ​တို့​နှင့် သင်​ချစ်​သော​သူ၊ မုန်း​သော​သူ အ​ပေါင်း​တို့​ကို ငါ​စု​ဝေး​မည်။ သင့်​တစ်​ဖက်​ပတ်​လည်၌ စု​ဝေး​စေ၍၊ သင်၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း​ကို ငါ​ပြ​သ​ဖြင့်၊ ထို​သူ​အ​ပေါင်း​တို့​သည် သင်၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သ​မျှ​ကို မြင်​ရ​ကြ​လိမ့်​မည်။

ထို​သို့ ငါ့​ဒေါ​သ​စိတ်​ကို ငါ​ဖြေ​မည်။ သင့်​ကို​မ​ယုံ။ အ​လွန်​ပူ​ပန်​သော​စိတ်​ငြိမ်း၍၊ ငါ​သည်​အ​မျက်​မ​ထွက်​ဘဲ ငြိမ်​သက်​စွာ​နေ​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​မိန်း​မ​ရှိ​ရာ​သို့ လူ​အ​လုံး​အ​ရင်း​ကို ငါ​ချီ​စေ၍၊ လု​ယက်​သိမ်း​သွား​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​မည်။

ထို​ကြောင့်၊ သူ​တပ်​မက်​သော ရည်း​စား၊ အာ​ရှု​ရိ​လူ​တို့၌ သူ့​ကို​ငါ​အပ်၍၊

ထို​သို့ ငါ့​အ​မျက်​အ​လို ပြည့်​စုံ​လိမ့်​မည်။ ငါ့​ဒေါ​သ​အ​ရှိန်​ကို သူ​တို့​အ​ပေါ်​မှာ တည်​စေ​ပြီး​မှ၊ ငါ့​စိတ်​ပြေ​လိမ့်​မည်။ သူ​တို့၌ ငါ့​ဒေါ​သ​စိတ်​အ​လို​ကို ပြည့်​စုံ​စေ​သော​အ​ခါ၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် စိတ်​အား​ကြီး၍ မိန့်​တော်​မူ​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်။

ဂိ​ဗာ​မြို့​လက်​ထက်၌ အ​ပြစ်​ကြီး​သည်​ထက် ဣ​သ​ရေ​လ​သည် အ​ပြစ်​သာ၍ ကြီး၏။ ထို​မြို့၌ ရပ်​နေ​ကြ၏။ ဂိ​ဗာ​မြို့၌ အ​ဓ​မ္မ​လူ​တို့​ကို စစ်​တိုက်​သော​အ​ခါ မ​ရှုံး​ကြ။

လေ​သည် မိ​မိ​အ​တောင်​တို့​နှင့်​တိုက်၍ ပါ​သွား​မည်။ သူ​တို့​သည် မိ​မိ​တို့​ပူ​ဇော်​သော​ယဇ်​များ​ကြောင့် ရှက်​ကြ​လိမ့်​မည်။

ထို​ကြောင့်၊ လူ​တို့၌​ဖြစ်​သ​ကဲ့​သို့ ယဇ်​ပု​ရော​ဟိတ်၌ ဖြစ်​လိမ့်​မည်။ သူ​တို့​အ​ကျင့်​များ​ကို ငါ​စစ်​ကြော၍၊ အ​သီး​အ​သီး ပြု​မူ​သ​မျှ​အ​တိုင်း အ​ကျိုး​အ​ပြစ်​ကို ပေး​မည်။

တံ​ပိုး​မှုတ်​လော့။ ရန်​သူ​သည် ရွှေ​လင်း​တ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​သို့ လာ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ငါ့​ပ​ဋိ​ညာဉ်​ကို ဖျက်၍ ငါ့​တ​ရား​ကို လွန်​ကျူး​ကြ​ပြီ။

တစ်​ပါး​အ​မျိုး​သား​တို့​အား ငှား​သော်​လည်း၊ ချက်​ချင်း​လူ​များ​ကို ငါ​စု​ဝေး​စေ​မည်။ မ​ကြာ​မ​မြင့်​မီ ရှင်​ဘု​ရင်​နှင့် မင်း​များ​တင်​သော​ဝန်​ကို ပင်​ပန်း​စွာ ထမ်း​ရ​ကြ​လိမ့်​မည်။

ထို​မင်း​ကြီး​သည်​ကြား​လျှင် အ​မျက်​ထွက်၍ စစ်​ချီ​စေ​သ​ဖြင့်၊ လူ​အ​သက်​ကို​သတ်​သော ထို​သူ​တို့​ကို အ​ပြီး​လုပ်​ကြံ၍ သူ​တို့၏​မြို့​ကို မီး​ရှို့​လေ၏။

သင့်​ကို ကျေး​ဇူး​ပြု၍ များ​ပြား​စေ​သော​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား ပျော်​မွေ့​တော်​မူ​သည်​နည်း​တူ၊ တစ်​ဖန် သင့်​ကို​ဖျက်​ဆီး၍ အ​ကျိုး​နည်း​စ​ရာ​အ​မှု၌ ပျော်​မွေ့​တော်​မူ​သ​ဖြင့်၊ သင်​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​ထဲ​က သင်​သည် သုတ်​သင်​ပယ်​ရှင်း​ခြင်း​သို့ ရောက်​ရ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ